Sunday, October 26, 2008

မိုးပြာရောင် လွင်ပြင်



တောင်ကြီး ဖ၀ါးအောက်ဆိုလို့လည်း
ကြိုးကုပ် အားထုတ်
အောင်တံခွန်ကြီး ဆွတ်ခူးနိုင်ပြီ ထင်ခဲ့သား။

လှိုင်းကြီး လှေအောက်ဆိုတဲ့
လူတို့ လုံ့လ အထူးပြုလို့
လမ်းပျောက်မှာလည်း ငါ မကြောက်၊
ကမ်းဝေးမှာလည်း ငါ မစိုး
လျှောက်ရင်း လဲပြို၊ လှော်ရင်း နစ်မြုပ်
အဲဒီတုန်းကတော့ သူရဲကောင်းကြီး အဖြစ်ပေါ့။

လမ်းအဆုံးလို့ ငါ ထင်တဲ့အခါ
ငြိမ်းအေးသလို၊ ပျော်ရွှင်သယောင်နဲ့
တတောင်ပေါ် တတောင်ဆင့်
တောင်ထွဋ္ဋ်ရဲ့ ခြေအရင်း ရပ်နေမိမှန်း မသိခင် အထိ။

ဩော်... စုတ်ပြတ်သွားတဲ့ ကမ်းနားသစ်ပင်
ရပ်တည်ချက်မဲ့ ကျိုးပြတ်သွားသောခါ
ငြိုငြင်သူ ဗလာ၊ ကာကွယ်သူ သုည
အားကျဖို့ ကောင်းသေးတော့။

မသွားရသေးတဲ့ ဒီခရီး
ခြေလှမ်းတစ် စလိုက်ရင်း
အဆုံးစွန် တနေရာတော့
မြေပြန့်ကျယ် ရှိနိုင်ကောင်းရဲ့
စိတ်အထင်နဲ့ ရူးနေမိတုန်း။

ကဲ ကြာပါတယ်လေ
(နောင်တဆိုတဲ့) အနက်ရောင် တိမ်မျှင်
ဖြတ်ကျော်မလာခင်
မိုးပြာရောင် လွင်ပြင်တခုကို
ငါ ရောက်နေနှင့်မှ ဖြစ်လိမ့်မယ်။

s0wha1
(25 Oct 2008)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

4 comments:

မေငြိမ်း said...

အမယ်.. တယ်လည်း သံဝေဂ ရနေပါ့လားးး
အသက်တော်တော် ကြီး.. အတွေ့အကြုံက တော်တော် စုံဆိုတော့ :P

MANORHARY said...

အဲဒီမိုးပြာလွင်ပြင်ဆီသွားတဲ့လမ်းလေးပြောပြဦးနော်
လိုက်ချင်လို့

ခင်မင်းဇော် said...

အင်း တယ်ဟုတ်ပါလား.. ဒီလိုလဲ ရသားပေါ့လေ ..
အန်တီလဲ လိုက်ခဲ့ချင်ပါတယ် အနက်ရောင်တိမ်မျှင်တွေ မလာပါစေနဲ့ ဆုလေးပါ တောင်းပေးလိုက်တယ်နော်။

s0wha1 said...

ဟားဟား... အန်တီငြိမ်း သံဝေဂ ရတာတော့ ဟုတ်ဘူး။ ကြုံနေရတာတွေ ရေးတာပဲ။:D

မနော်... ရှာတွေ့ရင် ပြောမယ်။ :P

အန်တီခင်... တောင်းပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့။ တကယ် မျှော်လင့်တယ်။ ;)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*