Sunday, July 8, 2007

ရှင်သန်ခြင်းဆိုတာ ဘာလဲ



သေတဲ့လူတွေက သေသွားကြပြီ...
ကျန်တဲ့သူတွေကရော ဘာတွေ လုပ်နေကြလဲ...
ဘယ်လို စိတ်ဓာတ်တွေနဲ့ သူတို့ အသက်ရှင်နေကြလဲ...
ငါရော...
တွေးရင်း၊ တွေးရင်း...အဖြေ ရှာမရ...
မုန်းလိုက်တာ...အားလုံးကို မုန်းတယ်...
အရှက်မရှိ၊ သိက္ခာမရှိတဲ့လူတွေ...
ဟာ.. ဘာတွေလဲ...
နှမြောလိုက်တာ....
စတေးသွားတဲ့ လူတွေအတွက်လေ...
ငါ နာနာကျင်ကျင် ခံစားနေရတယ်...

မသေနိုင်ကြတဲ့သူတွေကျ မသေနိုင်သေးပါလား...
နောင်တဆိုတာ ဘယ်မှာလဲ...
ကံတရားဆိုတာကရော ဘယ်မှာ ပျောက်ဆုံးနေလဲ...
အားပေးအားမြှောက်လုပ်သူတွေ...
ကိုယ့်သမိုင်းကိုယ်ရေးကြမယ်တဲ့.
ဘယ်လို နှလုံးသားတွေနဲ့များ ဒီလောက်ရက်စက်ကြပါလိမ့်...
အများ မိုးခါးရေ သောက်လို့ သောက်ပါတယ်တဲ့...
သူတို့ရဲ့ အသိဥာဏ်တွေကို ငါခွဲခြားစိတ်ဖြာ ကြည့်ချင်လိုက်တာ...
အများညီရင် ဤ ကို ကျွဲလို့ ဖတ်ကြသတဲ့...
ငါဘာမှ မသိတော့ဘူး...

စိတ်ဓာတ်မကောင်းတဲ့ လူတွေကြားက
ငါ လွတ်မြောက်ချင်ပြီ...
တခါတခါတော့ သူတို့ထိုက်နဲ့ သူတို့ကံ နေခဲ့ကြပေတော့
ယူကြုံးမရ ၀မ်းနည်းမှုတွေနဲ့ အတွေးတွေ၊ ငါ့အတွေးတွေ...
ဒါပေမဲ့ မဖြစ်နိုင်ပါဘူး...

တကယ်တော့ ငါရှောင်ပြေးချင်ပါပြီ...
အရာအားလုံး မေ့နိုင်တဲ့ တနေရာကိုလေ...
ငိုကြွေးမျက်ရည်ကျရုံကလွဲလို့ ငါဘာမှမတတ်နိုင်ဘဲ...

s0wha1
July 10 (1:41pm)

Print this post

2 comments:

moe nyo said...

ကျနော်လည်း ကိုယ်ချင်းစာပါတယ်ဗျာ ...
ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်း ဆိုတာ
တတ်နိုင်ခြင်း၊ မတတ်နိုင်ခြင်း နဲ့ လုပ်ခြင်း၊ မလုပ်ခြင်း အပေါ်မှာပဲ မူတည်တာပါ ...
ဒါပေမဲ့ ကျနော်တို့လည်း တခါတခါတော့ s0wha1 ရဲ့ ကဗျာထဲကလို ရှောင်ပြေးချင်စိတ်ပေါက်တယ်ဗျာ ...
အသက်မဲ့ ရှင်သန်ခြင်းကို ဘယ်သူမှ မလိုချင်ကြဘူးပေါ့ ...
ဒီကဗျာ ဖတ်ပြီး ငိုင်သွားမိတယ် ...
ကြိုးစားကြတာပေါ့ဗျာ ...
ကျေးဇူး ...
peace be with you all

s0wha1 ရေးတာတွေ ကျနော် အမြဲတမ်းလာဖတ်ဖြစ်တယ်ဗျ ... အသံမပေးသွားပေမဲ့ ပုံမှန် ရောက်ပါတယ်ဗျာ ...

s0wha1 said...

ကိုမိုးညိုရေ...ကျေးဇူးတင်ပါတယ်နော်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*