Friday, July 27, 2007

အလွမ်း



ဒီကဗျာက ကျွန်မ လေးတန်းကျောင်းသူ အရွယ်ထဲက ရွတ်လို့လည်းကောင်း၊ သဘောလည်းကျလို့ အလွတ်ကျက်ထားတဲ့ ကဗျာလေးပါ... ကဗျာပိုင်ရှင် ဘယ်သူမှန်း ကျွန်မ မသိပါဘူး။ ကျွန်မအစ်ကိုရဲ့ စာအုပ်ကြားထဲမှာ စာရွက်ခေါက်လေးနဲ့ ရေးထားတာကို တွေ့ပြီးယူဖတ်မိတဲ့ ကဗျာလေးပါ။ လက်ရေးက အစ်ကို့လက်ရေးလည်း မဟုတ်တော့ ကိုကြီးကဗျာ မဟုတ်တာတော့ သေချာပါတယ်။ သူ့သူငယ်ချင်း တယောက်ယောက်ရဲ့ ကဗျာလား၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲကနေ ကူးထားတဲ့ ကဗျာလားတော့ ကျွန်မ မသိပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုတော့ ကျွန်မအစ်ကို ကိုမေးလည်း မှတ်မိတော့မယ် မထင်ပါဘူး။ သေချာတာကတော့ ကျွန်မ တစုံတယောက်ကို အရမ်းလွမ်းနေပါတယ်။

***

လွမ်း
မလွမ်းစဖူး၊
အလွမ်းထူးဖြင့်
လွမ်းဦးအိပ်မက်၊
လွမ်းရက်သင်္ချေ
လွမ်းဝေပွင့်ဖူး၊
လွမ်းဖူးစိုးထိတ်
လွမ်းအတိတ်နှင့်၊
လွမ်းရိပ်ဧည့်သည်
ချစ်ဧည့်သည်ရေ...

အမည်မသိ

***

s0wha1

Print this post

4 comments:

Hteink Min said...

လွမ်းအိပ်မရ ဖြစ်နေပါကြောင်း ဆက်ရေးပေးလိုက်ပါတယ်

s0wha1 said...

ဟိုကောင်လေး မင်းမင်း တိတ်တိတ်နေ...

Anonymous said...

ဆိုးဝှက်ရေ.. ဒါလေး အမ ဘလောဂ့်မှာ ပြန်ဝေမျှလိုက်တယ် ။ အမလည်း လွမ်းတဲ့အချိန်တွေမှာ ပြန်ခံစားနိုင်အောင်း)

s0wha1 said...

ဟုတ် အမ...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*