ဇွန်လမှာ ကျွန်မတို့မိသားစုဝင်တွေရဲ့ မင်္ဂလာမွေးနေ့တွေ မရှိပေမဲ့ ကျွန်မချစ်တဲ့ လူတချို့ရဲ့ အမှတ်တရမွေးနေ့တွေနဲ့ ပြည့်လို့နေပါတယ်။ ကျွန်မချစ်တဲ့အန်တီများရဲ့ မွေးလလို့ဆိုနိုင်တဲ့ မိုးရာသီ ဇွန်လလေးဟာ မိုးတွေကို မချစ်ခင်တဲ့ ကျွန်မအတွက် ခုတော့လည်း စိတ်ထဲမှာ အမှတ်ထင်ထင် ရှိလို့နေပါပြီ။ ဒီနေ့ဟာ ကျွန်မချစ်ခင်လေးစားရသော အန်တီစုရဲ့ ၆၃နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့တွင် အန်တီစုမွေးနေ့ပွဲကို စင်္ကာပူ တိုပါးရိုးမြန်မာဘုန်ကြီးကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Print this post

အန်တီစုမွေးနေ့ဖြစ်တဲ့ ဒီနေ့ ဒီရက်ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ်လည်း သတ်မှတ်ကျင်းပကြပါတယ်။ အန်တီခင်ရဲ့ မြန်မာအမျိုးသမီးများနေ့ ပို့စ်မှာ သွားရောက်ဖတ်ရှု နိုင်ပါတယ်။

ဇွန် ၁၄ရက်နေ့က ၄၃နှစ်ပြည့်ခဲ့တဲ့ အန်တီငြိမ်း၊ ဇွန် ၂၁ မှာ ၄၃နှစ်ပြည့် မွေးနေ့ကျရောက်မဲ့ အန်တီခင်တို့ကို အန်တီစုမွေးနေ့နဲ့အတူ ဆုတောင်း ပေးပါတယ်။ သက်ရှည်ကျန်းမာ၍ ချစ်သောမိသားစုနဲ့အတူ မခွဲမခွာ တိုင်းပြည်အကျိုးကို ဒီထက်မက သယ်ပိုးနိုင်ပါစေ။

ဇွန် ၁၀ရက်နေ့က ကျွန်မရဲ့ တစုံတယောက်မွေးနေ့ဆုတောင်းပို့စ်မှာ အန်တီတို့က ခုလို ကွန်မန့် လာရေးကြတယ်။
*** ***** ***
ဒီကွန်မန့်တွေကို ကြည့်ခြင်းအားဖြင့် ဇွန်လမှာ ဘယ်လိုလူမျိုးတွေကို မွေးဖွားတယ်ဆိုတာ သိကြရောပေါ့နော်။ :P

- ချစ်တဲ့
ဘသူ့မွေးနေ့လဲလည်း မပါပါလား.. ဟီဟီ ..အန်တီ့မွေးနေ့တော့ မဟုတ်သေး.. အန်တီက ၁၄ရက်နော်.. ပီးရင် အန်တီစုက ၁၉ရက်.. အင်းး Che Guevara လည်း ၁၄ရက်..။ သေချာတာတော့ ဇွန်မှာ လူတော်တွေမွေးတယ်ဆိုပဲ..ခိခိ..။ ဆိုတော့ မွေးနေ့ရှင်ကို လူတော်လေးတယောက်လိုဏ္ဍ သတ်မှတ် ပေးပါ့မယ်လေ။ :P
June 10, 2008 3:13 PM
ဟားဟား... အန်တီရေ ကွန်မန့်အတွက် ကျေးဇူး... သေချာတာပေါ့ လူတော်လေးပဲ ဖြစ်မှာ... :P
June 10, 2008 4:00 PM
ဟဲ့ အန်တီခင်ကတော့ ၂၁ နော် ။
ဇွန်ဖွား မေထုန်ရာသီဖွားနေနော် ..
သိတယ်နော် အရည်အချင်းတွေကို...
June 11, 2008 12:00 AM
ဟုတ်ပါ့။ အရည်အချင်းတွေကတော့ ရှယ်တွေကြီးပဲ...;)) အန်တီငြိမ်းနဲ့တောင် ပြောဖြစ်သေးတယ်။:D
June 11, 2008 9:04 AM