Wednesday, July 11, 2007

ကျွန်မ လူမိုက်



ကျွန်မမျက်စိရှေ့တွင် ထိုထိုကိစ္စများ ဖြစ်ပွားခဲ့၏။
ကျွန်မ ညီမလေးသည် ထိုထို သူများကြား ဘာရယ်မဟုတ် လူမိုက်လုပ်မိသောအဖြစ်ကြောင့် ရန်သူ ပေါများတာလည်း တွေ့ဖူး၏။
သို့သော် ကျွန်မသည် တတိယလူ နေရာမှ မနေတတ်ခဲ့ပြန်...

+++

"လူလိမ္မာတို့မည်သည်မှာ တပါးသူရဲ့ အမှားကနေ သင်ခန်းစာကို ရကြကုန်၏..."
ကျွန်မ လူလိမ္မာ မဟုတ်တာတော့ သေချာသွားခဲ့ပြီ။

"လူမိုက်တို့မည်သည်မှာ ကိုယ်တိုင်မှားမှ သင်ခန်းစာကို ရ၏..."
ကျွန်မ လူမိုက်သာ ဖြစ်လေသည်။

"ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင်မှားပါလျက်နှင့်ပင် သင်ခန်းစာကို မရကြကုန်..."
ဤအချက်တွင်တော့ ကျွန်မ မပါဝင်သေးပါ... ဘယ်တော့မှ ဒီအဆင့်ထိ ရောက်လာတော့မည် မဟုတ်တာလည်း သေချာပါသည်။

~~~Men become bad and guilty because they speak and act without foreseeing the results of their words and their deeds.~~~
~~~လူတွေဟာ သူတို့ပြောတဲ့စကား၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုမမြင်ဘဲ ပြောဆိုလုပ်ဆောင်တတ်ကြလို့ သူတို့ဟာ ဆိုးသွမ်းပြီး အပြစ်တွေ ရှိလာကြရတယ်...~~~
ကျွန်မရဲ့ စကားလုံးတွေကို ပြန်ရုပ်သိမ်း၍ ပါးစပ်ကို ပိတ်ထားပါတော့မည်...

+++

ကျွန်မတသက်စာ မှတ်သားရအောင် သင်္ခန်းစာ ပေးကြကုန်သော ထိုထိုသူများအား ကျေးဇူးတင်မိသည်။


s0wha1
10th of July (2:55pm)


Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*