
တိမ်ယောင်ယောင်၊ မြူယောင်ယောင်နဲ့
ငွေ့ရည်တွေ စုရုံး၊
အနားသတ်မှာ
အိုအေစစ် ရှိတယ်။
ဖြူသလိုလို၊ ပြာသလိုလိုနဲ့
တကယ်က အဖြူကို ပျက်စီးစေတဲ့
မည်းပြာ၊ ညိုညစ်၊
အဟုတ်အမှန်။
ကဲ... ဘယ်မှာလဲ
မင်းတို့ ပြောပြောနေတဲ့
အိုအေစစ်...။
s0wha1
(23 Jan 2009)
ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။