နားကို ပိတ်
မျက်လုံးကို မှိတ်
ပါးစပ်ကို ဖြဲလို့
ကြုံးအော်လိုက်ချင်
ရပ်လိုက်ပါတော့
Mandarin စကား။...။
မျက်လုံးကို မှိတ်
ပါးစပ်ကို ဖြဲလို့
ကြုံးအော်လိုက်ချင်
ရပ်လိုက်ပါတော့
Mandarin စကား။...။
ဟီဟီ... စင်္ကာပူကို ရောက်ပြီး ၁ နှစ်၊ ၂ နှစ်လောက်အကြာ ပထမနှစ်ကျောင်းသူဘ၀က အခန်းပေါက်ဝမှာ ဆရာအလာကို ထိုင်စောင့်ရင်း ဘေးနားက ကွိစိ၊ ကွစိနဲ့ စကားပြောနေကြတဲ့ Classmate စလုံးတရုတ်တွေအသံကြောင့် နားအူလာတာနဲ့ ကောက်ရေးလိုက်တဲ့ ကဗျာမမြည်၊ စာမမြည်လေးပါ။ အမှတ်တရအနေနဲ့ ကျွန်မဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ အတန်းထဲမှာ မြန်မာတစ်ယောက်မှ မရှိဘဲ (မေဂျာတူ မြန်မာကျောင်းသားတွေ ရှိရက်နဲ့ တမင် အုပ်စု ခွဲထားတာပါ) Lecture ချိန်မှာသာ မြန်မာသူငယ်ချင်း တစ်ယောက်နဲ့ စာအတူသင်ရတဲ့ အဲဒီ ၂၀၀၃ ခုနှစ်ကာလတွေက တရုတ်စကားကို အလွန့်အလွန် မုန်းတီးနေချိန်လည်း ဖြစ်ပါတယ်။;)) အလကားနေရင်း တရုတ်ဆို ဘယ်တရုတ်မှ ကြည့်မရဖြစ်နေချိန်ပေါ့။ (ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး မဟုတ်တဲ့) သူများနိုင်ငံမှာ စနေခါစ လူမျိုးကွဲတိုင်းလိုလို ဖြစ်တတ်တဲ့ အတွေ့အကြုံ တမျိုးပါပဲ။ ခုတော့လည်း ဒါတွေက ရယ်စရာတွေ ဖြစ်ကုန်ပါပြီ။
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
0 comments:
Post a Comment