စာရေးရမှာ ပျင်းနေတာနဲ့ ပီနန်မြို့အကြောင်းလည်း ရေးမယ်၊ ရေးမယ်ဆိုပြီး မရေးဖြစ်ဘူး။ ပုံတွေကလည်း ဒီတိုင်းတင်လို့ မရ။ နည်းနည်းပါးပါးဖြစ်ဖြစ် ဓာတ်ပုံအကြောင်းလေးတွေ ရေးရဦးမယ်ဆိုတော့ ပြန်ရောက်တာ တပတ်လောက်ရှိနေပေမယ့် ခုမှ ပို့စ်တင်ဖြစ်တယ်။ ပီနန်ကျွန်းလေးက ဘာမှတော့ မထူးခြားပါဘူး။ လူတွေနေတဲ့ မြို့တွေထဲက မြို့တခုပါပဲ။ အစားအသောက်ကတော့ မဆိုးဘူး။ ဈေးလည်း သက်သာတယ်။ ရာသီဥတုကတော့ စင်္ကာပူနဲ့ တူတူပဲဆိုတော့ ပူတာမှ မတရား၊ မိုးရွာရင်လည်း ချက်ချင်းပါပဲ။
၆၀ဒီဂရီလောက် မတ်ဆောက်တဲ့ တောင်ပေါ်ကို ရထားနဲ့ တက်ကြည့်ကြတာ။ ရထားခက ၂ ရင်းဂစ်ပဲ ပေးရလို့ ကျွန်မတို့မှာ တအံ့တဩ။ ကုန်ဈေးနှုန်းတွေကတော့ စင်္ကာပူနဲ့ အကွာကြီးပဲ။ တော်တော်သက်သာတယ်။ အသွား ၁၅ မိနစ်၊ အပြန် ၁၅မိနစ်ကြာပါတယ်။
အပေါ်ရောက်တော့ ဓာတ်ပုံရိုက်ချိန် ၁၅ မိနစ်ပေးပါတယ်။ အဲဒီပေါ်က မြင်ကွင်းတွေပါ။ အပေါ်စီးကနေ မြင်ရတဲ့ ပီနန်မြို့ကိုလည်း ပြန်ရိုက်ထားတာပေါ့။
ဒုတိယ ကမ္ဘာစစ်တုန်းက ခံတပ်ပုံပါ။ ပီနန်မြို့ ပင်လယ်အစပ်နားမှာ ရှိပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ မဟာမိတ်တွေရဲ့ စစ်သင်္ချိုင်း။ စစ်သင်္ချိုင်းဆိုတာထက် အထိမ်းအမှတ် ကျောက်တိုင်ဆိုရင် ပိုမှန်မလားဘဲ။
Shopping Center ထဲက ဒေ၀ါလီနေ့အတွက် ပြင်ဆင်ထားတာလေးကို ရိုက်လာတာ။
ဒါက ပီနန်မြို့ပေါ်မှာတော့ မဟုတ်ဘူး။ ပီနန်မြို့ရဲ့ မြို့နယ်တခုလို့ ပြောရမယ်ထင်တယ်။ ပီနန်ကျွန်းနဲ့ နာရီဝက်လောက် ကားစီးရတယ်။ ပီနန်မြို့နဲ့ ပင်လယ်ခြားထားတဲ့အတွက် အဲဒီတံတားကို ဖြတ်ရတာတင် ၁၀မိနစ်ကျော်ကြာပါတယ်။ တံတားအရှည်က ၂၄ကီလိုမီတာ ရှိပါတယ်။ ကျွန်မတို့က အဲဒီမြို့နယ်မှာတည်းပြီး ပီနန်ကို သွားသွားလည်တာပါ။
အဲဒီမြို့နယ်က Jasco ကုန်တိုက်ပုံပါ။
နောက်ရက်မှ ကျန်တဲ့ပုံတွေ ထပ်တင်ဦးမယ်။
s0wha1
2 comments:
မဆိုးဝှက် တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်ပြီး ပီနန်ကို လွမ်းသွားပြီ။ အရင် မလေးရှားမှာ ကျနော်အလုပ်လုပ်တုန်းက ပီနန်ကို သတင်းပတ်ကုန်တိုင်းမှာလို ရောက်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း မဒမ်ပေါနဲ့ နှစ်ယောက်အတူတူ နှစ်ခါတိတိ ထပ်သွားဖြစ်သေးတယ်။ နောက်မှ အဲသည်အကြောင်းကို ရေးဦးမှ။
ဟုတ်... ကိုပေါ၊ ကောင်းပါတယ်။ ရေးလေ၊ ဖတ်ရတာ ပျော်ဖို့ကောင်းမှာ။ ညီမကတော့ ခုမှ ရောက်ဖူးတယ်။
Post a Comment