Friday, May 30, 2008

Blog ၁ နှစ်ပြည့် မွေးနေ့



ဒီနေ့ဟာ ကျွန်မ ဘလော့ဂ် စရေးတာ ၁ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ကျွန်မရဲ့ ဘလော့ဂ်ကို ဖန်တီးခြင်း ၁ နှစ်ပြည့်မှာ Post ၂၇၄ ခု ရေးခဲ့တယ်။ များသောအားဖြင့် ကိုယ့်အကြောင်း၊ ကိုယ့်ခံစားချက်တွေပဲ ရေးဖြစ်ပါတယ်။ နောက်ပိုင်းလည်း ဆက်ရေးဖို့ စိတ်ကူးရှိပေမဲ့ ကျွန်မ ဘလော့ဂ်မှာ စာကောင်းကောင်း မရေးခဲ့တာ တော်တော် ကြာပါပြီ။ စာရေးတယ်ဆိုတာကလည်း သူများတွေအတွက်တော့ မသိဘူး... ကျွန်မအတွက်ကတော့ ရေးချင်တိုင်း ရေးလို့မရပါဘူး။ ရေးစရာအကြောင်းအရာတွေရှိလည်း စာရေးချင်စိတ်ရှိမှ စာတစ်ပုဒ်ကို ရှောရှောရှူရှူ ရေးလို့ရတယ်။ မဟုတ်လို့ကတော့ စာတလုံးလောက် ကောက်ရိုက်ပြီး ကွန်ပြူတာရှေ့ ငုပ်တုပ်ထိုင်နေရတော့တာပဲ။ အဲလိုနဲ့ ကျွန်မမှာ ရေးလက်စ ပို့စ်တွေ ၁၂ ပုဒ်၊ ၁၃ ပုဒ်လောက် ရှိနေပါတယ်။ ခုထိလည်း လက်စသပ် မရေးဖြစ်သေးပါဘူး။

အရင်တုန်းကတော့ အလုပ်မှာလည်း တချိန်လုံး ကွန်ပြူတာ သုံးနေရတဲ့အတွက် တနေ့ တပုဒ် စာမှန်မှန်ရေးဖြစ်တာပေါ့။ ခုကျ အလုပ်က တကယ့်ကို Engineering အလုပ်၊ အလုပ်မှာ ကွန်ပြူတာကို နေ့လယ် ထမင်းစားချိန်နဲ့ လက်ဘက်ရည်သောက်ချိန်တွေမှာပဲ သုံးဖြစ်တာကြောင့် စာရေးဖို့ အချိန် သိပ်မရတော့ပါဘူး။ အလုပ်က ပြန်ရောက်ရင်လည်း အင်တာနက် နည်းနည်းပါးပါးသုံးပြီး အိပ်ပစ်လိုက်တာနဲ့ပဲ စာလည်း မရေးဖြစ်တော့ဘူးဆိုပါတော့။ အဓိကကတော့ စာရေးချင်စိတ် သိပ်မရှိဘူးဖြစ်နေတာပါ။ ဒါပေမဲ့ ကျွန်မဘလော့ဂ်လေး သေမသွားအောင် ပို့စ်လေးနည်းနည်းပါးပါးတော့ တင်နေဖြစ်ပါတယ်။ ကိုယ့်ဘလော့ဂ်လေးကို ဘယ်သူမဆို အနည်းနဲ့အများ သံယောဇဉ်ရှိကြတာပဲ မဟုတ်လား။


ကျွန်မရဲ့ ဘလော့ဂ် ၁ နှစ်သားပြည့်တဲ့နေ့လေးမှာတော့ မဖြစ်ဖြစ်အောင် စာရေးမယ်ဆိုပြီး တွေးမိတယ်။ ဘလော့ဂ် စရေးဖြစ်တဲ့အကြောင်းကိုလည်း ဘလော့ဂ်ရေးရခြင်း အကြောင်းရင်း နဲ့ ဘလော့ဂ်ကို ဖန်းတီးပြင်ဆင်ပုံ အနည်းအကျဉ်းကို ကျွန်မနှင့် Blog Banner မှာ ရေးခဲ့ပြီးလို့ ထပ်မပြောတော့ပါဘူး။ နောက်တော့ ဘလော့ဂ် စရေးကာစက ကြုံရတဲ့ ဝေဖန်ရေးနဲ့ လေကန်ရေးအကြောင်းအချို့ကိုလည်း ရေးဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီပို့စ်တင်ပြီးနောက်တနေ့မှာ ကျွန်မအစ်မရဲ့ boyfriend (ခုတော့ အစ်မ husband)က မကြီးကို ပြောတယ်တဲ့။ "ဘာလို့ သူ့ပြောတာတွေ သွားပြောရတာလဲ။ သူက ဘလော့ဂ်တခုရှိပြီဆိုတော့ သူ့ကို ပြောတာတွေ အကုန် ဘလော့ဂ်ပေါ်တင်တော့မှာ"တဲ့။ အဲဒီတုန်းက ကျွန်မမှာ အားရပါးရရယ်လိုက်ရတာ ပြောမနေနဲ့။ ;)) ဘာပဲဖြစ်ဖြစ် ကိုယ့်တော့ နည်းနည်းရှိန်သွားကြပြီပေါ့။ :P နောက်ပြီး ကျွန်မ နစ်ခ်နဲ့ ပတ်သက်တဲ့ s0wha1 နစ်ခ်နှင့် ပတ်သက်၍ ဆိုပြီးတော့လည်း ပြဿနာရှင်းတဲ့ အနေနဲ့ ပို့စ်တခု ရေးဖူးပါတယ်။ ဆိုတော့ကာ ကျွန်မ ဘလော့ဂ်နဲ့ ပတ်သက်ပြီး ပြောစရာ သိပ်မကျန်ပါဘူး။

အဲဒါကြောင့် ဒီပို့စ်နဲ့အတူ ခုလောလောဆယ် ကျွန်မ အရမ်းသဘောကျနေတဲ့ သီချင်းတစ်ပုဒ်ကို တင်လိုက်ပါတယ်။ သီချင်းနဲ့ ဘလော့ဂ် ၁ နှစ်ပြည့်တဲ့နေ့ ဘာမှမဆိုင်ပေမဲ့...

mouse loves the rice

2 ( When that day I hear ur voice.
I have some special feeling.
Let me always think.
I dont wanna forget u.
I remember at the day.
u r always on my mind.
Eventhough I juz can think abt u.
If the day in the future
This luv will b becoming true..
I've never changed my mind tht I will luv u forever.
I dont care how fool it is.
I will let my dream come true.
I will tell u something I wanna let u know...
I let u know
I love u, loving u as the mouse loves the rice
Even every day has storm I will always by ur side.
I miz u, missing u... I dont care how hard it is
I juz want u b happy... Everything... I do it for you...) 2

I love u, loving u as the mouse loves the rice
Even every day has storm I will always by ur side
I miz u, missing u... I dont care how hard it is
I juz want u b happy... Everything... I do it for you...



ဒီသီချင်းကို တော်တော်များများ သိကြမှာပါ။ မူရင်း တရုတ်သီချင်းကို ထိုင်း၊ ကိုရီးယား၊ ဂျပန်လိုတွေပါ ကော်ပီဆိုကြတဲ့အထိ နာမည်ကြီးပါတယ်။ ကျွန်မအထင် လွန်ခဲ့တဲ့ ၁ နှစ်လောက်ထဲကပါ။ သီချင်းလင့်ခ် ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြောရင်း...

အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ ကျွန်မလည်း စာတွေ ဆက်ရေးသွားဖို့ ကြိုးစားပါဦးမယ်။

s0wha1

Thursday, May 29, 2008

ကာတွန်းတွေက ပြောသော အမှန်တရား (၁၃)



ဧရာဝတီ မှ ကူးယူ ဖော်ပြသည်။









Tuesday, May 27, 2008

ကာတွန်းတွေက ပြောသော အမှန်တရား (၁၂)



ဧရာဝတီ မှ ကူးယူ ဖော်ပြသည်။











ရယ်ရမလို၊ ငိုရမလို



ကျွန်မ အောက်တိုဘာလတုန်းက သတင်းလိမ်၊ သတင်းညာ ဆိုပြီး ပို့စ် တခု ရေးဖူးတယ်။ ခုလည်း လာပြန်ပြီပေါ့။ သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ ပုံကို ကြည့်ပြီး လူလည်း ရယ်ရမလို၊ ငိုရမလိုနဲ့။ ဒီလိုကိစ္စတွေကလည်း ကျွန်မတို့နိုင်ငံမှာ ဖြစ်နေကျ မဟုတ်လား။


s0wha1

Sunday, May 25, 2008

မေ Family



ဒီနေ့က ကျွန်မတို့ရဲ့ တစ်ဦးတည်းသော ချစ်တူမလေးချောလေး သင်္ဃသူရဲ့ ၁ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။
မီးမီးလေး နောက်နှစ်တွေမှာ ဖိုးဖိုး၊ ဖွားဖွားတွေနဲ့ ပျော်ရွှင်စရာ မွေးနေ့တွေ ကျင်းပနိုင်ပါစေ။





သူ့မွေးနေ့မှာ သူ့အဖေနဲ့ အမေအတွက်ပါ တလက်စထဲ မွေးနေ့ဆုတောင်း ပေးလိုက်ပါတယ်။


မေလ ၂၃ ရက်နေ့က ကျွန်မအစ်ကိုရဲ့ မွေးနေ့နဲ့


မေလ ၁၅ ရက်နေ့က ကျွန်မအစ်ကိုရဲ့ အမျိုသမီး (ကျွန်မ ယောက်မ)ရဲ့ မွေးနေ့တွေအတွက် တူမလေးမွေးနေ့မှာ စုပေါင်းပြီး ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်စရာ မိသားစုဘ၀လေး အမြဲပိုင်ဆိုင်ရပါစေလို့။


s0wha1

Friday, May 23, 2008

အမှန်တရား



ပြည်ပ media တွေက အပိုတွေ ပြောနေကြတာပါ ဆိုသူများအတွက်...




s0wha1

Tuesday, May 20, 2008

Warren Buffet နဲ့ စကားပြောခြင်း



ကျွန်မ အဖေ ပို့ပေးလိုက်တဲ့ Forward Mail ထဲက အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ ပြန်လည် မျှဝေပါတယ်။












ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*