Monday, July 16, 2007

အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု




ဇူလိုင် ၁၉ ရက် (ကြာသပတေး) နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ကိုယ်တတ်နိုင်သလို အလေးပြုကြဖို့ ကိုဝေရဲ့ ဘလောက်ဂါများသို့ ပန်ကြားလွှာ၊ ကဒေါင်းညင်သာရဲ့ အာဇာနည်နေ့ အလေးပြုခြင်း များတွင် တိုက်တွန်းထားပါတယ်။


***
ဘလောက်ဂါများသို့ပန်ကြားလွှာ

မကြာမီရက်အတွင်းတွင် မြန်မာပြည်သူပြည်သားတို့အတွက် မမေ့နိုင်သော အမှတ်တရနေ့
တစ်နေ့ဖြစ်သည့် အာဇာနည်နေ့သို့ ကျရောက်လာတော့မည်ဖြစ်ပါသဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့လွမ်းဆွတ်သတိရသောအားဖြင့် သို့တည်းမဟုတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အနစ်နာခံခဲ့သောစိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့မတိုင်ခင်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်ဂုဏ်ပြုသောဆောင်းပါးများကို ရေးသား၍ အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများကို အောင့်မေ့လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဇူလိုင်(၁၉) ရက်နေ့တွင်
ဘလောက်များကို တိတ်ဆိတ်ငြိမ်သက်စွာ ထားရှိကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ ။
မိတ်ဆွေဘလောက်ဂါအသီးသီးအားလည်း ကူညီတိုက်တွန်းပေးပါရန်... အကူညီ တောင်းခံအပ်ပါသည်။


ကိုဝေ

***
အာဇာနည်နေ့ အလေးပြုခြင်း

အာဇာနည်နေ့ အလေးပြုခြင်း

လေးစားရပါသော မြန်မာမျိုးချစ် ဘလော့ဂါများခင်ဗျာ..

ဒီနေ့ ကျနော် ကိုဝေ(သတင်းစာ)ဆီကနေ အကြံကောင်းတခု ရလာပါတယ်။
ကျနော်တို့အနေနဲ့ အာဇာနည်များကို တိတ်ဆိတ်ငြိမ်သက်စွာ အလေးပြုနိုင်ပါတယ်။ အဲဒါကတော့ ဘလော့မှာ အဲဒီနေ့ ဘာမှ မတင်ဘဲ ဘလော့ကို တိတ်ဆိတ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဘလော့ဂါများအနေနဲ့လဲ အာဇာနည်များကို ကိုယ်တတ်နိုင်တဲ့ဘက်က အလေးပြုနိုင်မယ်လို့ ထင်ပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ်ပို့စ်များကို အာဇာနည်နေ့မတိုင်မီနဲ့ ပြီးသွားပြီး နောက်တနေ့မှာ တင်ပါမယ်။ အာဇာနည်နေ့မှာ ဘာပို့စ်မှ ရှိမှာမဟုတ်ပါ။

လွယ်ကူရိုးရှင်းလှတဲ့ ဒီအလေးပြုနည်းနဲ့ ဘလော့ဂါများ အလေးပြုကြပါ။

အာဇာနည်နေ့တို့မမေ့


ကဒေါင်းညင်သာ

***

အဲဒီနေ့မှာ မိမိတို့ရဲ့ ဘလော့ဂ်များတွင် ဘာပို့စ်မှ မတင်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သင်္ကေတဖြင့် အလေးပြုပေးကြပါရန် ထပ်မံ၍ တိုက်တွန်းလိုက်ပါရစေ။

***

နောက်ဆက်တွဲအနေနဲ့ ဒီနေ့မှ ဖတ်မိတဲ့ ပြည်တွင်းပြည်ပ မြန်မာလူငယ်များ ဘလော့ဂ်မှ အာဇာနည်နေ့အတွက် တိုက်တွန်းနှိုးဆော်ချက်ဖြစ်ပါတယ်...

အာဇာနည်ကြီးများကို အထူးအလေးထားကာ ဂုဏ်ပြုကြပါစို့ မှာ သွားဖတ်ကြည့်ကြပါရှင်...


s0wha1

မှတ်ချက်။ ။ မသဒ္ဓါ ဘလော့ဂ်မှ ပုံကို ယူထားတာပါ...

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*