http://video.google.com
Friday, November 30, 2007
Burmese News in Singapore
စာရေးသူ: s0wha1
Labels:
စက်တင်ဘာလ မြန်မာပြည်,
ရုပ်သံမှတ်တမ်း
http://video.google.com
မှတ်ချက်0 ခု ရေးပြီးချိန်: 11/30/2007 05:10:00 PM
ဘာတွေလဲ သိဘူး...
စာရေးသူ: s0wha1
Labels:
ဟိုဒီအကြောင်း
ဘလော့ဂ် အမျိုးအစား
You Are a Life Blogger! |
Your blog is the story of your life - a living diary. If it happens, you blog it. And make it as entertaining as possible. |
My Color Is Blue
BLUE |
You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.
70%How Addicted to Blogging Are You?
Take the 100 Acre Personality Quiz!
မှတ်ချက်0 ခု ရေးပြီးချိန်: 11/30/2007 01:23:00 AM
Wednesday, November 28, 2007
Who is clever? Teacher or student?
စာရေးသူ: s0wha1
Labels:
ကူးယူးဖော်ပြခြင်း,
ဟာသ
One Night 4 College Students Were Playing Till Late Night.
And Didn't Study For The Test Which Was Scheduled For The Next Day.
In the morning they thought of a plan.
They made themselves look as dirty and weird with grease and dirt.
They then went up to the Dean and said that they had gone out to a wedding last night and on their return the tyre of their car burst and they had to push the car! all the way back and that they were in no condition to appear for the test.
So the Dean said they can have the re-test after 3 days.
They thanked him and said they will be ready by that time.
On the third day they appeared before the Dean.
The Dean said that as this was a Special Condition Test,
All four were required to sit in seperate classrooms for the test.
They all agreed as they had prepared well in the last 3 days.
The Test consisted of 2 questions with the total of 100 Marks.
Q.1. Your Name........ ......... ........( 2 MARKS )
Q.2 . Which tyre burst ?........... ....( 98 MARKS )
a) Front Left
b) Front Right
c) Back Left
d) Back Right .....!!!
မှတ်ချက်2 ခု ရေးပြီးချိန်: 11/28/2007 01:33:00 PM
Tuesday, November 27, 2007
လိပ်ကလေးလိုနေ
စာရေးသူ: s0wha1
Labels:
စက်တင်ဘာလ မြန်မာပြည်
သီတဂူဆရာတော် ဦးဥာဏိဿရရဲ့ "လိပ်ကလေးလိုနေ" တရားတော်...
|
|
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 11/27/2007 01:03:00 AM
Monday, November 26, 2007
မြန်မာပြည်သား တစ်ဦး၏ ရင်ဖွင့်သံ
စာရေးသူ: s0wha1
Labels:
ကူးယူးဖော်ပြခြင်း,
စက်တင်ဘာလ မြန်မာပြည်
ကိုမင်းသစ်တည်ရဲ့ ခုဆောင်းပါးကို ကျွန်မ တနေရာရာမှာ ဖတ်ဖူးပေမဲ့ ဘယ်ဝက်ဘ်ဆိုဒ်မှာမှန်း မမှတ်မိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တခြား မဖတ်ရသေးသူတွေအတွက် ရည်ရွယ်ပြီး ကျွန်မဘလော့ဂ်မှာ ထပ်မံတင်လိုက်ပါတယ်။
***** ******* *****
ဆုတ်လည်းဆူး စားလည်းရူး နံရံရှေ့က စစ်ဘီလူး
တစ်စ တစ်စ မိုက်ရိုင်းကြမ်းကြုတ်ရာမှာတော့ ဗိုလ်ချုပ်ကြီးတွေက အတော်လေးပီပြင် သရုပ်ပေါ်လာပါပြီ။ အပေါ်ယံငြင်သာပျော့ပျောင်းတဲ့ ပညာရှိလူမိုက်နည်းတော့ မဟုတ်ခဲ့ပါ။ ခွေးတစ်ကောင် ချောင်ပိတ်ရိုက်ခံနေရလို့ မဲမဲမြင်ရာ သိမ်းကြုံးလိုက်ကိုက်တဲ့နည်းပါ။ ဒီလိုပြောမိတဲ့အချိန်တိုင်းမှာ မိတ်ဆွေတစ်ယောက်က ရင်ထုမနာ ၀င်ပြောတတ်ပါတယ်။ ခွေးတွေနဲ့တော့ မနှိုင်းလိုက်ပါနဲ့ “ခွေးတွေများ ကြားသွားရင် သူတို့ကိုယ်သူတို့ သတ်သေနေကြဦးမယ်” တဲ့။ တော်တော် သနားစရာကောင်းသော ဗိုလ်ချုပ်ကြီးများ ဖြစ်သွားပါသည်။ သူတို့ဘ၀ခမျာ အနှိုင်းခံစရာ ခွေးကတောင် နာရပါသတဲ့။
ဗိုလ်ချုပ်ကြီးများဘ၀ ဘာများမက်လောက်စရာရှိပါသလဲ...
တိုင်းပြည် စည်းစိမ်ဥစ္စာတွေကို ဆွေမျိုးစုလိုက် ခိုးယူစားသုံးနေကြပြီး နောက်ဆုံးပေါ် ခေတ်မီပစ္စည်းတွေနဲ့တော့ ခင်ဗျားတို့ နေနိုင်ကြမှာပါ။ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာမြေပေါ်မှာ ခင်ဗျားတို့ ခြေလှမ်း ဘယ်လောက်များများ လွတ်လွတ်လပ်လပ် လှမ်းနိုင်ကြလို့လဲ။ ပြည်သူကို ကာကွယ်ပေးနေပါတယ်ဆိုတဲ့ ခင်ဗျားကြီးတို့ ပြည်သူတွေကြားထဲမှာ လွတ်လပ်ပေါ့ပါးစွာ လျှောက်သွားရဲခဲ့လို့လား။ ခင်ဗျားတို့လမ်းထွက်လာလို့ ဘယ်ပြည်သူကများ အတင်းပွေ့ဖက် ကြိုဆိုဘူးပါသလဲ။ ခင်ဗျားတို့ သိပ်အားကိုး သိပ်ယုံကြည်တဲ့ တရုတ်တို့၊ အာဆီယံနိုင်ငံတွေတို့ရဲ့ လမ်းမတွေ ပေါ်မှာပါ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လျှောက်သွားရဲလို့လား။ ခင်ဗျားတိုအတွက် ကမ္ဘာမြေဟာ သိပ်ကျဉ်းမြောင်းမနေဘူးလား၊ ခင်ဗျားတို့ဟာ ဆုတ်စရာမြေမရှိ ဖြစ်နေပါလား။ ထွက်ပြေးရအောင်လည်း ခင်ဗျားတို့နောက်မှာ ပြည်သူဆိုတဲ့ အုတ်တံတိုင်းကြီးက ကာထားပြီးသား၊ လက်လျှော့လိုက်ရအောင်လည်း ခင်ဗျားတို့နေရာ ၀င်လုဖို့စောင့်နေကြတဲ့ မျိုးဆက်သစ် ငရဲသားတွေက ခုတ်ထစ်ပစ်ခတ်ဖို့ စောင်နေကြပြီးသား၊ အဲဒီတော့ ဘာလုပ်စရာကျန်ပါသလဲ၊ ရသလောက် ကို ဆွေမျိုးစုအလိုက် ဆက်ခိုးနေရ၊ မျိုးဆက်သစ်ငရဲသားတွေကို ခြောက်လှန့်ဖို့အတွက် ပြည်သူတွေကို သတ်ပြရ၊ မတောက်တခေါက် သံတမန်ရေးရာနည်းလမ်း၊ ဂျိုကြိုး နားရွက်ပဲ့ အင်္ဂလိပ်စကားနဲ့ ကမ္ဘာကို လိမ်ပြရ၊ အဖေခေါ်နေရတဲ့ တရုတ်လိုတိုင်းပြည်မျိုးကို ဗမာပြည်ရဲ့ သယံဇာတနဲ့ ဗမာ့မြေအစိတ်အပိုင်းတွေကို ထိုးကျွေးရနဲ့ ခင်ဗျားတို့ အတော် သနားစရာကောင်းတာပဲ။ ခင်ဗျားတို့ပါးစပ်ကသာ “ ပြည်သူ့အာဏာကို ပြည်သူတွေကိုသာ အပ်ပါတယ်။ ကျွန်တော်တို့အသက်နဲ့ ဆွေမျိုးစည်းစိမ်လေးကိုတော့ဖြင့် ပုန်းစရာမြေနဲ့အတူ ပေးသနားကြပါ” လို့ ဘာကြောင့် ပြောမထွက်တာလဲ။ ပြည်သူက သင်ပုန်းခြေဖို့ အသင့်ရှိနေပေမဲ့ ခင်ဗျားတို့ချင်း မစည်းလုံးနိုင်ဖြစ်ပြီး ခွေးသေကောင် လင်းတအဆွဲခံရမှာ ကြောက်နေကြရတာ မဟုတ်လား။ ဗုဒ္ဓဘာသာရဲ့ သီးခြားဖြစ်စဉ်တွေကို မယုံကြည်ဘဲ နေနိုင်ပေမဲ့ ၀ဋ်ကိုတော့ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ အချင်းချင်း ခွက်စောင်းခုတ်နေကြခြင်းဟာလည်း ၀ဋ်တစ်မျိုးပါပဲ။
ဗိုလ်ချုပ်ကြီးများ ၀ဋ်ခံရခြင်း အကြောင်းအရင်းများ...
ခင်ဗျားတို့ နှစ်ကာလကြာရှည်စွာ ၀ဋ်ခံရစေဖို့ ခင်ဗျားတို့ လုပ်ရပ်တွေကို ဆန်းစစ်ကြည့်ကြပါစို့…
ခေတ်အဆက်ဆက်ရှေ့ထွက်ရပ်တဲ့ အမာခံကျောင်းသားလူငယ်တွေကို သွေကွဲစေဖို့ မလိုအပ်တဲ့ ပြည်သူ့ ဘဏ္ဍာဖြုန်းတီးမှုကြီးအဖြစ် မြို့ပြင်၊ မြို့စွန်တွေမှာ တက္ကသိုလ်အသစ်တွေကို သွားတည်ခဲ့ကြတယ်။ ရှိရင်းစွဲ အထင်ကရ တက္ကသိုလ်ကြီးတွေမှာ အတုအယောင် ဆရာအတုတွေနဲ့ ဘွဲ့ကြီးတွေကို ထားခဲ့ကြတယ်။ အရည်အချင်းမရှိဘဲ ရခဲ့ကြတဲ့ Master တွေ၊ Ph.D တွေပေးနေလိုက်ကြတာ၊ ဒီလိုနဲ့ပဲ ခင်ဗျားတို့ခေါင်းဆောင်ကြီးသမီး Ph.D ဘွဲ့ရသွားခဲ့တယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက ပြောသွားခဲ့ဘူးတယ်။ တက္ကသိုလ်မှာ သုတေသနမရှိ၊ ကျမ်းပြုမရှိဘဲနဲ့ ဆရာတွေက နံရံဆေးသုတ်၊ ခြံစည်းရိုးခတ်နဲ့၊ ကျောင်းလုံခြုံရေးတွေသာ ဖြစ်ခဲ့ရတယ်။ Master အတွက်ကျမ်းပြု (copy) လုပ်ရာမှာလည်း အင်္ဂလိပ်စာကို ကိုယ်တိုင်မရေးနိုင်လို့ ပြင်ပစာတတ် ပုဂ္ဂိုလ်ကြီးများထံမှာ ငွေပေးရေးခိုင်းနေရ တာလည်း လူတိုင်းသိကြပါတယ်။ တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဆိုသူတွေဟာ ခင်ဗျားတို့ရဲ့ သတင်းပေးသက်သက် လုပ်နေရပြီးကျောင်းတွေမှာလည်း နေသာတဲ့အချိန်မှာသာ ကျောင်းပေါက်ဝထိုင်ပြီး ကျောင်းသားကဒ် ချိတ် မချိတ်၊ အ၀တ်အစား ဘယ်လိုဝတ်သလဲ ဆိုတာလောက် လိုက်ကြည့်၊ လူလုံးပြ၊ လူရာဝင်နေကြရတာပါ။ ခင်ဗျားတို့ မျိုးဆက်ဟောင်း ဗိုလ်ချုပ်တွေဟာ ပညာတတ်ဆိုရင် အသည်းနာနေကြပြီး လူငယ်တွေ ပညာမတတ်၊ ပညာငတ်နေကြရအောင် လုပ်လိုကြခြင်းဟာ ခင်ဗျားတို့ရဲ့ ကျောင်းသားထုကြီးအပေါ် လက်စားချေခြင်းတစ်မျိုးဆိုတာ နားလည်ထားပြီးသားပါ။
ကျောင်းသားတွေက “ဗိုလ်ချုပ်၆တန်း တစောက်ကန်း” လို့ ကြွေးကြော်ခဲ့ကြတော့ ခင်ဗျားတို့ အသဲအဖျား ခတ်ပြီပေါ့။ ဒီလိုနဲ့ ပညာတတ်မျိုးဆက်ကိုသတ်၊ ပညာရင်းမြစ်ကို ဖြတ်တောက်ပစ်ဖို့ ကြိုးစားခဲ့ကြတာ တကယ်ရော အောင်မြင်ခဲ့ပါရဲ့လား။ နိုင်ငံတကာက လှူဒါန်းတဲ့ စာအုပ်စာတန်းတွေကို လေဆိပ်မှာတင်ပဲ တပ်မတော် တက္ကသိုလ်တွေကို ပို့ခဲ့ကြတာ ကျောင်းသားတိုင်း အသိပါ။ ခေတ်မီတပ်မတော်ကြီး လို့ ကြွေးကြော်ရအောင် တကယ်ရော ခေတ်မီနေပါရဲ့လား။ ပြင်ပစာပေ၊ မီဒီယာတွေနဲ့ မထိတွေ့စေတဲ့ ခင်ဗျားတို့ မျိုးဆက်တပ်မတော်ဟာ ဘယ်လိုများ အဆင့်မြင့်ပညာတွေကို သင်ကြား တွေးခေါ်နိုင်မဲ့ ဦးနှောက်အကြည်ဓါတ် ရှိရှာမှာလဲ။ ပြင်ပရေဒီယို၊ စာအုပ်စာတမ်းတွေ နားထောင်ခဲ့၊ ဖတ်မိခဲ့ရင် ပင်စင်တောင်မရ တပ်ကနေ ထုတ်ပစ်ခံရတယ်ဆိုတာ ခင်ဗျားတို့ ပြောမပြလည်း သိနေကြပါတယ်။ ခင်ဗျားတို့ အင်အားနဲ့ယှဉ်ရင် လက်တစ်ဆုတ် သာသာ လောက်သာရှိတဲ့ ကေအန်ယူကို နှစ်ပေါင်းများစွာကြာတဲ့အထိ ခင်ဗျားတို့ ဘာကြောင့်အနိုင်မတိုက်နိုင်ပါသလဲ။ ခင်ဗျားတို့မှာ ခေတ်မီ စစ်ပညာရပ် အတတ်တွေမရှိဘဲ အင်အားသုံး ဖြိုခွဲ တတ်တာလောက်ပဲ ရှိတာကိုး။ ကေအန်ယူကို နိုင်အောင်မတိုက်နိုင်တဲ့အခါကြတော့ ခင်ဗျားတို့ရဲ့ နည်းရိုးကြီးဖြစ်တဲ့ မျိုးဆက်သုတ်သင်ရေး နည်းလမ်းနဲ့ပဲ အပြစ်မဲ့ ကရင်ပြည်သူတွေကို ချေမှုန်း သုတ်သင်တော့တာပါပဲ။ အောင်မြင် ပါရဲ့လား….။ ဗမာပြည်မြေပုံပေါ်မှာ ကရင်လူမျိုးလည်းပျောက်ပျက်မသွားသလို၊ တခြားမျိုးနွယ် တိုင်းရင်းသားတွေ လည်းပဲ ကျန်နေတုန်းပါ။ ခင်ဗျားတို့ချည်းပဲကျန်လို့ တကယ်ငြိမ်းချမ်းနိုင်ကြမယ်ဆိုရင် ခင်ဗျားတို့လွတ်နိုင်မယ်လို့ ထင်တဲ့ တစ်နေရာမှာပုန်းပြီး ခင်ဗျားတို့အရွယ်မရွေးကြောက်နေရတဲ့ ပြည်သူတွေကို အနုမြူဗုံး ကြဲပြီးသာ သတ်လိုက်ကြပေတော့။ ဒီလိုမှ မရှင်းလင်းနိုင်ခဲ့ရင်တော့ ……။
ယတြာအတတ်စူးလို့ ရူးရတော့မဲ့ ဗိုလ်ချုပ်ကြီးများ
ထစ်ခနဲဆို ယတြာချေတတ်တဲ့ ခင်ဗျားတို့ရဲ့ ယတြာတွေဟာလည်း ခင်ဗျားတို့လည်ပင်းကို စွပ်နေတဲ့ ကြိုးကွင်း ဖြစ်လို့နေပါလား။ စာချိုးတော်တဲ့ဗမာတွေဟာ “ကြက်ဆူဆီထွက်၊ စုကြည်တက်” လို့ ချိုးလိုက်ကြတော့ ခင်ဗျားတို့ အတွက်တော့ အဖျားသွေးတက်ရပြီပေါ့။ ငွေတွေသောက်သောက်လဲ ကုန်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ စီမံကိန်းကြက်ဆူပင်တွေ ဟာလည်း ဖရိုဖရဲဖြစ်လို့ ခွေးအုပ်တွေသာ သေးပန်းရာ ဖြစ်နေပါရော့လား။ အခုလည်းလာပြန်ပြီ “သားသုံးသား” တဲ့။ ခင်ဗျားတို့ဟာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာမှာတော့ တော်တော်အညိုအမည်းစွဲနေလောက်ပါပြီ။ သံဃာလှုပ်ရှားမှုမှာ သံဃာအစစ်က ၂%လောက်ပဲ ရှိပါသတဲ့။ သံဃာပင်လယ်ကြီး စီးဆင်းနေသလားအောက်မေ့ရလောက်အောင် ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ နီရဲပြည့်လျှံနေတာ ခင်ဗျားတို့ကလွဲရင် တကမ္ဘာလုံးအမြင်ပါ။ မြေပေါ်မြေအောက် ခင်ဗျားတို့ ကြောက်နေရတာ ဗြဟ္မာမင်းနဲ့ငရဲမင်းပါပဲ။ နေ့လည်ကြောင်တောင် မိုခြိမ်းသံတွေ လူတိုင်းကြားလိုက်ရပါတယ်။ ခင်ဗျား တို့ ကိုယ့်ပေါင်ကိုယ်ထောင်းချက်ကတော့ သံဃာတုတွေ ၀င်ရောက်နှစ်မြှုပ်လှုပ်ရှားကြသတဲ့။ တကယ်ဆိုရင်တောင် ခင်ဗျားတို့ရဲ့ လုံခြုံရေး အစီအမံ ညံ့ဖျင်းပါတယ်လို့ ၀န်ခံပြီးသား ဖြစ်နေရပြီ။ မသေမချင်းရိုက်သတ်၊ ပစ်ခတ်၊ ဖမ်းဆီး ထောင်ထဲထည့် ပြီးတာတောင်၊ နိုင်ငံအနှံ့ ဘုန်းကြီးကျောင်းတွေမှာ လိုက်လံဖမ်းဆီးနေတာတောင် မကုန်နိုင်သေးအောင် များပြားနေပါရော့ လား။ တကယ်ဆိုရင် ခင်ဗျားတို့ဝန်မခံလည်း လူတွေက သိထား သဘောပေါက်ကြပြီးသားပါ။ ကေအန်ယူအင်အား ယုတ်လျှော့သွားအောင် ဗုဒ္ဒဘာသာနဲ့ ခရစ်ယာန် နှစ်ခြမ်းကွဲအောင် လုပ်ခဲ့တာ ခင်ဗျားတို့ရဲ့လက်ချက်၊ ကတုံးစနက်ဆို တာသိပြီးသားပါ။ ခင်ဗျားတို့ကို ယတြာချေပေး၊ လူတွေကို နှစ်လုံး၊ သုံးလုံး ဂဏန်းပေးပြီး Landcruiserစီး၊ without ကား တ၀ီဝီနဲ့ ကတ္တီပါသင်္ကန်းရုံနေကြတဲ့ ကတုံးတွေဟာလည်း ခင်ဗျားတို့ အသက်တစ်ရက်ရှည်ဖို့ ဆွဲဆန့်ပေးနေရတဲ့ ပုထုဇဉ်တွေသက်သက်ပါပဲ။
အခုတော့ ယတြာအတတ်စူးလို့ ခင်ဗျားတို့ပါ ပြေးပေါက်မှားရတော့မယ်။ “သားသုံးသား”တဲ့၊ သက်သေဖျောက် ဖျက်ပစ်ဘို့ နောက်ဆုံးရှင်းလင်းရမှာက “စစ်သား” တဲ့။ ခင်ဗျားတို့တတွေဟာ စစ်သားတွေ မဟုတ်လို့ ဘာများပါလဲ။ အဓိကကြိုးကိုင် စီမံခဲ့တဲ့ ခင်ဗျားတို့တတွေဟာ အဓိကသက်သေမဟုတ်လို့လား။ မီးကြွင်းမီးကျန်လည်း မချန်နဲ့တဲ့၊ ခင်ဗျားတို့ချင်း နောက်ကျောမလုံဖြစ်နေရတာဟာ မီးကြွင်းမဟုတ်လို့ ဘာများပါလဲ။ စစ်သားလည်းမချန်နဲ့ တဲ့။ မကျန် အောင်လုပ်ရမယ်ဆိုတဲ့အတွက် စစ်သားဖြစ်နေရတဲ့ ခင်ဗျားတို့လည်း ဒီ“ယတြာ” မှာ အကျုံးဝင်သွားရတာပါ။ ပြည်သူ ကတော့ ငါတို့ကို အသနားခံရင် သက်သာမဲ့ကိစ္စဟာ အခုတော့ သူတို့ချင်း ယတြာအတတ်နဲ့ အသေသတ်ကြတော့ မယ်ဆိုပြီး “၀ဋ်လည်ပွဲ” ကြီးကို စောင့်ကြည့် နေကြပါပြီ။
သားသမီးကြောင့် လည်ရတဲ့ ၀ဋ်
စာဖတ်သူများအား အောက်ပါစကားလုံးများကို ရေးရတဲ့အတွက် ကန်တော့မိပါရဲ့။ ပြည်သူကြားက ဒေါသ ကြောင့် ပေါက်ဖွားလာတဲ့ ဗိုလ်ချုပ်ကြီးသမီးအတွက် ထောပနာစကားက “စိန်စီသော ဖာသည်မ” တဲ့။ ဗိုလ်ချုပ်ကြီးရေ ခင်ဗျားအတွက် ခင်ဗျားရဲ့ ချစ်သမီးရတနာက သောက်ရှက်ကို ခွဲတော့တာပါဘဲ။ မလှပတဲ့ ခင်ဗျားတို့ မျိုးရိုးရုပ်ကို ဖုံးနိုင်ဖို့ အတွက် စိန်ရတနာတွေနဲ့ ဖုံးအုပ်ခဲ့ပါတယ်။ စိန်ရတာနာတွေလည်း မကာကွယ်နိုင်ခဲ့တာကတော့ ကြွားချင်လှတဲ့ ခင်ဗျားသမီးရဲ့ ရည်ရွယ်ချက်ကြောင့် ကင်မရာသမားတွေဟာ ကိုယ်လုံးပေါ်အောင် ရိုက်ရတဲ့အခါမှာ ဘယ်လိုမှ ဖုံးလို့မရအောင် စူထွက်နေတဲ့ ခင်ဗျားသမီးရဲ့ “ဗိုက်”အလှပါပဲ။ ဒီဗိုက်ထဲက မယူရသေးခင် ပူထွက်နေတဲ့ကလေးဟာ မချိပြုံး ပြုံးနေတဲ့ သတို့သားရဲ့ ကလေးမဟုတ်ဘူးးဆိုတာကို လူတိုင်း အသိပါ။ ခင်ဗျားရောသိပါလေစ။ ခင်ဗျားတို့ချင်း သုတ်သင်ခဲ့တဲ့ ဗိုလ်ချုပ်တင်ဦးရဲ့ မြေးလေးတဲ့။ ခင်ဗျားသမီး နိုင်ငံခြားရေးရုံးမှာ အတင်းကာရော ညွှန်ကြားရေးမှူး ရာထူး ရယူပြီး ပြောင်ပြောင်တင်းတင်း မိန်းမရှိတဲ့ ဗိုလ်ချုပ်တင်ဦးသားနောက် လျှောက်လိုက်နေတယ် ဆိုတဲ့သတင်းကလည်း လူတိုင်းသိနေပြီးကြပြီ။ ခင်ဗျားတို့ရဲ့ ကိုယ့်ပေါင်ကိုလှန်ထောင်းချက်ကတော့ အံ့ပါရဲ့ဗျာ။ ခင်ဗျားတို့ ဖယ်ရှားခဲ့တဲ့ လူတစ်ယောက်ရဲ့ သွေးဟာ ခင်ဗျားတို့ထံရောက်ရှိလာခဲ့ပြီ။ ဒါဟာ ၀ဋ်လည်တာမဟုတ်ဘူး ကွ ကိုယ်ဖြစ်ကိုယ်ခံ လို့သာ ကြုံးအော်လိုက်ကြပါတော့။
အဖေကြီးပေးတဲ့ ၀ဋ်
ခင်ဗျားတို့ တရုတ်ကို အဖေခေါ်ပြီး ခင်ဗျားတို့ အသက်တွေကို ဆွဲဆန့်နေရတာဟာ နောက်ဆုံးကျတော့လည်း တရုတ်ပြည်ကြီး စီးပွားဖြစ်အောင် ပေးဆပ်ရေးသက်သက်ပါဘဲလား။ ခင်ဗျားတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က တရုတ်စီးပွားရေးတွေကို မတရားသိမ်းပြီး ပြည်သူနဲ့ ရန်တိုက်ပေးခဲ့တဲ့ ၀ဋ်တွေကို ခင်ဗျားတို့ လိုက်ပြီး ခံနေရတာပါ။
Media တိုက်ပွဲအတွင်းမှာ ကြီးအကျယ် ကျရှုံးရတဲ့ ဗိုလ်ချုပ်တွေ
တိုက်ပွဲလို့သာ သုံးနှုန်းရတယ်၊ အခုလို မီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့ဟာ ခုခံစရာမရှိ၊ အကာအကွယ်မရှိဘဲ ပြတ်ပြတ်သားသာ အရှက်တကွဲ နဲ့ ရှုံးနိမ့်ရတာပါ။ လမ်းပေါ်ထွက်၊ ဘုရားစာဆိုနေတဲ့ သံဃာတွေကိုလည်း ခင်ဗျားတို့ ကြောက်လန့်တကြားဖြစ်ပြီး ပစ်ခတ်ရိုက်နှက် သတ်ပစ်နေတာတွေကို တကမ္ဘာလုံးက မြင်ကုန်ကြပါပြီ။ ခင်ဗျားတို့ရဲ့ ကြောက်ချက်ကတော့ အရွယ်မရွေး၊ ပုဂ္ဂိုလ်မရွေးပါဘဲ။ တိုင်းပြည်ရဲ့အနာဂါတ် အညွန့်တလူလူ ဖြစ်နေတဲ့ ဆယ် ကျော်သက် တွေကိုလည်း ပစ်ခတ်ဖမ်းဆီး ထောင်ဒဏ်နှစ်ရှည်တွေချတယ်။ လမ်းပေါ်စီတန်းလမ်းလျှောက်နေလို့ဆိုပြီး ထောင်ဒဏ် ၇နှစ်ကနေ ၅၂နှစ် အထိအောင် ချပစ်နေတယ်ဆိုတာလည်း တကမ္ဘာလုံးက သိနေကြပါပြီ။
သက်ကြီးရွယ်အိုတွေကိုလည်းကြောက်ပြီး ဖမ်းဆီးချင်တဲ့ သူတို့ရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေကို မမိလို့ရှိရင် ဓါးစာခံအဖြစ် အစားထိုးဖမ်းဆီးမှုတွေကိုလည်း သိကုန်ကြပါပြီ။ ခင်ဗျားတို့ ကတော်တွေက အိမ်မှာ ဖဲရိုက်ရတာ၊ အတင်းတုတ်ရတာ တွေမှာ ပျင်းလာရင် နောက်ထပ် အပျင်းပြေ အိုက်တင်ထုတ်စရာအဖြစ် အမျိုးသမီးအဖွဲ့တွေ ဖွဲ့ပြီး ဟန်ရေးပြခဲ့ကြတယ်။ အခု ဒီအရေးတော်ပုံကြီးမှာ အရွယ်သုံးပါးမရွေးတဲ့ အမျိုးသမီးထုဟာ ရဲဝံ့စွာ လမ်းမပေါ် ချီတက်ခဲ့ကြတယ်။ ဒါကိုလည်း လက်နက်ကိုက်ထားတဲ့ ခင်ဗျားတို့က အမျိုးသမီးထုကြီးကို ကြောက်ပြီး ရိုက်နှက်၊ ဖမ်းဆီး ကြပြန်ပါတယ်။ အဖမ်းခံရတဲ့ မိခင်တွေနဲ့ နို့စို့အရွယ်၊ လူမမယ်အရွယ် ခလေးငယ်တွေဟာလည်း တကွဲတပြားစီဖြစ်နေ ကြရရှာတယ်။ ဒီကိစ္စတွေကို အကာအကွယ်ပေးဖို့နေနေသာသာ နှုတ်ခမ်းနီဆေးဆိုးမပျက်၊ ပိုး၊ဖဲသား အ၀တ်မပျက်တဲ့ ခင်ဗျားတို့ ကတော်ကြီးတွေက မသိချင်ယောင်ဆောင်နေတာ တကမ္ဘာလုံးက အသိပါ။
ထေရ၀ါဒ အဓွန့်အရှည်ဆုံး၊ အထွန်းကားဆုံးတိုင်းပြည်၊ အလှူရေစက် လက်နဲ့မကွာပါလို့ ကြွေးကြော်နေပြီး ခင်ဗျားတို့ရဲ့ ရက်ရက်ရောရော လှူလိုက်တဲ့ နံပါတ်တုတ်၊ ၀ါးရင်းတုတ် ရိုက်ချက်တွေဗျာ၊ သံဃာတော်တွေမှာ အတုံးအရုံး ဖြစ်၊ သင်းပိုင်ကျွတ်နဲ့ ထွက်ပြေးနေရရှာတဲ့ ကိုယ်တော်ရဲ့ သင်္ဃန်းကိုဆောင့ှ်ဆွဲပြီး ပယ်ပယ်နယ်နယ်လှူနေတဲ့ ခင်ဗျားတို့ ရဲ့ ဒုတ်ဒါနအလှူတွေကို တကမ္ဘာလုံးက အံ့သြထိတ်လန့်၊ တုန်လှုပ်ရအောင်လည်း မြင်ခဲ့ကြရပါပြီ။
ခင်ဗျားတို့ရဲ့ စစ်သာ၊ စစ်ဖိနပ်တောင်စီးမထားတဲ့ ငမိုက်သားလေးက ဂျပန်သတင်းထောက်ကို အနီးကပ် ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်စဉ်ခင်ဗျားတို့အိတ်ကပ်ထဲရောက်သွားနေကြ ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါပြီ။ ခင်ဗျားတို့ရဲ့ ဗမာလူမျိုးနဲ့ ဆင်နေလို့ လွဲမှားပစ်ခတ်မိတာပါလို့ ဆိုလိုက်ကြပြန်တော့ ဘာလက် နက်မှမရှိတဲ့ ဗမာပြည်က သံဃာတွေ၊ ပြည်သူတွေကို ဗမာလူမျိုး စစ်သားတွေကပဲ အသေပစ်သတ်နေတာပါလို့ ၀န်ခံလိုက်ရပြန်ရောပေါ့။
ခုမီဒီယာတိုက်ပွဲမှာ ခင်ဗျားတို့အတွက် အံ့ကြိတ်ခုခံ၊ လိမ်ညာနေရတဲ့ နိုင်ငံပိုင် သတင်းစာ ၃စောင်နဲ့ ရုပ်သံလိုင်း တွေဟာလည်း ဗမာလူမျိုး သန်း၆၀ကျော်အပေါ် ဘာမှမထိရောက်နိုင်တော့သလို၊ ကမ္ဘာနဲ့လည်း ယှဉ်ဖို့ မလိုတော့ ပါဘူး။ ခင်ဗျားတို့ သတင်းစာစောင်ရေဟာ လူဦးရေနဲ့ယှဉ်ရင် ဘယ်နှစ်ရာခိုင်နှုန်းလောက်များ လွှမ်းမိုးထားနိုင်လို့လဲ။ ရုပ်သံလိုင်းတွေကတော့ တိုင်းပြည်ငွေဖြုန်းရုံသက်သက်ပါဘဲ။ လူတွေက နှစ်ပေစလောင်း၊ ရှစ်ပေစလောင်း၊ အင်တာနက်တွေအပေါ်မှာသာ အာရုံရှိကြတာပါ။
ခင်ဗျားတို့မရှုမလှ ရှုံးနိမ့်သွားတဲ့ ဒီမီဒီယာရှုံးနိမ့်မှုကြီးကို ကြည့်ပြီး ပြည်သူတွေဟာ အမျိုးသားရေးစိတ်ဓါတ်ဆို တာကို နားလည်သဘောပေါက်သွားပါပြီ။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ တိုက်တွန်းလှုံ့ဆော်စရာမလိုဘဲ ခင်ဗျားတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုမြင်ကွင်းတွေကို ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ တကမ္ဘာလုံးသိအောင် ပို့ဆောင် ရင်ဖွင့်ဖြန့်ချပြနိုင်ခဲ့ ပါပြီ။ ခင်ဗျားတို့မှာတော့ “ကျွန်တော်ဟာ သတင်းစာဆောင်းပါးရှင် ဘယ်သူပါခင်ဗျာလို့” ရုပ်ရှေ့ထွက်မပြရဲတဲ့ lier shadow တွေဆီက ဆောင်းပါးတွေကို သတင်းစာတွေမှာအပြည့်တင်၊ ပြည်သူကမဖတ်မှန်းကလည်းအတတ်သိလေ တော့ ပြည်သူဖတ်တဲ့ ပုဂ္ဂလိက ဂျာနယ်တွေဆီမှာ အတင်းကာရော လိုက်ထည့်နေရပါတယ်။ အခုတော့ တစ်မျက်နှာဓါးပြတိုက်ရုံ နဲ့ မကျေနပ်နိုင်တော့ဘဲ နောက်စာမျက်နှာတစ်ဝက်ပါ ထပ်တောင်းနေကြပြန်ပါပြီ။ အခုခင်ဗျားတို့ လုယက်ထားတဲ့ ဂျာနယ်စာတစ်မျက်နှာဟာ ကြော်ငြာအဖြစ်အသုံးပြုခွင့်ရလို့ရှိရင် သိန်းဂဏန်းတန်တယ်ဆိုတာ ဂျာနယ်ထုတ်ဝေသူတိုင်း အသိပါ။ ရာချီတဲ့ဂျာနယ်တိုင်းဆီက ခင်ဗျားတို့ လုယက်ထားတာဟာ ပြည်သူတွေ စီးပွားရေးဒုက္ခရောက်အောင်လုပ်နေ တာ ကျွန်တော်တို့ပါဘဲလို့ ၀န်ခံနေသလိုပါပဲ။
ဝဋ်ကြွေးများမှ လွတ်မြောက်မဲ့အကြောင်း
ဒီဝဋ်သံသရာငရဲက လွတ်စေဘို့ ခင်ဗျားတို့ဟာ အရင်ဆုံး ခင်ဗျားတို့ချင်း စည်းရုံးရေးကို ဖော်ဆောင်ရမယ်။ စည်းရုံးခဲ့ပြီဆိုရင်တော့ ခင်ဗျားတို့လက်တွေမှာ စွန်းထင်းနေတဲ့ သံဃာတော်တွေရဲ့ သွေးတွေကို ရေစက်ချ၊ အမျှပေးဝေ ပြီး သတ္တိရှိရှိနဲ့ ကမ္ဘာသိအောင် တောင်းပန်ပါ။
ခင်ဗျားတို့အဓိကကြောက်ရွံ့နေတဲ့ “ငါတို့ကျရှုံးတဲ့ တနေ့ ပြည်သူတွေလက်မှာ မတွေးရဲဘူး” ဆိုတဲ့ အတွေးကို အပြင်ကို ထုတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲမှာ ထိုင်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ ပုန်းခိုစရာမြေနေရာကို တောင်းဆို ပါ။ ခင်ဗျားတို့ဘက်က ဒီလိုပွင့်လင်းခဲ့ရင် ပြည်သူဟာ မကျက်သေးတဲ့ ဒဏ်ရာတွေရှိနေသေးသည့်တိုင် သင်ပုန်းချေပေး နိုင်ပါလိမ့်မယ်။
ဒီလိုမလုပ်ခဲ့ရင်တော့ ခင်ဗျားတို့ စစ်ဖိနပ်အောက်မှာ ကျခဲ့၇တဲ့ ပြည်သူနဲ့ သံဃာတို့ရဲ့ မြင့်မြတ်လှတဲ့ သွေး၊ မျက်ရည်တို့ဟာ ဘယ်တော့မှ မခြောက်ခမ်းဘဲ စေးထန်းစွာနဲ့ ခင်ဗျားတို့ကို ပြန်လည်ဝါးမြိုလာမယ့် သွေးနွံအိုင်ကြီးတွေ ဖြစ်လာရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ဒီတစ်ကြိမ် လုပ်ရပ်ကြောင့် မေ့လွယ်ပျောက်လွယ် တဲ့ ဗမာလူမျိုးတွေဟာ ရင်နင့်အောင် ကြေကွဲရပြီး ရင်တပြင်လုံးဗြန်းဗြန်းကွဲအောင် ခင်ဗျားတို့ကို မုန်းတီးနေလို့ ဒီသွေးနွံအိုင်ကြီးက စီးဆင်းနေတဲ့ သွေးတွေထဲ မှာ ခင်ဗျားတို့ကို မုန်းတီးရွံရှာနေတဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ပေါ်ထွန်းလာဦးမှာဘဲ။ ဒါဟာ ခင်ဗျားတို့အတွက် ဘယ်တော့မှမပြီးဆုံးတဲ့ ၀ဋ်သံသရာဖြစ်ပြီး ခင်ဗျားတို့က ပြည်သူတွေရဲ့ အသွေးထဲအသားထဲအထိ ၀င်ရောက်ရိုက်နှက် ပယ်ဖျက်ပစ်လို့မရတဲ့ ဒီမိုကရေစီအောင်ပွဲကြီးဖြစ်တယ်။
မင်းသစ်တည်
မှတ်ချက်0 ခု ရေးပြီးချိန်: 11/26/2007 12:40:00 AM
Friday, November 23, 2007
ကာတွန်းတွေက ပြောသော အမှန်တရား (၅)
စာရေးသူ: s0wha1
Labels:
ကူးယူးဖော်ပြခြင်း
မှတ်ချက်0 ခု ရေးပြီးချိန်: 11/23/2007 12:50:00 PM
Thursday, November 22, 2007
လိုနေသည်
စာရေးသူ: s0wha1
Labels:
Poems,
ကူးယူးဖော်ပြခြင်း
ဘယ်သူကများ….. အပျော်နွှဲချင်ပါ့မလဲ…။
ရင်းထားသမျှ …. ဘာမှပြန်မရနိုင်တဲ့ပွဲ
နွှဲသမျှလူ …. နလံမထူနိုင်အောင် ဖြစ်ရတဲ့ပွဲ
ဒီလိုပွဲမှာ … ဇွဲနဲ့ဆက်နွှဲနေတဲ့လူတွေရှိသေးသတဲ့။
တဗိုလ်ကျရင်… နောက်တစ်ဗိုလ် တက်မယ်
မျိုးဆက်သစ်တွေ အများကြီးရှိသတဲ့
လှေခွက်ကြီးကျန်ပစေ… အလံမလဲစေရဘူးတဲ့။
ရှိသမျှလဲ… စွန့်ခဲ့ပြီးပြီ…၊ ပိုင်ဆိုင်သမျှလဲ…. လှူခဲ့ပြီးပြီ
ဒါထက်ပို လိုမယ်ဆိုရင် အသက်ကိုလဲ လှူအုံးမတဲ့
အော်…. သားကောင်းတို့မွေးရာမြေမှာပေါ့…..။
အာဏာရူးတဲ့ … စစ်ဘီလူးတွေက
အာဏာသာတည်မြဲမယ်ဆို
သံဃာကိုလဲသတ်မှာပဲ၊ ကျောင်းသားဆိုလည်း အသေပဲတဲ့။
တို့အာဏာဖီဆန်သူမှန်သမျှ
မကြွင်းကျန်စေရ … အကုန်သတ်ကြတဲ့။
စစ်ခွေးတွေရဲ့ဖိနပ်အောက်မှာ
သံဃာနဲ့ကျောင်းသားသွေးတွေ စေးထန်းနေခဲ့ရပြီ။
ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင်ကျလို့ ဘုရားတနေကြရပြီ။
အံကြိတ်ရင်းတောက်ခတ်သံတွေ
ဗမာတပြည်လုံးမှာ ညံနေခဲ့ရပြီ။
တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းခဲ့တဲ့ခွပ်ဒေါင်းအလံ
မိုးယံမှာတစ်ကြောင်းထပ်ပျံနိုင်ဖို့အရေး
ဒို့သွေးကို စတေးဖို့လိုနေပြီ။
မဟုတ်ရင်မခံ … တို့တွန်းလှန်ကြစို့
တို့ရဲ့သွေးကိုရင်းကာ… ဒီမိုကရေစီပန်းချီကားတစ်ချပ်
အပြီးသတ်ရေှးဆွဲရအောင်
ကဲ….. လိုက်မှာလားမိတ်ဆွေ…. စွန့်ရဲရင်ထွက်ခဲ့ပါ။
မေမင်းဆက်
Email ကနေတဆင့်ရရှိတဲ့ မမေမင်းဆက်ရဲ့ ကဗျာ။
မှတ်ချက်0 ခု ရေးပြီးချိန်: 11/22/2007 12:32:00 PM
ဘဂ၀ါမြတ်ကို တကယ်သတ်တဲ့ မာန်နတ်လိုစစ်တပ်
စာရေးသူ: s0wha1
Labels:
Poems,
ကူးယူးဖော်ပြခြင်း
မင်းကွန်းဆရာတော်ဘုရားရဲ့
အမျှဝေ၊ တရားဒေသနာသံတွေနဲ့
အကြောက်တရားကို ရုန်းကန်ခဲ့တဲ့
ရင်ခေါင်းကွဲအော်သံတွေ…….
၁၉နှစ်ကြာခဲ့ပြီ ….
မျိုးဆက်တွေပြောင်းမသွားခဲ့ဘူး
အရွယ်သုံးပါး အကုန်လမ်းပေါ်ရောက်ခဲ့ပြီ။
ဒီတစ်ခါတော့ တကယ်လွတ်မြောက်ပြီဆိုတဲ့အတွေးနဲ့
စိတ်မခိုင်သူတွေက မျက်ရည်နဲ့ လက်ခုတ်သံရောခဲ့ပြီ၊
စိတ်ဓါတ်ခိုင်မာသူတွေက မေးကြောတွေထောင်ထလို့
တွဲလက်တွေဆုတ်ကိုင်မြဲခဲ့ပြီ။
ပေါက်ကွဲထွက်ချင်လို့ လမ်းလွဲတစ်ဖက်
အမျိုးသားရေး သွေးထွက်ပွဲတွေ မဖြစ်ရအောင်
ဘဂ၀ါတွေက ကွပ်ကဲ
ဘုရားရဲ့ တရားရိပ်အောက်က လွတ်ထွက်မသွားဘဲ
ငါတို့လူမျိုးချင်းမမုန်းရ၊ မသတ်ရ၊ မညှင်းဆဲစေရဘူးတဲ့….
အဓမ္မကို ဓမ္မကသာ အမြဲအောင်ရမယ်တဲ့……
ကဲ… ဒီနေ့တော့ ၂၆၊ အဓမ္မသမားက လမ်းရိုး လမ်းဟောင်း
၈၈ အတိုင်းလိုက်လို့
ဘုရားသားတော်၊ ဗုဒ္ဒရဲ့တပည့် သာဝက၊ ဓမ္မရဲ့ဦးသျှောင်တွေကို
ယုတ်ရင်းကြမ်းတမ်းခဲ့ပြီ….
နေ့ခင်းကြောင်တောင်နေပူကြဲထဲ၊ မိုးချူန်းဟစ်လို့ ပြည်သူ့ရင်ထဲ
အသဲနှလုံးကြွေပျက်သုန်းခဲ့ရပြီ။
ဘုရား..ဘုရား…. တကယ်လုပ်ရဲခဲ့ကြပါလား…
တကယ်လုပ်ရက်ခဲ့ကြပါလား..
အ၀ီစိဆိုတာ ကြိုမမြင်ရလို့များလား…
ဘုရားသာဝကတွေကိုတောင် ငါနဲ့ကိုင်တုတ်၊ ဆဲရေးတိုင်းထွာ
နံပါတ်တုတ်အပေါ်မှာ ပိုမိုယုံကြည်နေခဲ့ရော့သလား…..
မေးပါရစေ… ဒီမြေ ဒီရေဟာ ဘုရားမြေပါလားလို့
ဂုဏ်ယူကြွေးကြော် ၀င့်ထည်ခဲ့ပြီးမှ
မြတ်ဘုရားရွှေတိဂုံ၊ မြတ်ဘုရားဆူးလေစေတီတော်တို့ရဲ့
ရှေ့တော်ရင်းမှာပဲ တကယ်ကို သတ်ရက်ခဲ့ကြပြီလား
မင်းတို့လက်ကသေနတ်၊ နံပါတ်တုတ်တွေထဲမှာ
မင်းတို့ရဲ့ နေပျော်မယ့် လှပတဲ့အနာဂါတ်ကိုများ မြင်တွေ့ခွင့်ရနေလို့လား…..
ရေစီးရင် ရပ်တန့်လို့မရသလို
သွေးစီးရင် ရောနှောတတ်လို့
ကောင်းကင်က တိမ်မည်းညိုတွေဟာ
နိမိတ်ထွန်းနေခဲ့ပြီ။
အနာဂါတ်ဆိုတာ…..
မဖွင့်ရသေးတဲ့ လိုက်ကာတစ်ချပ်၊ ဆွဲမချရသေးတဲ့ ကားလိပ်တစ်ချပ်ပါ။
ကားလိပ်ကို ဆွဲချရင်….
ကားလိပ်နောက်က မြင်ရမဲ့မြင်ကွင်းဟာ
မြက်ခင်းစိမ်းလား၊ အနိဌာရုံလားဆိုတာ
မင်းရော၊ ငါရော အတူတူ ဆွဲချလို့
ကြည့်ကြရမည့်… မြင်ကွင်းတစ်ခုပါပဲ။
August Summer
ကိုမင်းသစ်တည် အီးမေးလ်ထဲက ကဗျာတစ်ပုဒ်...
မှတ်ချက်0 ခု ရေးပြီးချိန်: 11/22/2007 12:30:00 PM
အမေ မငိုပါဘူး
စာရေးသူ: s0wha1
Labels:
Poems,
ကူးယူးဖော်ပြခြင်း
*** *** ***
အမေ့သား…. ထွက်သွားတာ ကြာပါရော့လား….
အမေတစ်ခု သားတစ်ခုမို့
အလိုလိုက်ကာ အကြိုက်ပေးလို့
မွေးထားတဲ့အမေ့သား
အမေ့ကိုထားပြီး … ထွက်သွားတာ ကြာပါရော့လား..။
ဒီတစ်ဝါဆိုမှာဖြင့် စာတွေကို သင်ယူဖို့အရေး
မြို့ရန်ကုန် ကျောင်းသင်္ကန်းကိုမှ မြန်းချင်သတဲ့လေ….
အမေ့ရင်ခွင်နွေးနွေးထက် … သာသနာ့အရိပ်က ပိုအေးသတဲ့
ပရိယတ္တိစာပေမှာထူးချွန်သူ သာသနာ့အာဇာနည်ဖြစ်လိုတဲ့ အမေ့သား
ဝါလကင်းလွတ် သီတင်းကျွတ်ရင်ဖြင့်
အမေ့ဆီပြန်လာကာ တရားမျှအုံးမတဲ့…
အမေ့သား မောင်ပဉ္စင်းကလေ….။
ခု သီတင်းကျွတ်အပြီးမှာဖြင့်
တရားမျှမဲ့ အမေ့သားကိုယ်စား
သင်္ကန်းလေးတစ်စ၊ စာရွက်လေးတစ်ရွက်နဲ့
ဓါတ်ပုံလေး တစ်ပုံပဲ အမေ့ဆီရောက်လာတယ်….။
သွေးစွန်းနေတဲ့ သင်္ကန်းစနဲ့
ကျိုးကြေနေတဲ့ သားဓါတ်ပုံလေးက
အမေ့သားဘယ်မှာရှိလဲ… မပြောနိုင်ကြပါလား။
ညစ်နွမ်းနွမ်း စာရွက်ပေါ်က သားလက်ရေး
“လွတ်လပ်မှ အမျှပေးပါ အမေ” တဲ့….။
အမေ့ရင်ကို ခွဲသွားတဲ့သား … မင်းဘယ်နေရာမှာများလဲ…
ရွာထိပ်ကညောင်ပင်အောက်မှာ အမေအမြဲစောင့်နေတယ်။
အမေ့သားရဲ့အမှာစကား …. အမေအလေးထားလို့
အမျှမဝေသေးပါဘူးသားရယ်။
ရင်ထဲမှာရွာတဲ့မိုးကြောင့် နှလုံးသားက မောလှပြီ။
ဒါပေမဲ့…..
အမေ မငိုပါဘူးသားရယ်…. ဂုဏ်ယူပါတယ်။
မှတ်ချက်0 ခု ရေးပြီးချိန်: 11/22/2007 11:00:00 AM
Wednesday, November 21, 2007
Don’t Wait Until Tomorrow
စာရေးသူ: s0wha1
Labels:
Poems,
ကူးယူးဖော်ပြခြင်း
နိုဝင်ဘာ ၆ ရက်နေ့က ပို့ထားတဲ့ ကိုမင်းသစ်တည်နဲ့ မမေမင်းဆက်တို့ မောင်နှမရဲ့ အီးမေးလ်ကို မနေ့ကမှ ဖွင့်ဖတ်မိတာနဲ့ ဒီနေ့မှပဲ သူတို့ ရေးထားတဲ့ စာ၊ ကဗျာအချို့ကို ဖတ်ခွင့်ရတယ်။ အားလုံး ဖတ်နိုင်အောင် ကျွန်မ ဘလော့ဂ်မှာ ပြန်လည် မျှဝေလိုက်ပါတယ်။
*** *** ***
Somebody is crying in the dark,
who lost her son is a monk.
Somebody had work up in midnight,
who had suffering for humanright.
Somebody had beatten on the road,
who had been holding a signboard.
Somebody is praying in the jail,
who had arrested and touture all the day.
They have sacrificed for their country,
but their country had not free.
We have to handover their work
if you dare to give your life.
We have to follow their way,
Which they walk with love and pray.
We will fight to reach our goal,
Don’t wait until tomorrow.
May Min Set
မှတ်ချက်0 ခု ရေးပြီးချိန်: 11/21/2007 08:32:00 PM
Tuesday, November 20, 2007
လူမိုက်တို့ သွားရာလမ်း
စာရေးသူ: s0wha1
Labels:
စက်တင်ဘာလ မြန်မာပြည်,
ရုပ်သံမှတ်တမ်း
သီတဂူ ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော "လူမိုက်တို့ သွားရာလမ်း" တရားတော်...
|
|
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 11/20/2007 08:40:00 PM
အဆိုးဆုံးရောဂါ ကုစားပါ
စာရေးသူ: s0wha1
Labels:
စက်တင်ဘာလ မြန်မာပြည်,
ရုပ်သံမှတ်တမ်း
ဆရာတော် အရှင်ဦးကောဝိဒ ဟောကြားတော်မူသော "အဆိုးဆုံးရောဂါ ကုစားပါ" ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။
|
s0wha1
1 comments ရေးပြီးချိန်: 11/20/2007 08:35:00 PM
ဧကရာဇ်မင်းကြီးရဲ့ ဘ၀ နိဂုံး
စာရေးသူ: s0wha1
Labels:
စက်တင်ဘာလ မြန်မာပြည်,
ရုပ်သံမှတ်တမ်း
သီတဂူ ဆရာတော် ရှင်ဥာဏိဿရ ဟောကြားတော်မူသော "ဧကရာဇ်မင်းကြီးရဲ့ ဘ၀ နိဂုံး" တရားတော်ပါ။
|
|
s0wha1
မှတ်ချက်0 ခု ရေးပြီးချိန်: 11/20/2007 08:18:00 PM
Tuesday, November 13, 2007
နိုဝင်ဘာ ၁၃
စာရေးသူ: s0wha1
Labels:
Birthday Wish,
s0wha1
မှတ်ချက်9 ခု ရေးပြီးချိန်: 11/13/2007 10:58:00 PM
Saturday, November 3, 2007
အမေ့ခံမိခင် ဒေါ်ခင်ကြည်
စာရေးသူ: s0wha1
Labels:
ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
*** *** ***
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သင်္ကေတအားဖြင့် တခုတည်းလို ဖြစ်ပါ၏။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကို နယ်ချဲ့စနစ်မှ လွတ်မြောက်အောင် ရှေ့ဆောင်ကြိုးပမ်းခဲ့သူ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ရှေ့ဆောင်ကြိုးပမ်းနေသူ။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး၏ သင်္ကေတ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ၏ သင်္ကေတ။ သင်္ကေတ နှစ်ခုစလုံးပင် မြန်မာ့နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှုကို ဖော်ကျူးနေပေသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတို့အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ခွဲမရ ခွါမရ ဒင်္ဂါးပြားတချပ်တည်း၏ ခေါင်းနှင့် ပန်းပမာ ဖြစ်နေသည်။ ဗိုလ်ချုပ် အောင်ဆန်းကို သိသူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သိသလို
ဒေါ်အောင်ဆန်းစုကြည်ကို သိသူတိုင်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကို သိသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုးသူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးသလို ဒေါ်အောင်ဆန်း စုကြည်ကို လေးစားမြတ်နိုးသူတိုင်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုးကြသည်။
သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းပြောဆိုသည့်အခါ “ဖခင်၏ ခြေရာကို နင်းသူ” “အဖေတူသမီး” စသည့် အသုံးအနှုန်းတို့ဖြင့် ဂုဏ်ပြုချီးမွမ်းတတ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်သော ဂုဏ်ရည်ဂုဏ်သွေးများသည် ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက်သွန်သင် လမ်းညွှန်မှုဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ဖို့ နည်းသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ တွင် ဖခင်ဖြစ်သူ အလုပ်ကြံ ခံရစဉ်က သူ့အသက်မှာ နှစ်နှစ်သာ ရှိပါသေးသည်။ ဖခင်ဖြစ်သူနှင့် ကြာကြာထိတွေ့ခဲ့ရခြင်းမရှိ။
“ဖေဖေ သေဆုံးသွားတဲ့အချိန်မှာ ကျမ အသက်က သိပ်ငယ်သေးတော့ ဖေဖေ့အကြောင်း ဘာမှ မမှတ်မိဘူး”ဟု သူရေးသည့် Aung San of Burma (1984) စာအုပ်အမှာစာတွင် ဖော်ပြခဲ့သည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား လမ်းညွှန်သွန်သင်ခဲ့သူသည် မည်သူနည်း။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာ့ပြည်သူလူထု၏ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာအောင် မည်သူက အားပေးလှုံ့ဆော်ခဲ့သနည်း။
မိခင် ဒေါ်ခင်ကြည်မှတပါး တခြားသူမဖြစ်နိုင်ပေ။ ဒေါ်ခင်ကြည်ကား ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လို အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာအကြီးဆုံး အမျိုးသမီးတဦး ဖြစ်ခဲ့ပါသည်။
“ဒေါ်ခင်ကြည်ဟာ သူ့ကလေးတွေကို ငယ်ငယ်ကတည်းက သူတို့ဖခင်အကြောင်း သိအောင် ပြောပြထားတယ်” ဟု ဒေါ်သန်းအေးက သူ၏ A Flowering of the Spirit: Memories of Suu and Her Family ဆောင်းပါးတွင် ရေးသားခဲ့ သည်။ ကျော်ကြားသည့် အဆိုတော်လည်း ဖြစ်၊ ကုလသမဂ္ဂတွင် အမှုထမ်းခဲ့ဖူးသူလည်း ဖြစ်သည့် ဒေါ်သန်းအေးသည် ဗိုလ်ချုပ်အောင်ဆန်း မိသားစုနှင့် အလွန်ရင်းနှီးခင်မင်သူဖြစ်သည်။
ဒေါ်ခင်ကြည်သည် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို နားလည်သဘော ပေါက်အောင် သွန်သင်ညွှန်ပြပေးသူဖြစ်သည်ဟု ရင်းနှီးသူမိတ်ဆွေများက ယုံကြည်ကြသည်။ “သူ့မိခင်ရှေ့မှာဆိုရင် ဒေါ်စုဟာ ဘာမှ မသိတဲ့ ကလေးလေးလိုပဲ။ နိုင်ငံရေးဖြစ်ဖြစ် ဘာကိစ္စမှာပဲဖြစ်ဖြစ်ပေါ့ ” ဟု ကဗျာဆရာကြီးတင်မိုးက ပြောသည်။
ဒေါ်ခင်ကြည်သည် မြန်မာ့နိုင်ငံရေးအကြောင်း အလွန်သိသူဖြစ်သော်လည်း သူသိကြောင်းကို ပြောခဲလှသည်ဟု ဆရာကြီး တင်မိုးက ပြောသည်။ နိုင်ငံရေးအကြောင်းပြောသည့်အခါတွင် သံတမန်တဦး၏ ပြောပုံဆိုပုံအတိုင်း ကျွမ်းကျင်လိမ္မာလှသည် - ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးအကြောင်းကို သူ့မိခင်ထံမှ သေချာပေါက် သင်ယူရရှိခဲ့ပါလိမ့်မည်ဟု ဦးတင်မိုးက ပြောသည်။
၁၉၈၀ ခုနှစ်များအတွင်းက ဦးတင်မိုးသည် ဒေါ်ခင်ကြည်၏ နေအိမ်သို့ မကြာခန သွားရောက် လည်ပတ်လေ့ ရှိသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မှ အလည်အပတ် ရောက်နေသည်။ ဒေါ်ခင်ကြည်သည် ခြံဝန်းထဲမှာ စိုက်ရင်းပျိုးရင်းဖြစ်စေ၊ မီးဖိုချောင်တွင် ထိုင်ရင်းဖြစ်စေ ဦးတင်မိုးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကို စကားပြောတတ် သည်ဟု ဆိုသည်။
ဒေါ်ခင်ကြည်ကား ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့လောက် မကျော်ကြားစေကာမူ သူ့နယ်ပယ်နှင့် သူ အောင်မြင်ခဲ့သူကား ဖြစ်ပေသည်။ ၁၉၄၇ မှ ၁၉၅၂ အထိ လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအမျိုးသမီးအသင်း၏ ဥက္ကဌ ဖြစ်ခဲ့သည်။ တခြား လူမှုအဖွဲ့အစည်းမျာတွင်လည်း ခေါင်းဆောင်ဖြစ်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာသည်။ တချိန်တည်းမှာပင် နီပေါနိုင်ငံ အတွက်လည်း ပူးတွဲတာဝန်ယူခဲ့ရသည်။ ထိုကဲ့သို့ ကြီးမားသည့် တာဝန်ကို ထမ်းဆောင်နေရသော်လည်း သမီးဖြစ်သူကို လျစ်လျူရှုမထား။ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်၏ စီစဉ်မှုဖြင့် ပညာကို ကြိုးကြိုးစားစား သင်ယူလေ့လာသည်။ မြင်းစီးလေ့ကျင့်သည်။ စန္ဒရားတီး သင်သည်။ ပန်းအလှပြင်သည့် အတတ်ကို သင်သည်။
ဒေါ်ခင်ကြည်၏ စွမ်းဆောင်မှုတို့ကို အသိအမှတ်ပြုသည့်အနေနှင့် မြန်မာအစိုးရက မဟာသီရိသုဓမ္မဘွဲ့ကို ပေးအပ်ချီးမြှင့် သည်။ အမေရိကန်ပြည်ထောင်စု၊ ယူဂိုစလားဗီးယားနှင့် ထိုင်းနိုင်ငံတို့ကလည်း ဘွဲ့ထူးများပေးကာ ဂုဏ်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်ကား ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်မှ မွေးဖွားလာသူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆေးရုံမှာ တက်ရောက် ဆေးကုသရင်း အကြီးတန်းသူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် တွေ့ဆုံကာ ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၂ တွင် လက်ထပ်ပြီး ၁၉၄၅ တွင် ဒေါ်အောင်ဆန်းစုကြည်ကိုမွေးသည်။
“သူနာပြုဆရာမ မခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းကို တည်တည်ကြည်ကြည်ဆက်ဆံ၏။ ကြင်ကြင်နာနာ ဆက်ဆံ၏။ ပြုံးရယ်စရာများပြောဆိုခြင်းဖြင့် ဗိုလ်ချုပ်၏ စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေ၏။ အလွန်စိတ်ဓာတ်ပြင်းထန်လှတဲ့ စစ်သေနာပတိသည် ဘယ်လိုမှ ရုန်းမထွက်နိုင်တော့” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ Aung San of Burma စာအုပ်တွင် ရေးသည်။
“ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ခင်ကြည်ကို လက်ထပ်လိုက်သည့်အတွက် သူရသတ္တိနှင့်လည်းကောင်း မေတ္တာကရုဏာနှင့် လည်းကောင်း ပြည့်စုံသည့် ဘ၀အဖော်မွန်တယောက်ကို ရလိုက်သည်သာမက သူတန်ဖိုးထားသည့် ဂုဏ်ရည်ဂုဏ်သွေး များကို ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်မည့် စိတ်ဓာတ်ခိုင်ကြည်သော အမျိုးသမီးကောင်း တစ်ယောက်ကိုပါ ရလိုက်သည်” ဟု ရေးသည်။
ဒေါ်ခင်ကြည်သည် ယင်းဂုဏ်ရည်ဂုဏ်သွေးများကို သမီးဖြစ်သူထံတွင် သွတ်သွင်းပေးခဲ့သည်မှာ ထင်ရှားသည်။ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ကဗျာဆရာကြီးဒဂုန်တာရာက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေးခေါ်ပုံတွင် အလွန်သိသာထင်ရှားသည့် တူညီမှုတခု ရှိသည်ဟု ဆိုသည်။
“ ကိုအောင်ဆန်းက ဘာပဲပြောပြော သူပြောသမျှထဲမှာ မြန်မာပြည်လွတ်လပ်ရေးရရင် ဆိုတဲ့ စကားက အမြဲပါတယ်။ ဒေါ်စုကလည်း ဘာပဲပြောပြော သူပြောသမျှထဲမှာ မြန်မာပြည် ဒီမိုကရေစီရရင် ဆိုတဲ့စကားက အမြဲပါတယ်” ဟု ဒဂုန်တာရာက ပြောသည်။ ဒေါ်ခင်ကြည်၏ အထင်ရှားဆုံး အရည်အသွေးနှင့် ပတ်သက်၍ မေးသည့်အခါ ဆရာကြီးက “တည်ကြည်မှုပေါ့ဗျာ” ဟု မဆိုင်းမတွပြောသည်။
၁၉၈၈ ခုနှစ်တွင် ကျောင်းသားများက အာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြရာ ပြည်သူလူထုတရပ်လုံး ပါဝင်လာပြီး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်လာသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မကျန်းမမာဖြစ်နေသော မိခင်ဒေါ်ခင်ကြည်ကို ပြုစုရန်အတွက် လန်ဒန်မှ ရန်ကုန်သို့ ရောက်လာသည်။ အရေးအခင်းကြီးစတင်ပြီး မကြာမီပင် ဒေါ်အောင်ဆန်းစုကြည်သည် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူ့ကို မိခင်ဖြစ်သူကသာ လိုအပ်သည်မဟုတ် တိုင်းပြည်ကလည်း လိုအပ်နေသည် ဟူ၍တည်း။
ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင်ကွယ်လွန်သွားသည်။ မကွယ်လွန်မီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သည် မိခင်ဖြစ်သူထံမှ မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ဖို့အတွက် ထောက်ခံမှုကို တောင်းခဲ့မည်မှာ သေချာလှသည်ဟု ကဗျာဆရာကြီးတင်မိုးက ပြောသည်။ဒေါ်ခင်ကြည်၏ ဈာပနတွင် လူပေါင်း ၂ သိန်းခန့် တက်ရောက်ဂါရဝပြုခဲ့သည်ဟု ခန့်မှန်းကြသည်။
ယခုအချိန်အထိကား ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိ ဟူ၍ တစောင်တဖွဲ့ မရှိသေးပါ။ ထင်ရှားသော စာရေးဆရာ တယောက်က သူ့အတ္ထုပ္ပတ္တိကို ရေးခွင့်တောင်းရာ ရိုးရိုးစင်းစင်း နေထိုင်လေ့ရှိသော ဒေါ်ခင်ကြည်သည် လက်သင့်မခံဘဲ ငြင်းခဲ့သည် ဟု ကဗျာဆရာကြီးတင်မိုးက ပြောသည်။
မည်သို့ဖြစ်စေ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူ့မိခင်အကြောင်းရေးရန် အကောင်းဆုံး အချိန်ဖြစ်ပါ သည်။ သူ့ဘ၀အားပုံဖော်ပေးခဲ့သူအကြောင်း သူသာလျှင် ရေးဖို့ အသင့်ဆုံးဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်သာ ရေးမည် ဆိုလျှင် ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသော ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ဖြစ်မည်သာမက ကိုလိုနီခေတ်လွန်မြန်မာ့နိုင်ငံရေး အကြောင်းလည်း ဖြစ်ပေလိမ့်မည်။ကျော်စွာမိုး
*** *** ***
မှတ်ချက်3 ခု ရေးပြီးချိန်: 11/03/2007 10:20:00 PM