အားလုံးအတွက် ပျော်ရွှင်စရာ မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ...
၂၀၀၈ ခုနှစ်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန်ကတော့...
၁။ မိဘတွေကို စိတ်ချမ်းသာအောင် မထားနိုင်သည့်တိုင် ကျွန်မအတွက် စိတ်မဆင်းရဲအောင်တော့ ကြိုးစားပါမယ်။
၂။ လူတွေကို အားနာတတ်ခြင်း၊ လက်မှတ်ထိုး၍ အာမခံပေးခြင်းတို့မှ ရှောင်ကြဉ်ပါမယ်။ ဖြစ်နိုင်ရင်တော့ အာမခံပေးတာတို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကူညီတာတို့ ဒီနှစ် တနှစ်ထဲ မဟုတ်ဘဲ သေသည်အထိ မလုပ်ဖို့ ကြိုးစားပါမယ်။ (အဲဒီအတွက် ကျွန်မ ဒုက္ခရောက်ပေါင်း များလှပါပြီ...)
၃။ အပျင်း သိပ်မထူဖို့ ကြိုးစားပါမယ်။ :D
၂၀၀၈ ခုနှစ်ကုန်လောက်မှာ ကျွန်မရဲ့ New Year Resolution ၃ ခုထဲက ဘယ်နှစ်ခုကို လိုက်နာနိုင်တယ်ဆိုတာ ပြန်ပြောပြမယ်နော်...;))
ဒီလူတွေရဲ့ New Year Resolution က ဘာတွေဖြစ်မလဲလို့ ကျွန်မ သိချင်မိပါတယ်...
- အန်တီငြိမ်း
- အန်တီခင်
- မနုစံ
- မလေပြေ
- ကဒေါင်း
- မောင်လေး မင်းမင်း
- ညီမလေး လင်းလက်
ရွှင်လန်း ချမ်းမြေ့ကြပါစေ။