အလုပ်စ၀င်ခါစက Head Office မှာ တစ်လလောက်လုပ်ရတယ်။ ကျွန်မအလုပ်ကတော့ AutoCAD ကိုအသုံးပြုပြီး Electrical & Mechnical နဲ့ ပတ်သက်တဲ့ Drawing တွေ ဆွဲရတယ်။ နောက်ပိုင်းတော့ Site ထဲက Office မှာ သွားလုပ်ရတယ်။ အိမ်နဲ့လည်း နီးတော့ ၀မ်းသာအားရပဲပေါ့။ Site ထဲမှာက မိန်းကလေးဆိုလို့ ကိုယ်တစ်ယောက်ထဲရှိပြန်၊ အသက်ကလည်း အငယ်ဆုံးဖြစ်ပြန်ဆိုတော့ ကျွန်မကို သိပ်မခိုင်းကြဘူး။ ပုံမှန် ပုံဆွဲတာပြီးရင် အဆင်ပြေနေတာပဲ။ ဒါနဲ့ပဲ ကျွန်မလည်း အလုပ်ချိန် ၈ နာရီလုံး online နဲ့ Blog ထဲပဲ ရောက်နေတာ။ အဲဒီတုန်းက ကျွန်မစားပွဲကို အခန်းထောင့်မှာထားပြီး ကွန်ပြူတာကိုလည်း နံရံဘက်မျက်နှာမူထားတော့ ကျွန်မ လုပ်ချင်ရာလုပ်နိုင်တာပေါ့။ ဒီလောက် ကောင်းတဲ့ အလုပ်လည်း ရှိမယ်မထင်ဘူး။ :P ဒါပေမဲ့ ခုတော့ Head Office ကို ပြန်ရောက်နေလို့ ဘလော့ဂ်မှာလည်း စာပုံမှန် မရေးနိုင်တော့ပါဘူး။
.jpg)

က လာစစ်တဲ့အချိန် Fine အများကြီးပေးရပါမယ်။ ပြီးတော့ ရက်အကန့်အသတ်မရှိ လုပ်ငန်းခွင်ကိုလည်း ရပ်ဆိုင်းထားတတ်ပါတယ်။
လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အန္တရာယ်ရှိ၊ မရှိ လာစစ်ဆေးတာတွေ အပြင်၊ အလုပ်ကနေ စွန့်ပစ် ရေတွေကိုလည်း သန့်ရှင်းမှု ဘယ်လောက်ရှိ၊ မရှိဆိုတာလည်း လာစစ်ဆေးတတ်ပါတယ်။
Site ထဲကနေ ထွက်လာတဲ့ ကားတွေကနေ ရွှံတွေ၊ သဲတွေဟာ ပြည်သူပိုင်းကားလမ်းမပေါ် ကျခွင့်မရှိပါဘူး။ ဒါ့ကြောင့် Site ထဲကနေ ကားတွေ မထွက်ခင် အ၀နားမှာ ကားဘီးတွေကို ဒိုင်ခံဆေးပေးနေရတဲ့လူတွေလည်း ထားထားရပါတယ်။ မတော်တဆများ ကားလမ်းပေါ် ရွှံစက်တွေ၊ ဘာတွေ ပေကျံကုန်ရင် ရေနဲ့ဆေးပေးရတာတွေ၊ ဂေါ်ပြားနဲ့ထိုးပြီး သန့်ရှင်း ပေးရတာတွေ လုပ်ပေးရပါတယ်။ ပြီးတော့ လမ်းဘေး တဘက်တချက်က မြက်ခင်းပြင်တွေကို တူးဆွပြီး ပိုက်တွေ မြှုပ်ရတဲ့အခါလည်း အားလုံးပြီးစီးသွားရင် မြက်တွေ ပြန်စိုက်ပေးခဲ့ရပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကတော့ မျိုးစုံပါပဲ။ ကျွန်မလည်း သိပ်မလေ့လာထားတော့ မြင်တွေ့ရတာပဲ ရေးနိုင်ပါတယ်။
နောက်ထပ် ကျွန်မ သဘောကျတာကတော့ စင်္ကာပူအစိုးရက ဘာလုပ်လုပ် စည်းစနစ်ကျနတာပါပဲ။ စည်ပင်သာယာဆိုလည်း ကားလမ်းဘေး ပလက်ဖောင်းကြားတွေပါ မကျန် သန့်ရှင်းရေး လိုက်လုပ်တာကို တွေ့မြင်ရတာ အစကတော့ အံ့ဩမိတယ်။ ညဘက် လူတွေ ကင်းရှင်းနေချိန်နဲ့ မနက်စောစောချိန်တွေမှာ ကားမှတ်တိုင်တွေကို သန့်ရှင်းတာတို့၊ ပလက်ဖောင်းကြားထဲကို အမှိုက်လှဲကားနဲ့ လိုက်လှဲနေတာတို့ကို တွေ့ရနိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒီနိုင်ငံ အရမ်းသန့်ရှင်းသပ်ရပ်နေတာ ထင်ပါရဲ့။
အဲဒီ Site ထဲမှာ ကျွန်မလုပ်နေတဲ့ကာလအတွင်း MOM က အစိုးရအရာရှိတွေ လာစစ်ဆေးတာနဲ့ ၃ ခါလောက် ကြုံဖူးပါတယ်။ သူတို့က လုံးဝအကြောင်းမကြားဘဲ ရှောင်တခင် လာစစ်ဆေးကြလေ့ရှိပါတယ်။ ပထမ တခေါက် လာစစ်တော့ Helmet မဆောင်းထားတဲ့ အလုပ်သမားတွေ အများကြီးကို တွေ့သွားတယ်။ ဒါနဲ့ ဓာတ်ပုံရိုက်ယူပြီး Fine S$ 14,500 ပေးရတဲ့အပြင် တပတ်တိတိ အလုပ်လုပ်ခွင့်ရပ်နားခံရပါတယ်။ နောက်တပတ်နေတော့မှ ထပ်ပြန်လာစစ်ပြီး အလုပ်ပြန်စခွင့်ပေးတယ်။
Site ထဲက တာဝန်ရှိတဲ့ Project Manager (PM)တွေ၊ Engineer တွေလည်း အလုပ်သမားတွေကို ဦးထုပ်ဆောင်းဖို့ တင်းတင်းကြပ်ကြပ်လုပ်ပါတော့တယ်။ Helmet မဆောင်းထားရင် အဲဒီအလုပ်သမားက Fine S$50 ပေးရမယ်လို့လည်း ပြောထားပါတယ်။ တရက်တော့ ခေါင်းဆောင်း မဆောင်းထားတဲ့ အလုပ်သမားတစ်ယောက်ကို တွေ့တာနဲ့ ခေါ်ပြီး Fine S$50 ဒဏ်ရိုက်ပါတော့တယ်။ လစာထဲက ဖြတ်မယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတာပါ။ သူတို့ တနေ့လုံး ပင်ပင်ပန်းပန်းနဲ့လုပ်လို့ရတာမှ S$25 ပဲ ရှိပါတယ်။ ကျွန်မလည်း အဲဒါကို တွေ့မြင်ပြီး စိတ်မကောင်းတော့ဖြစ်ရင်း တွေးမိတယ်။ အရမ်းပူလွန်းလို့များ ခေါင်းမဆောင်ချင်တာလား မပြောတတ်ပါဘူး။
တကယ်တော့ Worker တွေအနေနဲ့ အလုပ်လုပ်ရတာ အရမ်းပင်ပန်းခက်ခဲပါတယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ လေးလံတဲ့အရာတွေကို မ ပြု၊ သယ်ပိုးပြီး လုပ်နေကြရတယ်။ များသောအားဖြင့် အလုပ်သမားတွေကတော့ ဘင်္လားဒေ့ရှ်လူမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ အလုပ်မှာတော့ မြန်မာ အလုပ်သမား ၂ ယောက်လောက်ပဲ တွေ့ဖူးတော့ မြန်မာလူမျိုး အလုပ်သမားကနည်းလို့ တော်သေးတယ် ပြောရမယ်။
ဆိုဒ်ထဲမှာ အလုပ်လုပ်ရတာ ပျော်ဖို့လည်း ကောင်းသလို တခါတခါလည်း တော်တော် စိတ်ညစ်ရတယ်။ ကုမ္ပဏီတခုထဲက ဖြစ်ရက်နဲ့ တစ်ယောက်နဲ့တစ်ယောက်၊ Department တခုနဲ့ တခု အေးအေးသက်သာ မဖြေရှင်းဘဲ အော်ဟစ်ငြင်းခုန်တတ်ကြတာကတော့ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ ပိုက်သမားကလည်း သူ့ပိုက်လိုင်းနေရာကို နည်းနည်းမှ မရွှေ့ပေးဘူးဆိုပြီး တင်းခံ၊ မီးသမားကလည်း သူ့မီးကြိုးနေရာကို မဖယ်ပေးနိုင်ဘူးလို့ ပြန်ငြင်းနဲ့ ကြားထဲက သနားစရာကောင်းတာကတော့ Sub Contractor သမားတွေပါပဲ။ Sub Con. ဆိုတာက ကျွန်မတို့ Main Con. (အဓိက ဆောက်လုပ်ရေး ကုမ္ပဏီ) ကနေ ပြန်ငှားထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ အသေးစားပေါ့။
ဘာပဲဖြစ်ဖြစ် သူတို့ဟာသူတို့ မိုးခြိမ်းသံလိုမျိုး ဘယ်လိုပဲ အော်ဟစ်နေနေ ကျွန်မနေရာလေးကတော့ တော်တော် အေးချမ်းပါတယ်။ ဘယ်သူကမှလည်း ဘာမှ လာမပြော၊ အော်မဲ့ဟစ်မဲ့သူလည်း မရှိ၊ ကွန်ပလိန်းတက်မဲ့လူလည်း မရှိနဲ့။ ဒါ့ကြောင့်လည်း အလုပ်ထဲကလူတွေက ကျွန်မအလုပ်စားပွဲ နေရာလေးကို ငြိမ်းချမ်းခြင်း ကော်နာထောင့်လို့ နာမည်ပေးထားကြသေးတယ်။
.jpg)
.jpg)
.jpg)
.jpg)
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
0 comments:
Post a Comment