ကိုပေါက ဒီဘုန်းကြီးကျောင်းကို မသိဘူးဆိုပြီး ကွန်မန့်လာရေးသွားလို့ ပြောရဦးမယ်။ တကယ်က ကိုပေါမသိတာလည်း အလွန်မဟုတ်ဘူး။ ပီနန်မြို့ပေါ်မှာနေတဲ့ မြန်မာတိုင်းတောင် သိမှာ မဟုတ်ဘူး။ ဘာလို့ဆို တပါးထိုင်ကျောင်းလေးဖြစ်တဲ့အပြင် ပီနန်မြို့ပေါ်မှာ ရှိတာလည်း မဟုတ်ဘူးလေ။ ပီနန်ကနေ နာရီဝက်လောက် သွားမှ အဲဒီ Bukit Mertajam မြို့နယ်ကို ရောက်မှာ။ ၁၂ ကီလိုမီတာရှည်တဲ့ တံတားကြီးကို ဖြတ်သွားရသေးတာ။ ပြီးတော့ ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေကလည်း အကုန် မလေးတရုတ်တွေကြီးပဲ။ ပီနန်းမြို့ပေါ်က ထိုင်းဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းလိုတော့ လူသိ ဘယ်များမလဲ။ ဥပမာပေးရရင် စလုံးမှာ တိုပါးရိုးဘုန်းကြီးကျောင်းကို လူတိုင်းသိပေမယ့်၊ တပါးထိုင် ဘုန်းကြီးကျောင်းလေးတွေကို လူတိုင်း မသိသလိုပေါ့။ ကျွန်မဆို Eunos မှာ ရှိတဲ့ ဘုန်းကြီးကျောင်း တခါမှကို မရောက်ဖူးတာ။ :P
ခု အဲဒီပီနန်းမြို့နားက ဘုန်ကြီးကျောင်းမှာ ရိုက်လာတဲ့ လက်ကျန်ပုံလေးတွေ ထပ်တင်လိုက်ပါတယ်။
ဘုန်းကြီးကျောင်းဝန်းထဲက ဘဲရုပ်သေးသေးလေးပါ။ ချစ်ဖို့ အတော်ကောင်းပါတယ်။
သမင်သားအမိက မှန်ဘီလူးဆွဲပြီး ရိုက်ထားတော့ ကြီးနေသလိုပါပဲ။
ဒါက သူတို့ မူရင်းအနေအထားလေးပေါ့။ တော်တော်သေးတယ် မဟုတ်လား။


နာဂစ်တုန်းက ကူညီထားတာတွေပါ။ အလှူငွေ တော်တော်များများလည်း ရတယ်။ သူတို့ကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီး သွားလှူထားတာ။






ဘုန်းကြီးကျောင်းဝန်းထဲက တပါးထိုင် ကျောင်းဆောင်လေးတွေပါ။
ဒါကတော့ ဒီကျောင်းအဆက်ဆက်က ကျောင်းထိုင်တွေပုံ။
ဒီဆရာတော်ကြီးပါပဲ။ ဘုန်းကြီးကျောင်းကို စထူထောင်ပြီး ထေရ၀ါဒသာသနာကို အဲဒီဒေသပတ်ဝန်းကျင်မှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့တာ မလေးရှားလူမျိုး တရုတ်ဘုန်းကြီးပါ။ရွှင်လန်းချမ်းမြေ့ကြပါစေ။
s0wha1






























