Saturday, June 30, 2007

ချောက်ထဲသို့ ပြုတ်ကျခြင်း



ငါ အယုံကြည်ဆုံးသူက အကြောက်ရဆုံးလူ ဖြစ်ခဲ့တယ်။

နွေလယ် အိပ်မက်လို အဆိုးရွားဆုံး တောက်လောင်မှုတွေ၊
မွန်းကြပ်တဲ့ အတွေးစုတွေ၊
ခါးသီးတဲ့ အမုန်းတွေ။
အံ့ဩ ဘလောင်ဆူနေတဲ့ ငါ့ရင်ထဲ၊
သံသရာတကွေ့မှာ ငါ အမုန်းဆုံးလူတော့ နင် ဖြစ်ရပြီပေါ့...

သံပါတ်ကုန် လူသားအဖြစ် ရပ်တည်မှုက ပြိုလဲ၊
ငါ့စိတ်ထဲမှာ ဗလာ၊
အရာအားလုံး ဟာတာတာ၊
ကြောင်တောင်တောင် ငါ့စိတ်နှလုံး၊
လက်မခံနိုင်အောင် ငိုချင်းချ၊
ငါ မယုံနိုင်သေးလို့ပါ...

နောင်မှ တတဲ့ နောင်တတွေနဲ့ အမြဲလို နပန်းသတ်၊
ဘွာခတ်မရ လုပ်ရပ်တိုင်းမှာ စမ်းစစ်နိုင်သူ ဖြစ်လိုပေမဲ့
ငါ အယုံကြည်ဆုံးသူက အကြောက်ရဆုံးလူ ဖြစ်ခဲ့တယ်လေ...


s0wha1
ညဥ့်(30.06.07)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

2 comments:

comeonlovely said...

က ဗျာ လေး ကို ဖတ် ပြီး စိတ် မ ကောင်း ပါ ဘူး ၊
ယုံ ကြည့် မှု တွေ ဆက် လက် နေ စေ ချင် ပါ တယ် ။
မျှော် လင့် လျက်

မေဓာဝီ said...

တခါတလေ ဒီလိုမျိုးဖြစ်တတ်ပါတယ် ညီမလေးရယ် … ။
ကိုယ်ကယုံကြည်မှုထားခဲ့ပေမဲ့ ကိုယ့်ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ တုန့်ပြန်မှုမျိုး တွေ့ရတတ်တယ်။
အဲဒီအခါ တွေးမိတတ်တာက … ငါကတော့ ယုံလိုက်ရတာ … ငါ့ကိုလိမ်ရက်လေခြင်းလို့ စိတ်ထဲ တနုံ့နုံ့နဲ့ … ဒေါသဖြစ်မယ်၊ ဒါမှမဟုတ်လဲ ၀မ်းနည်းမိမယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ကိုယ်ပေးသလို ကိုယ်က ပြန်ရချင်တဲ့ ကိုယ့်ရဲ့ အတ္တစိတ်ကြောင့်ပဲ။ လူတိုင်းကတော့ ဒီလိုရှိကြတာ ချည်းပါပဲ။
ညီမလေး ခုလိုတွေးလိုက်ပေါ့ … ။
ယုံကြည်တာ မယုံကြည်တာက ကိုယ့်အပိုင်း
လိမ်တာ မလိမ်တာက သူ့အပိုင်း …
ကိုယ်ပေးတိုင်းလဲ ပြန်ရချင်မှ ရမယ်။
လောကကြီးမှာ သူ့သဘောသူဆောင် နေကြတာပါပဲ … ။
ကိုယ့်သမိုင်းကိုယ်သာ ရေးကြရတာ …
သူများရဲ့ စိတ်ကို ကိုယ်က ပိုင်တာလည်း မဟုတ်၊ ၀င်ရောက်စွက်ဖက်လို့လည်းမရ … ။ ကိုယ့်စိတ်ကိုယ်သာ control လုပ်နိုင်တာမို့ … စိတ်ဆင်းရဲစရာတွေ တွေးမနေပါနဲ့ နော် … ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*