အထီးကျန်အတွေး ငါ့မှာ
ပျောက်ဆုံးသွားကောင်းရဲ့...
မကျေလည်တဲ့ မိုးတိမ်ရယ်
ငါ့တစ်ကိုယ်စာ သွန်းဖြိုးပေတော့...
တိတ်ဆိတ်၊ ငြိမ်သက်မှုတွေနဲ့
ငါအသက်ရှုတောင် မ၀ခဲ့ပါဘူး
အဖော်မဲ့ ခံစားချက်
စကားလုံးတွေတောင် မဲ့ခဲ့ပါပြီ...
သံစဉ်ချိုသွေး အကြင်နာစကားတွေလည်း
မကြားယောင်ပြု၊ မုန်းမေ့ပါရစေ...
အတွေးတစု အရင်းပြုလို့
စိတ်ရဲ့အလို လေနှင်ရာလွင့်
ငါလေ လွတ်မြောက်သွားခဲ့ပြီ...
s0wha1
မနက် (30.05.07)
***ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။
Wednesday, May 30, 2007
နှောင်ကြိုးမဲ့ သစ်ပင်
စာရေးသူ: s0wha1
Labels:
my Poems
ရေးပြီးချိန်: 5/30/2007 09:57:00 AM
Subscribe to:
Post Comments (Atom)
2 comments:
sis sowhat ကဗျာလေးအရမ်းကောင်းတယ်...
နောက်လဲ ဆက်ရေးနော်..အားပေးနေမယ်...
ကျေးဇူးပဲနော် ညီမလေး ဂျူးဂျူး...း)
Post a Comment