Monday, September 29, 2008

သစ်တစ်ပင် အတွေး



မင်းက နာကျင်စေချင်တာလား။
ဒါဏ်ရာအပြည့် ဖြစ်နေတဲ့
ငါ့ နေရောင်ခြည်တွေ
ကျိုးကြေကျ...
မကျေနပ်နိုင်သေးဘဲကိုး။

မြားသွားထက် ပူလောင်တဲ့
စကားလုံးစစ်စစ်တွေကြား
အလင်းမရှိတဲ့ နေ့ကောင်းကင်ကြီးဖြစ်လို့။
ချိန်ခွင်လျှာတွေ မှားနေရော့လား။

အရောင်ပြောင်းမှာ ကြောက်တဲ့
မိုးစက်ပြာတွေ
ဆောက်တည်ရာမဲ့
ပဲ့ကြွေကျတဲ့အခါ
သက်ညှာဖို့တော့ ကောင်းပါရဲ့။

နားလည်မှုနဲ့ တည်ဆောက်ရမယ့်
သက္ကရာဇ်တခုမှာ
အနိုင်လိုခြင်းတွေ မင်းမူပြီး
ဆုံးမရတဲ့ ချည်ခင်ထွေးတွေဖြစ်လို့။

ဒါပေမဲ့...
တစ္ဆေတစ်ကောင်ရဲ့
ငိုရှိုက်သံတော့ ငါ မကြားခဲ့ရဘူး။
ဝတ်ရုံနက်ကြားက
မှော်ဝင်အပြုံးတော့ မင်း တွေ့လိမ့်မယ်။

ငါ ၀န်ခံပါတယ်လေ...။
ပြင်းပြတဲ့ တုန်လှုပ်မှုနဲ့
အဲဒီနေ့က လ မသာခဲ့ဘူးဆိုတာ...။

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ်
ငါ ပျော်ရွှင်ချင်တယ်
နေမ၀င် ပုံပြင်လိုပေါ့။...။

s0wha1
27 Sept 2008


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

5 comments:

လင်းလက်ကြယ်စင် said...

ကဗျာခံစားမှုလေးက လှတယ် :)

MANORHARY said...

ကဗျာလေးကကောင်းလိုက်တာ...

s0wha1 said...

ညီမလေး လင်းလက်ရေ... ကျေးဇူး။ :)

ဆရာမ မနော်ဟရီ... ခုလို ကွန်မန့်လာပေးတာ ကျေးဇူးပါ။ :)

goodchild. said...

၇ ပိုဒ်ပဲ ရှိတဲ့ ကဗျာကို ၇ ခေါက်ထက်မက ဖတ်ပြီးတဲ့ နောက်မှာတော့ ကဗျာကောင်းလား၊ မကောင်းဘူးလား ဆိုတာ ကျွန်တော်ပြောဖို့ လိုမယ် မထင်တော့ပါဘူး။ :)

s0wha1 said...

ဟုတ်ပါပြီ။ ;))

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*