Saturday, October 25, 2008

မြန်မာစာ၊ မြန်မာစကား (၈)



မလိုအပ်ဘဲ ပိုတတ်သော ရေးချ

မြန်မာစာ စာလုံးပေါင်း သတ်ပုံတွင် ၀င်ရောက်နှောင့်ယှက်နေသော အရေးတစ်ခုမှာ မလိုအပ်ဘဲ ပိုတတ်သော ရေးချ ဖြစ်ပါသည်။

မလိုအပ်ဘဲ ပိုတတ်သော ရေးချတစ်ခုမှ ပတ်တွင် ပါတတ်သော ရေးချ ဖြစ်သည်။

သီတင်းတစ်ပတ်၊ နှစ်ပတ်လည်၊ သုံးလပတ်ပတ်ဝန်းကျင်၊ ပတ်သက်သည် စသည်တို့ကို သီတင်းတစ်ပါတ်၊ နှစ်ပါတ်လည်၊ သုံးလပါတ်ပါတ်ဝန်းကျင်၊ ပါတ်သက်သည် စသည်ဖြင့် ရေးမှားတတ်ကြသည်။

ပတ်၏အနက်မှာ လည်သည်၊ လှည့်သည်၊ ရစ်သည်၊ ၀ိုက်သည်၊ ၀ိုင်းဝန်းသည် တို့ဖြစ်သည်။ မြန်မာစကား စစ်စစ်ဖြစ်ပြီး ရေးသောအခါ ရေးချမလိုသော စကားလုံးဖြစ်သည်။

သီတင်းတစ်ပတ်၊ ရက်သတ္တတစ်ပတ်ဆိုသည်မှာ ၇ ရက်၊ ၇ နေ့တွင် စသော နေ့တစ်နေ့မှ နောက်တဖန် ထိုနေ့သို့ ထပ်မံလည်ပတ် ရောက်ရှိလာသော ကာလကို ဆိုလိုသည်။ တနည်းအားဖြင့် ၇ ရက် ပတ်မိသော၊ ၇ ရက်လည်သော ကာလကို ဆိုလိုသည်။

နှစ်ပတ်လည် ဆိုသည်မှာလည်း ၁၂ လတွင် စသော လတစ်လလမှ နောက်တဖန် ထိုလသို့ ထပ်မံလည်ပတ်ရောက်ရှိသော ကာလကိုပင် ဆိုလိုသည်။ တနည်းအားဖြင့် ၁၂ လပတ်မိသော၊ ၁၂ လ လည်မိသော ကာလပင် ဖြစ်သည်။

သုံးလပတ်၊ လေးလပတ် စသည်တို့သည်လည်း သုံးလပတ်မိသော၊ လေးလပတ်မိသော အချိန်ကာလပင် ဖြစ်သည်။

ပတ်ဝန်းကျင် ဆိုသော စကားသည် ပတ်ဝန်းကျင် ဟူသော စကားလုံး သုံးလုံးကို ပေါင်းစပ်ဖွဲ့စည်းထားသော စကားဖြစ်သည်။ အနက်တူသော စကားသုံးလုံးဖြစ်သည်။ ပတ်သည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်။ ၀န်းသည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်။ ကျင်သည်လည်း လည်၊ လှည့်၊ ရစ်၊ ၀ိုင်း အနက်ပင်ဖြစ်သည်။ လှည့်လည်ရစ်ဝိုင်းလျက် ရှိသော နေရာဒေသ၊ အချိန်ကာလကိုပင် ပတ်ဝန်းကျင် ဟု ဆိုသည်။

ပတ်သက်သည် ဆိုသော စကားတွင်လည်း ပတ်မှာ ရစ်လည်သည်၊ စပ်ဆိုင်သည် ဟူသော အနက်ပင်ဖြစ်သည်။

ရွာတစ်ပတ်၊ ကျောင်းတစ်ပတ်ပတ်ကုံးဝန်းကျင်၊ အအေးပတ်သည် စသည်တို့ကဲ့သို့သော စကားများမှ ပတ်သည်လည်း လည်ပတ်၊ ရစ်ပတ် အနက်ပင်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာစကား ပတ် တွင် ရေးချပါရန် မလိုပါ။

သို့ရာတွင် တွင် ရေးချလျက် တ သတ်ရသော ပါတ် အရေးများလည်း ရှိသည်။ ယင်းတို့အား မြန်မာစကားများ မဟုတ်ကြ။ ပါဠိသက် စကားများသာ ဖြစ်ကြသည်။

နိပါတ်တော်၊ ပါဏာတိပါတ်၊ ပိဏ္ဍပါတ်၊ ဥပ္ပါတ်ပျံသည် စသည့်စကားများ ဖြစ်ကြသည်။

ယင်းတို့တွင် နိပါတ်တော်မှ နိပါတ်ကား ပါဠိ နိပါတပုဒ်တည်း။

ပါဏာတိပါတ်ကား ပါဠိ ပါဏာတိပါတ၊ ပိဏ္ဍပါတ်ကား ပါဠိ ပိဏ္ဍပါတ၊ ဥပ္ပါတ်ပျံသည်မှ ဥပ္ပါတ်ကား ပါဠိ ဥပ္ပါတ တို့ဖြစ်ကြသည်။

မလိုအပ်ဘဲ ပိုတတ်သော ရေးချများကို ဘေးဥပဒ်၊ မဏ္ဍပ်၊ ဒဏ်၊ အရုဏ်ကျင်း၊ ကန်း၊ အနာဂတ် ဟူသော စကားများကို ရေးရာ၌လည်း တွေ့ရတတ်သည်။ ဘေးဥပဒ်၊ မဏ္ဍပ်၊ ဒဏ်၊ အရုဏ်ကျင်း၊ ကန်း၊ အနာဂတ်ဟူ၍ ရေးကြခြင်းမှာ မလိုအပ်ဘဲ ရေးချ ပိုနေခြင်းပင်ဖြစ်သည်။

ဥပဒ် (ဘေး)။ ။ ဥပဒ်မှာ ပါဠိသက်ပုဒ် ဖြစ်သည်။ ပါဠိတွင် ဥပဒ္ဒ၀ဟု ရှိသည်။ ဥပဒ္ဒ၀သည် ဘေး၊ ဘေးရန်၊ အန္တရာယ်ကို ဆိုလိုသည်။ ဥပဒ္ဒ၀ပုဒ်သက်ဖြစ်သဖြင့် ဥပဒ်ဟုသာ ရေးရသည်။ ပ တွင် ရေးချ မထည့်ရပါ။ (ဥပါဒ်ဌီဘင် မှ ဥပါဒ်ကား ဥပ္ပါဒ ပုဒ်သက်ဖြစ်သဖြင့် ပ တွင် ရေးချပါရသည်။)

မဏ္ဍပ်။ ။ ပါဠိတွင် မဏ္ဍပ ဟုရှိသည်။ အကာမဲ့ ယာယီအဆောင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍပ ပုဒ်သက်ဖြစ်သဖြင့် မဏ္ဍပ်ဟု ရေးချမပါဘဲ ရေးရသည်။

ဒဏ်။ ။ ဒဏ်ခတ်သည်၊ ဒဏ်တပ်သည်၊ ဒဏ်ပေးသည်၊ ဒဏ်ရိုက်သည်၊ ဒဏ်ကြေး၊ ကြိုးဒဏ်၊ ထောင်ဒဏ်၊ သဲဒဏ်၊ ရေဒဏ်၊ အပြစ်ဒဏ်၊ ဘေးဒဏ်၊ ဒဏ်ရာဒဏ်ချက် စသည်တို့ကို တွင် ရေးချမပါဘဲ ဒဏ် ဟုသာ ရေးရသည်။ ပါဠိတွင် ဒဏ္ဍ ဟူသော ပုဒ်ရှိသည်။ ဒဏ္ဍသည် တုတ်၊ တုတ်တံ၊ အရိုးတံ၊ အပြစ်ပေးခြင်း စသည့်အနက်များရှိသည်။ ဒဏ္ဍပုဒ်သက်ဖြစ်၍ တွင် ရေးချမပါဘဲ ဒဏ်ဟုသာ ရေးရသည်။ ကနက္ကဒဏ်ထီးကို ရေးရာတွင်လည်း ဒဏ်တွင် ရေးချမပါရချေ။ ကနက=ရွှေ + ဒဏ္ဍ=အရိုး၊ ရွှေအရိုးတပ်ထီးဟု ဆိုလိုသည်။ ကနကဒဏ်မှ မြန်မာမှုအရေးတွင် ကနက္ကဒဏ်ဖြစ်လာသည်။

အရုဏ်။ ။ နေအရုဏ်အရုဏ်ကျင်းပြီး အရုဏ်ဆွမ်း စသည်တို့တွင် သရဖြင့်သာ အရုဏ်ဟု ရေးရသည်။ အာသရဖြင့် အာရုဏ် ဟု မရေးရ။ တွင် ရေးချမပါရ။ ပါဠိတွင် အရုဏ ဟူသော ပုဒ်ရှိသည်။ ပါဠိ အရုဏသည် အမှောင်ပျောက်ပြီး ရှေးဦးတက်လာသော ရောင်နီ၊ ရောင်နီလာချိန်ကို ဟောသည်။ အာရုဏ်ဟု တွင် ရေးချပြီး ရေးမှားကြသည်မှာ ပြောဆို ရွတ်ဖတ်ရာတွင် "အာယုန်" ဟု ပြောဆို ရွတ်ဖတ်နေကြသောကြောင့် ဖြစ်သည်။ မြန်မာအဘိဓာန်တွင် အရုဏ် ကို "အရုဏ်/အာယုန်/န၊ နေမထွက်မီ အရှေ့အရပ်မှ ဦးစွာ ဖြစ်ပေါ်သော ရှေ့ပြေးအလင်းရောင်။ [ ပါ၊ အရုဏ ]"ဟု ဖွင့်ဆိုထားသည်။

ကန်း။ ။ မျက်စိကာန်းသည်ဟု ရေးမှားတတ်ကြသည်။ ပါဠိတွင် မျက်စိ တဖက်ကန်းဟော ကာဏ ဟူသော ပုဒ်ရှိသဖြင့် ပါဠိ ကာဏ ပုဒ်သက်ဟု ယူလိုကြသည်။ ကန်း သည် ဆိုသော စကားမှာ မြန်မာစကားစစ်စစ်ဖြစ်သည်။ ရေ၊ အရည်ကုန်ပျောက်၊ ခြောက်ခန်းသည်ကိုပင် ကန်း သည်ဟု ဆိုသည်။ ကန်းနှင့် ခန်း အနက် ဆက်နွှယ်သည်။ မျက်စိထဲတွင် မြင်စေတတ်သော အရည်ခန်းလျက် မမြင်နိုင်ဘဲရှိသည်ကိုပင် မျက်စိကန်းသည်ဟု ဆိုသည်။ ရေတွင်းတွင် ရေမရှိဘဲ ခြောက်ခန်းသည်ကိုပင် ရေတွင်းကန်းသည်ဟု ဆိုသည်။ က တွင် ရေးချမပါဘဲ ကန်း ဟုသာ ရေးရသည်။

အနာဂတ်။ ။ ပါဠိ အနာဂတ ပုဒ်သက်ဖြစ်သည်။ မလာရောက်သေးသော၊ နောင်လာလတ္တံ့သော ဟူသော အနက်ကို ဟောသည်။ ထို့ကြောင့် မလာရောက်သေးသော ကာလ၊ နောင်လာလတ္တံ့သော ကာလကို ရေးလိုလျှင် အနာဂတ်ကာလ၊ အနာဂတ် ဟု ရေးရသည်။ ငယ်တွင် ရေးချ ထည့်၍ အနာဂါတ် ဟု ရေးလျှင် မှားသည်။

မလိုအပ်ဘဲ၊ ပိုတတ်သည့် ရေးချကို
မမှားအောင် သတိချပ်၊ ရေးတတ်စေလို
ပတ်ဝန်းကျင်၊ ဘေးဥပဒ်နှင့်၊
ဒဏ်ခတ်သည့် ဒဉ်ထိုထို၊ မဏ္ဍပ်ဆိုတ၀။
မျက်ကန်းငယ် တဖြာ၊ အရုဏ်လာ အရုဉ်တက်ကယ်နှင့်၊
အနာဂတ်ဆို နောင်ခါတွက်ကိုလ
ရေးချတွေ ပိုမစွက်ပါနှင့်၊
စဉ်ဆက်ရေးကြ။

$$$$$$$$$$$

နောက်တပိုင်းကျရင်
ဖြည်းဖြည်း


မြန်မာစာ၊ မြန်မာစကား
နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

Print this post

4 comments:

ကိုပေါ said...

နောက်တခါ….. သတ်ပုံနဲ့ ပတ်သက်လို့ (Not “ပါတ်သက်” meh? ;-) အရေးအကြောင်းဆိုရင် ဘယ်မှာ လာရှာရမလဲ သိသွားပြီ။ ကျေးဇူးဗျိုး။

s0wha1 said...

ကိုပေါရေ... ဟီဟီ။ နောက်လည်း ထပ်တင်ပါဦးမယ်။

Unknown said...

ကျွန်တော်အမြဲမှားတတ်တဲ့ အသုံးအနှုန်းလေးများကို အခုလိုရှင်းရှင်းလင်းလင်သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောင့်မျှော်လေ့လာလျက်။

s0wha1 said...

ကို kyal... ဟုတ်ကဲ့။ ဒါပြီးရင် ကိုပီကေ ရေးထားတဲ့ မြန်မာစာအကြောင်းလေးတွေလည်း ပြန်ကူးပြဖို့ အစီအစဉ်ရှိပါတယ်။ ကျေးဇူး။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*