Sunday, September 2, 2007

ရန်ကုန်ပြန် မှတ်တမ်း (၁)



ကျွန်မ ရန်ကုန်ကို ၁၉ရက် တနင်္ဂနွေနေ့က ပြန်သွားတယ်လေ။ ဘယ်သူ့ကိုမှတောင် နှုတ်မဆက်သွားဖြစ်ဘူး။ နှစ်ပတ်ပဲ ပြန်တာဆိုတော့ အလုပ်တွေ ရှုပ်နေလို့လည်း ပါတာပေါ့။ မြန်မာကနေ ၃ ခါလောက်တော့ ကျွန်မဘလော့ဂ်လေးကို လာလာကြည့်ဖြစ်ပါတယ်။ ဒီကို စရောက်ထဲက ၅နှစ်ကျော် မပြန်ဖြစ်ခဲ့တဲ့ ပြည်တော်ကို ပထမဆုံး အလည်ပြန်တဲ့ ခရီးစဉ်ပါပဲ။

ရန်ကုန်လေဆိပ်က အသစ်ပြင်လိုက်တယ်တဲ့။ အရင်လို ကားစီးပြီး လမ်းလျှောက်ရတာတွေတော့ မလုပ်ရတော့ပါဘူး။ လူဝင်မှုကြီးကြပ်ရေးရောက်တော့ ကျွန်မအခွန်ဆောင်ထားတဲ့ပြေစာကို မိတ္တူတောင်းတယ်။ တခါမှ မပြန်ဖူးတော့ မိတ္တူတွေလည်း မကူးလာမိဘူးပေါ့။ ဒါနဲ့ ကျွန်မကို လာကြိုနေတဲ့
အပြင်ကသူတွေကို မိတ္တူကူးခိုင်းရတယ်။ မိတ္တူကူးစက်က အနီးအနားမှာမရှိလို့ လေဆိပ်ပြင်ထွက်မရဘဲ နာရီဝက်၊ ၁ နာရီနီးပါး စောင့်လိုက်ရတယ်။ မြို့တော်ရန်ကုန်ကနေ ပထမဆုံး ကြိုဆိုလိုက်တဲ့ ပုံစံလေးကတော့ တော်တော်သင်းတယ်နော်။

ဒီလိုနဲ့ အိမ်ရောက်တယ်။ သူငယ်ချင်းတွေက ဆီးကြိုနေကြတယ်။ ရောက်ရောက်ချင်းတော့ ပျော်သလိုလိုပါပဲ။ နောက်တော့ စလုံးက အိမ်ကိုပဲ ပြန်လာချင်နေမိတယ်။ ကုန်လိုက်တဲ့ ပိုက်ဆံဆိုတာလည်း မပြောပါနဲ့တော့။ ၁၀၀တန်က အကြွေသဘောမျိုးဖြစ်နေတာကို အံ့ဩစွာတွေ့လိုက်ရတယ်။ သူများတွေပြောတာ ကြားဖူးနေပေမဲ့ အဲလောက်လို့ မထင်ထားဘူးလေ။ နောက်ပြီး ဈေးတွေကသာကြီးပြီး ဘာမှ စားလို့မကောင်းဘူး။ အရင်တုန်းက သူများတွေ ရန်ကုန်ကို အလည်သွားပြီး ပြန်လာရင် ၀တုတ်တိုလာကြပေမဲ့ ကျွန်မတို့ညီအစ်မကတော့ မည်းခြောက်ပိန်ညှောင်ပြီး ပြန်ရောက်လာကြတယ်ဆိုတော့ စဉ်းစားသာကြည့်ကြပါကုန်။

ရန်ကုန်ရောက်ရင် စားပစ်လိုက်မယ်လို့ တွေးထားတာတွေလည်း တကယ့်တကယ်ကျ မစားနိုင်၊ စားမကောင်း။ မနက်ပိုင်း ပဲပြုတ်နဲ့နံပြား စားချင်လို့ အိမ်ကလူတွေကို ၀ယ်ခိုင်းတော့ ပဲပြုတ်က ဆီမပါဘာမပါနဲ့။ ဒါနဲ့ အိမ်ကလူတွေကို ဆီချက်ချက်ပြီး ပဲပြုတ်ပေါ်ကနေ ထပ်လောင်းခိုင်းရတယ်။ မြန်မာနိုင်ငံက စားစရာတွေက အရင်လို အရသာမရှိတော့ဘူး။ အိမ်ကလူတွေကအစ ဟင်းချက်ရင် ဆီများများ ထည့်ဖို့ကို နှမြောနေကြတာကို ထူးထူးဆန်းဆန်းတွေ့ရသေးတယ်။ ကျွန်မတို့ကို ချက်ကျွေးဖို့ လိုသမျှပိုက်ဆံကို အစ်မက ထုတ်ပေးနေတာတောင် သူတို့က ဘာတွေကပ်စေးနဲနေပါလိမ့်လို့ တွေးမိတယ်။ သူငယ်ချင်းတွေ ခေါ်သွားတဲ့ အကောင်းဆုံးဆိုင်တွေဆိုတာကလည်း ဈေးသာကောင်းတာ စားလို့ လုံးဝမကောင်း။ မြန်မာပြည်ပြန်သွားတဲ့ နှစ်ပတ်အတွင်း ကျွန်မစိတ်ထဲ စားကောင်းတာဆိုလို့ ယူနန်အသားကင်ဆိုင်က အသားကင်တချို့ပဲ ရှိတယ်။ အရင်က ကျွန်မအရမ်းကြိုက်ခဲ့တဲ့ ခေါက်ဆွဲကြော်ဆိုတာကလည်း စလုံးက တရုတ်ခေါက်ဆွဲကြော်တွေနဲ့ ဘာမှမထူး။ ဘာလို့ မြန်မာပြည်က အစားအစာတွေ ဒီလောက်တောင် အရသာတွေ ပျက်ကုန်လဲ မသိတော့ဘူး။

နောက်ထပ် ထပ်တွေ့တာကတော့ လူတန်းစားကွာဟမှုပါပဲ။ ကျွန်မသူငယ်ချင်းတွေကြားထဲမှာကို ပိုက်ဆံရှိသူနဲ့ မရှိသူက တော်တော်သိသာသွားတယ်။ ရှိတဲ့လူကျ လက်ကိုင်ဖုန်းကိုယ်စီနဲ့ ပိုက်ဆံ အစီးလိုက်၊ အထပ်လိုက်နဲ့ ကုန်ကျသမျှပိုက်ဆံ ဒိုင်ခံရှင်းကြတယ်။ ကျွန်မ ပိုက်ဆံတပြားမှ မရှင်းရ။ ငွေရေးကြေးရေးအကြောင်း လုံးဝမပြော။ ကျွန်မမှာ ပိုက်ဆံ လုရှင်းလို့တောင်မရ။ မရှိတဲ့သူငယ်ချင်းတွေကျ ကျွန်မပဲ အကုန်ရှင်းပေတော့ပေါ့။ သူတို့က လုရှင်းရင်လည်း ကျွန်မက လက်မခံခဲ့ပါဘူး။ ဒါက အရမ်းခင်တဲ့ သူငယ်ချင်းတွေကြားမှာကို မရှိအတူ၊ ရှိအတူ ကျောင်းတက်ခဲ့ရာကနေ ကျောင်းပြီးလို့ အလုပ်အကိုင်တွေ မတူညီတော့တာနဲ့အမျှ ပြောင်းလဲသွားတဲ့ အခြေအနေတွေ။ ပြေလည်တဲ့ သူငယ်ချင်းအများစုက စီးပွားရေးသမားတွေဖြစ်ပြီး တချို့က သူတို့ကိုယ်တိုင်က ဘာမှမလုပ်သော်လည်း မိဘတွေကအဆင်ပြေသူတွေ။ မပြေလည်တဲ့ သူငယ်ချင်းတွေကျ အလုပ်မရှိ၊ အလုပ်မလုပ်ကြဘဲ ထိုင်စားနေသူတွေ။ ဘာအလုပ်မှမလုပ်လို့လည်း သူတို့ကို အပြစ်ပြောလို့ မရ။ သူတို့လည်း လုပ်ကြည့်ကြသေးတာပဲ။ ဘာလုပ်လုပ်အဆင်မပြေတာနဲ့ ဘာလုပ်လို့လုပ်ရမှန်း မသိတာနဲ့ တချို့ကလည်း အရင်းအနှီးကောင်းကောင်းမရှိတာနဲ့ပဲ ကွာခြားချင်တိုင်း ကွာခြားသွားကြတယ်။

သေချာတာက ကျွန်မသူငယ်ချင်းတွေက အလုပ်လေးတွေတော့ လုပ်ကြပါရဲ့။ ညနေဆိုရင်တော့ စည်ဘီယာဆိုင်ဆိုတာကို ရောက်နေပြီ။ ကျွန်မ ရန်ကုန်မှာ ရှိစဉ်က စည်ဘီယာဆိုင်တွေက မှိုလို မပေါက်သေး။ ကျွန်မသူငယ်ချင်းတွေလည်း လက်ဘက်ရည်ဆိုင်နဲ့ ဂိမ်းဆိုင်တွေမှာသာ အချိန်ကုန်နေတတ်တာ။ ခုတော့ ဒီလိုမဟုတ်။ ရန်ကုန် ပြန်ရောက်ရောက်ချင်း ပထမဆုံးညမှာတင် သူငယ်ချင်းတွေနဲ့အတူ စည်ဘီယာဆိုင်ဆိုတာကို ရောက်သွားတယ်။ ခုံပုလေးတွေနဲ့ လက်ဘက်ရည်ဆိုင်လေးအတိုင်းပဲ။ ကျွန်မကတော့ တောသူမြို့ရောက်စတိုင်နဲ့ တအံ့တဩ လိုက်ကြည့်မိတယ်။ ပါးစပ်ကလည်း "ဟဲ့ လက်ဘက်ရည်ဆိုင် အတိုင်းပဲနော်"လို့ ထပ်ခါထပ်ခါ ရေရွတ်မိတယ်။ ဆိုင်ထဲမှာကတော့ တမြို့နယ်လုံးက ယောက်ျားလေးတွေ စည်ဘီယာဆိုင်ထဲ ရောက်နေသလား မှတ်ရအောင် ဆိုင်လုံးပြည့်ပဲ။ ကျွန်မတို့ ကျောင်းတက်ခဲ့စဉ်က ထိုင်ခဲ့ဖူးတဲ့ လက်ဘက်ရည်ဆိုင်တွေမှာ ဒီလောက် လူပြည့်တာ ကျွန်မ တသက်နဲ့တကိုယ် မမြင်ဖူးခဲ့။ အိမ်မှာ ကြည့်စရာတီဗွီမရှိကြတဲ့အတိုင်း စည်ဘီယာဆိုင်ထဲက တီဗွီမှာပြထားတဲ့ ဘောလုံးပွဲကို အော်ဟစ်အားပေးပြီး ကြည့်နေကြတာကိုလည်း ပါးစပ်အဟောင်းသားဖြစ်ရတယ်။

သူငယ်ချင်းတွေက ဘီယာသောက်မလားလို့ မေးကြတာကိုလည်း မျက်စောင်းထိုးရသေးတယ်။ နိုင်ငံခြားက ပြန်ရောက်လာတာနဲ့ ဘီယာ၊ အရက်၊ ဆေးလိပ်သောက်တတ်မယ်လို့ ထင်နေတတ်ကြတာကတော့ တော်တော်ရယ်စရာကောင်းတာပဲလို့ ထင်မိတယ်။ နောက်တော့ သူတို့က ကျွန်မအတွက် coke တဗူး မှာပေးတယ်။ မြန်မာမှာ coke ရတယ်ဆိုလို့ အံ့ဩရတာလည်း အမှန်ပါပဲ။ သံဗူးပတ်လည်မှာ ယိုးဒယားစာတွေနဲ့ coke ကို သောက်ကြည့်တော့ စိတ်ထဲမှာ ပုံမှန် သောက်နေကျထက် ပိုခါးသက်သက် ဖြစ်နေသလိုပဲ။ ပြီးတာနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အားရပါးရ
စကားပြောကြတယ်။ ဒါပေမဲ့ ဆေးလိပ်နံ့မခံရတာကြာပြီဆိုတော့ တဆိုင်လုံး ဆေးလိပ်ငွေ့ မွှန်ထူနေတဲ့၊ တနေ့ကို ဆေးလိပ် အလိပ် ၃၀လောက် သောက်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ဆေးလိပ်ငွေ့တွေကြားမှာ ကြာကြာတော့ မနေနိုင်။ သူတို့ကလည်း အနှိပ်ခန်းသွားမလို့ဆိုလား။ ကျွန်မတို့ မိန်းကလေးသူငယ်ချင်းတွေကိုတောင် လိုက်ခဲ့ဖို့ ခေါ်လိုက်သေးတယ်။ "တကယ်နှိပ်ပေးတာဟ"တဲ့။ "နေပါစေတော့ ကိုယ့်ဖာသာပဲသွားကြပါဟာ"လို့ ပြောရတယ်။ အဲဒီရက်ပိုင်းက ရန်ကုန်မှာ လှုပ်လှုပ်၊ လှုပ်လှုပ်နဲ့ဆိုတော့ သူတို့အိမ်တွေက ညဥ့်နက်တဲ့ထိ မနေခိုင်း။ ဒါနဲ့ ကျွန်မကို အိမ်အရင် ပြန်မပို့ခင် သူတို့အိမ်တွေကို အရင်လိုက်နှုတ်ဆက်ပေးရတယ်။ ကျွန်မ ပြန်ရောက်နေတုန်းမို့ ညဥ့်နက်တဲ့ထိ နေမယ်ဆိုတဲ့ သဘောပေါ့လေ။ အဲလိုနဲ့ ကျွန်မ နေခဲ့တဲ့ ၂ ပတ်အတွင်းမှာ သူတို့နဲ့ တွေ့ဖြစ်တာ ၂ ရက်မရှိပေမဲ့ သူတို့ကတော့ ၂ ပတ်လုံး သူတို့အိမ်တွေကို ကျွန်မနာမည်အလွဲသုံးစား လုပ်နေကြတယ်။ ပြန်ခါနီး သူတို့ကိုတော့ ပြောခဲ့ပါတယ်။ "နင်တို့မြန်မာပြည်မှာ နေပြီး ဘာတွေလုပ်နေတယ်ဆိုတာ ခုတော့ ငါသိပြီ"လို့။ "စည်ဘီယာဆိုင်လေးထိုင်လိုက်၊ အနှိပ်ခန်းသွားလိုက်၊ ကာရာအိုကေသွားဆိုလိုက်၊ ဆေးလိပ်လေး လက်ကြားညှပ်ပြီး လက်ကိုင်ဖုန်း ကားရားကားရားနဲ့ နေနေကြတာကိုး"လို့။ သူတို့က ရယ်ကျဲကျဲနဲ့ "ဒီမှာ ဘာမှ လုပ်စရာမှ မရှိတာဟ"တဲ့။

သူငယ်ချင်းတွေက ကျွန်မ မပြန်ခင် နင့်ဘလော့ဂ်မှာ ရန်ကုန်မကောင်းကြောင်း အတင်း မတုတ်နဲ့နော်လို့ အတန်တန်မှာလိုက်တဲ့ကြားက
ရန်ကုန်ပြန် မှတ်တမ်း (၂) ကို ဆက်ရေးပါဦးမယ်။

s0wha1

ရန်ကုန်ပြန် မှတ်တမ်း (၂)
ရန်ကုန်ပြန် မှတ်တမ်း (၃)

Print this post

10 comments:

Ye-Mon said...

မတွေ့တာကြာလို့ လှည့်လာတာ လက်စသတ်တော့ ရန်ကုန်ပြန်နေတာကိုး။ ရန်ကုန်ရဲ့ ကောင်းတာလေးတွေလဲ ပြောဦးမှပေါ့ အမရဲ့။ ဆိုးကွက်တွေချည်းပဲ။

Lin Lin said...

Myanmar lo yay chin par tal... Burmese Font ma shi lo. Burglish ko be` tone ya par tal..
Blogger yay ...Min ko tot ngar ma ti par woo kwar .... Min ye`. post tway ko phat pii khan sar ya te`. a tai pyaw ya yin...
Min Myanmar pi ka nay htwat lar tar bal lout kyar tay lo.lal? 5 year lar..6 year lar...?
Ba Win Lay Hat Nay 1 lo be` naw...
Myanmar p mhar myway pii Myanmar pii ka hta min sar pii.. Sa lone ko yauk twar tar par kwar...
Wan kite tar tway...Coke tauk ya tar tway pyaw pii Myanmar pi ko Min saw kar pot ma tin. par woo..
Singapore lout ka nay pii bar lo. ba win lay hut te`. a tone a nhone tway yay ya tar lal ?
Min ka Bar Kaung Gyii phit nay pii Bal Lout a Yay par a yar yauk te`. a lote tway lote khe`. lo. Myanmar pi ko saw kar ya tar lal ?
Cambridge .. Oxford tot ka graduate tway Myanmar pi mhar a myar gyii par... min lo myo ko. tai pi ko pyit pyit khar khar 1 yauk mha ma pyaw kya par woo....
Singapore lo naing ngan lay ka nay pii Ngar tot country ko ma saw kar par ne`.
Wai phan tal so lal Positive phit aung wai phan pop...
Min sa kar lone tway ka Myanmar pi pyan la ya ar ko be` nga ye` twin hte` sinn lar ya te`. pone san gyii ne`.
Tate pii Ba wa ma may. ne`. kwar...

s0wha1 said...

ဒါတောင် လျှော့ရေးထားတာ ကွန်မန့်ပေးသွားတဲ့ ရုရှက အကိုကြီး လင်းရဲ့...=))

Unknown said...

totally upset on your " Return Yangon " record . i am also in s'pore and travelling a lot around the world on business trip . I never feel such depression whenever i go back to yangon . i wanna suggest you not to go back . don't want to read such self-impressed article .

Unknown said...

why so skyflown words ? there are so many educated, rich myanmar people around the world and they even miss myanmar - however the junta is bad , we love our country ever and ever .

s0wha1 said...

lin နဲ့ chan ရဲ့ ကွန်မန့်တွေကို ပို့စ်တခုအနေနဲ့ ပြန်ရေးဦးမလို့ပဲ။ ဒါပေမဲ့ ရေးချင်စိတ် မရှိတော့အတွက် ဒီမှာပဲ ပြန်ရေးလိုက်ပါတယ်။ ကျွန်မပို့စ်ကို မဖတ်ချင်ရင် မဖတ်ဘဲ နေနိုင်ပါတယ်။ အဲ... ဖတ်ပြီဆိုရင်လည်း ဘာကိုဆိုလိုတယ်ဆိုတာ အရင်နားလည်အောင် ဖတ်ပါ။ ကျွန်မ အတတ်နီုင်ဆုံး လူနားလည်အောင် ရေးထားတာပါ။ မကောင်းတာကို မကောင်းတာပဲ ရေးပါမယ်။ ကိုယ်မြင်ရ၊ တွေ့ရ၊ ကြုံရတာကို အမှန်အတိုင်း ပြန်ရေးထားတာပါပဲ။ ဘာမှ အပိုအလို မရှိပါ။
ကျွန်မ ဘယ်တိုင်းပြည်ကိုမှ အထင်မကြီးတတ်ပါ။ lin နဲ့ chan တို့ရဲ့စကားမှာတော့ နိုင်ငံကြီးတွေကို တော်တော် အထင်ကြီးပုံရပါတယ်။ စလုံးလို နိုင်ငံလေးမှာ နေတာနဲ့ ဘာနဲ့ ပြောထားတာကို ဖတ်ပြီး ရယ်ချင်ပါတယ်။ ကျွန်မအတွက်ကတော့ ဘယ်နိုင်ငံမှာ နေနေ no different ပါပဲ။ ဒီတော့ အဲဒီစကားကို ဘာမှ ပြန်လည် မပြောဆိုလိုဘဲ ကျွန်မ ရယ်နေပါတယ်။
lin ကိုတော့ အရေးအသားကို ကြည့်ထဲက ဘယ်လိုလူမျိုးဖြစ်မယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ဘာမှ ထပ်မပြောလိုပါ။ တခုတော့ ပြောချင်ပါတယ်။ အမိမြန်မာပြည်ပြန်ရတာ lin ပြောသလို ငရဲပြည်ဆင်းရတာနဲ့ သိပ်မကွာခြားလှတာတော့ အမှန်ပါပဲရှင်။
chan အနေနဲ့ နိုင်ငံတကာ လှည့်ပတ်သွားလာနေတယ် ပြောပြီး နည်းနည်းလေးမှ အမြင်ကျယ်ကျယ် မတွေးခေါ်တတ်တဲ့အတွက် အထူးပဲ အံ့ဩမိပါတယ်။

Tha Har Rar said...

har har ye ya tal byoooo
myanmar pyi mar nay tae luu twe zain kya nay tar (money shi tae luu twe) ma nar lo phyit nay tal byoooo... d lo myo nay loh ya tar myanmar pyi mar pal shi tal.... kg tar lar soo tar lar tot ma thi buu....s0wha1 yay htar tar ko nar ma lal buu bya...phyit naing yin bar ko yee ywal htar lal shinn pya par oo thank kyuuu

s0wha1 said...

ဟုတ်ကဲ့။ ဒီလောက် ရှင်းရှင်းလေး ရေးထားတာကို နားမလည်ရင် ထပ်ရှင်းရသေးတာပေါ့။ လုပ်စရာ အလုပ်မရှိ၊ ပျက်စီးလေလွင့်စရာတွေသာ အလွန်ပေါများ၊ ဘ၀ တိုးတက်ရာတိုးတက်ကြောင်း ဘာမှမရှိ၊ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်၊ ၀င်ငွေတွေကကမရှိ၊ စုတ်ပြတ်သပ် နေတဲ့ ခုလက်ရှိ မြန်မာပြည် ရန်ကုန်မြို့အကြောင်း ရေးထားတာပါရှင့်။

Unknown said...

if i may comment on this...
to sum it all up up in one sentence...burma is the most poorest country in asia and one of the most poorest in the world! all due to the mismanagement of the military government over the past 40 plus years PERIOD!

chad said...

ok ကြူံကြိုက်တုံးလေးပြောရသေးတာပေါ့

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*