Thursday, March 13, 2008

၁၉၈၉ခု၊ မတ်လ ၁၃ ရက်၊ ရန်ကုန်စက်မှုတက္ကသိုလ်



၁၉၈၉ခုနှစ်၊ မတ်လ ၁၃ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ၁နှစ်ပြည့် ကိုဘုန်းမော်နေ့ (မြန်မာ့လူ့အခွင့်အရေးနေ့) ရုပ်သံဖိုင်ဖြစ်ပါတယ်။ ဒီနေ့မှ YouTube မှာ တွေ့လို့ မကြည့်ရသေးတဲ့သူတွေ ကြည့်ရအောင် ကျွန်မ ဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်။



s0wha1

Wednesday, March 12, 2008

တံတားနီ အမှတ်တရ



နှစ်၂၀ပြည့် တံတားနီအထိမ်းအမှတ်အဖြစ် ရေးထားတဲ့
မမေမင်းဆက်ရဲ့ကဗျာလေးကို အီးမေးလ်ကနေ ကိုမင်းသစ်တည်က ပေးပို့ခဲ့ပါတယ်။

***** *** *****


တံတားနီ အမှတ်တရ

လွန်ခဲ့တဲ့နှစ် ၂၀ ... နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ၊ ဒီတံတားဟာ သွေးစွန်းခဲ့တယ်။

လက်နက်မပါ လက်ဗလာနဲ့
ကျောင်းသူကျောင်းသား လူငယ်များကို
လုံထိန်းတွေ ရှေ့နောက် ပိတ်ကာဝိုင်းလို့
သေရိုက်နှက်ကြတယ်။

ကျောင်းသူအပျို ကလေးမငယ်လေးတွေကို
တဏှာရူးတဲ့ လုံထိန်းတွေက
ကားပေါ်ဆွဲတင် အမှောင်တိုက်သွင်းလို့
ခွေးဇာတ်ခင်းတာ ခံခဲ့ကြရတယ်။

ကျောင်းသားလူငယ် ယောက်ျားငယ်များ
ဦးနှောက်ထွက်၊ မှောက်ခုံလဲလို့
သွေးသံရဲရဲနဲ့ သေပွဲဝင်ခဲ့ကြရတယ်။

ပိုင်ရှင်မဲ့နေတဲ့ ကျောင်းသားကတ်တွေ၊
သွေးစွန်းနေတဲ့ စာအုပ်တွေ၊
ဖိနပ်တွေ၊ လွယ်အိတ်တွေ…
ဟိုမှာတစ… ဒီမှာတစနဲ့ ပြန့်ကာကြဲလို့
မြင်မကောင်းအောင် ဖြစ်ခဲ့ရတာ။

ဒီနေရာ ဒီတံတားဟာ သွေးမခြောက်သေးပါ။
မြက်ခင်းအောက်မှာ၊ သွေးတွေရှိသေးတယ်။
တံတားပေါ်က ခုံတွေကို ခေါက်ကြည့်ရင်
ငိုသံ၊ ညည်းသံ၊ အော်ဟစ်သံတွေ ကြားရအုံးမယ်။

မမြင်ဘူး၊ မတွေ့ဘူး၊ မမီလိုက်တဲ့ လူငယ်များ
အင်းလျားကို လျှောက်သွားတဲ့အခါ
မင်းတို့ ခြေထောက်အောက်မှာ
ကျောင်းသားကျောင်းသူတွေသွေး
စေးထန်းနေတာ သတိရပါ။

မြင်ဘူး၊ တွေ့ဘူး၊ ကြုံဘူးခဲ့သူ လူလတ်များ
အသက်ပေးခဲ့ကြရသူတွေ၊ အရှက်စတေးခဲ့ရသူတွေကို
မင်း မေ့ထားလိုက်တော့မှာလား။

တမလွန်မှာ... စိတ်မအေးနိုင်ဘဲ ရှိနေသေးတဲ့ ၀ိညာဉ်များ
လက်စားချေနိုင်ဘို့အရေး
လာကူပေးလှည့်ကြပါ။

လွန်ခဲ့တဲ့နှစ်၂၀... နွေရာသီ မတ်လအလယ်မှာ
ဒီနေရာ ဒီတံတားဟာ
သွေးစွန်းခဲ့တယ်။


မေမင်းဆက်

***** *** *****

ဒီကဗျာကို ကျွန်မဘလော့ဂ်မှာ တင်ခွင့်ရတဲ့အတွက် မမေမင်းဆက်နဲ့ ကိုမင်းသစ်တည်ကို ကျေးဇူးတင်ပါတယ်။ ကိုဘုန်းမော်ပုံပါရှိသော နှစ်၂၀ပြည့် တံတားနီအထိမ်းအမှတ် ဓာတ်ပုံကို ကိုနစ်နေမန်း ဘလော့ဂ်ကနေ ရရှိပါတယ်။

s0wha1

Monday, March 10, 2008

Real Somebody



လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်မအဖေ မလေးရှားက ပီနန်မြို့လေးမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွားခဲ့ပါတယ်။ ကျွန်မလည်း အဲဒီအကြောင်း ရေးမယ်၊ ရေးမယ်နဲ့ ပျင်းနေတာနဲ့ ခုမှ ရေးဖြစ်တယ်။ အဲဒီကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားကြီး ရေးသားထားတဲ့ နံရံကပ်စာကို အားလုံးအတွက် မျှဝေချင်လို့ပါ။

*** ***** ***

everybody wants to be a somebody
nobody knows how to be a nobody
if ever there is a somebody
who knows how to be a nobody
then that nobody is a real somebody

if you ever want to be a nobody
then follow that somebody
who already is a nobody
(later) let go of everybody
ever that somebody
who already is a 'nobody'
eventually you will be a real nobody

*** ***** ***

ကျွန်မ ဘာသာပြန်လိုက်ရင် မူရင်းဆိုလိုထားတာလေးကို အပြည့်အ၀မမှီမှာ စိုးတဲ့အတွက် ဒီတိုင်းလေးပဲ တင်လိုက်တာ ကောင်းပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Sunday, March 9, 2008

Virus များနှင့် တိုက်ခိုက်ခြင်း



ကိုမျိုးချစ်က သူ့ဘလော့ဂ်မှာ ဒီလို သတိပေးတဲ့ပို့စ် တင်ထားတယ်။

*** *** ***

ဘလော့ဂါ မိတ်ဆွေများသို့ အထူးသတိပေးခြင်း

ဒီနေ့ email ဖွင့်ဖွင့်ခြင်း ရောက်နေတဲ့ စာတွေထဲက မိတ်ဆွေဘလော့ဂါတွေ ရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ Virus တွေအကြောင်း တစ်ခုနဲ့ ပါတ်သက်လို့ ကျွန်တော် နားလည်တဲ့ ကာကွယ်နည်းလေးတစ်ခု ဖြန့်ဝေပေးလိုက်ပါတယ်ဗျာ သူတို့ရဲ့ စာတွေကိုလဲ နဂိုအတိုင်းဖေါ်ပြပေးလိုက်ပါတယ်။

ကလိုစေးထူးရဲ့သတိပေးချက်

ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။

ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ဝက်ဘ်ဆိုက်တွေကို ဝင်လို့ မရပါဘူး။
ကျနော် အရင်က ဝယ်ထားတဲ့ stop'n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။
အချိန်အားမယ်..ဖြစ်နိုင်မယ်ဆိုရင်တော့ တခြားသော နီးစပ်ရာ မိတ်ဆွေတွေဆီကိုပါ သတိပေးထားစေချင်ပါတယ်။

လေးစားစွာဖြင့်

ကလိုစေးထူး

***

ကိုထိုက်ရဲ့သတိပေးချက်

ဟုတ်ပါတယ်၊ ကျွန်တော့် ဘလော့မှာလည်း အဲဒါကို လူတစ်ယောက်လာ ထားသွားပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့
သူပေးတဲ့ link ပေါ် mouse တင်ထားပြီး Browser ရဲ့ ဘယ်ဘက်ထောင့်မှာ အဲဒီ link က ဘယ်ဆိုဒ်က
link လဲဆိုတာကို မြင်ရပါတယ်။ ကိုယ်မသိတဲ့ ဆိုဒ်၊ မသေချာတဲ့ ဆိုဒ်ဆိုရင် လုံးဝ click မလုပ်ပဲ၊ admin ကို
အကြောင်းကြားစေလိုပါတယ်။ အဲဒီ comment အောက်မှာလည်း သတိပေး comment တစ်ခုကို ရေးထားပြီး
အခြားလူတွေကို အဲဒီ comment မဖြတ်ခင် သတိပေးစေလိုပါတယ်။

နောက် တစ်ချက်က ဆိုဒ် admin က ပေးတာ မဟုတ်ဘဲ အခြား လူတွေ ပေးတဲ့ ဆိုဒ်တွေဆို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့
ကိုယ်သွားနေကြ ဆိုဒ်တွေကလွဲရင် အခြားဆိုဒ်တွေကို မသွားတာ အကောင်းဆုံးပါပဲ ခင်ဗျာ။

လေးစားစွာဖြင့်

ကိုထိုက်

***

မမေငြိမ်းရဲ့သတိပေးချက်

အားလုံးပဲ...
သူတို့က နာမည်ပေါင်းစုံသုံးပြီး လုပ်နေတာပါ။ ကျမဆီမှာလည်း ဝင်လုပ်တာ လေးငါးကြိမ်မကတော့ပါဘူး။ ကျမက အဲဒီကော်မင့်ကို ဖျက်ပြီး အဲဒီအောက်မှာ သတိပေးစာလည်း ရေးလိုက်ပါတယ်။ ခုဆိုတော်တော်များများ သိနေပြီထင်ပါတယ်။ တခုထပ်သတိထားရမှာက နောက်ပုံစံတမျိုးနဲ့ လုပ်လာမှာကိုပါ။ သိတာနဲ့ ပို့စ်တင်တာတို့ အကြောင်းကြားတာတို့ လုပ်ကြပါဦး

မေငြိမ်း

***

မျိုးချစ် ၏ အကြံပေးချက်

ဟုတ်ပါတယ်ဗျာ

တကယ်တော့ ကျွန်တော်လဲအဲဒါကို မိတ်ဆွေတို့ဆီကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ (အပျင်းကြီးနေတာပါ) နောက်ပြီးကျွန်တော့်ဆီဘဲလာနေတယ် အောက်မေ့လို့ပါ ဒီကိစ္စက ကျွန်တော်တို့ကိုသာ တိုက်ခိုက်ထားတာမဟုတ်ပါဘူး စာဖတ်သူတွေထဲက Comment ကိုဖတ်ချင်တဲ့သူတွေကိုပါ တိုက်ခိုက်ထားတာပါ ဒီ Virus ကိုရေးနေတဲ့ကောင်တွေကိုလဲ ကျွန်တော့်မိတ်ဆွေတွေ လိုက်နေပါပြီ ဒါကိုအလွယ်ဆုံးကာကွယ်လို့ရတဲ့ နည်းတစ်ခု ရှိပြီးသားပါ

မိတ်ဆွေတို့ Blogger Account ထဲမှာ Settings ကိုသွားပါ ပြီးရင် Comments Tab ကိုနှိပ်လိုက်ပါ

Who Can Comments ထဲမှာ Users with Google Accounts ကိုရွေးပါ

အောက်က Enable comment moderation? မှာ Yes ဆိုတာကိုရွေးလိုက်ပါ

ပြီးတော့ အောက်ဆုံးက Comment Notification Email မှာ ကိုယ့် email ကိုရေးထားပြီး Save Settings ကိုရွေးလိုက်ပါ

ဒါဆိုရင် Comments တွေ Blog မှာမတက်ခင် မိတ်ဆွေတို့ email ထဲကနေ Notify လာပြီး အရင် Review လုပ်ခွင့်ရပါမယ်

ပြီးမှ စိတ်ချရပြီဆိုမှ Publish Comments လုပ်လိုက်ယုံပါဘဲ အလွယ်ပြောရရင် Comment ကို ဆင်ဆာဖြတ်ပြီးမှ တင်တဲ့သဘောပေါ့ဗျာ

ဒီကစပြီး လင့်တွေပါတဲ့ Comments တွေမှန်သမျှ ဖွင့်မကြည့်ဘဲ ဖျက်ပြစ်လိုက်

စိတ်ချရတဲ့ Comment ဆိုမှ Publish လုပ်လိုက် ဒီတော့ Comment ဖတ်သူတွေပါ အန္တရာယ် ကင်းတာပေါ့ဗျာ

ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ရရှိကြမယ်ဆိုကျွန်တော် ကျေနပ်ပါပြီ

ဒီစာလေးကိုလဲ ပြန်လည်ဖြန့်ဝေပေးကြပါဦးဗျာ

လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

*** *** ***

ကျွန်မရဲ့ ပို့စ်တွေမှာလည်း အလားတူ ကွန်မန့်တွေ လာထားထားပါတယ်။ ပထမတခါတော့ ကျွန်မ အလုပ်က ကွန်ုပြူတာကနေ ဖွင့်ကြည့်မိတာဖြစ်လို့ ကျွန်မ အိမ်က သုံးနေကျ LapTop မှာတော့ ဘာမှ မထိခိုက်ခဲ့ပါဘူး။ အလုပ်က စက်ကနေ ဖွင့်မိတော့ ဗိုင်းရပ်စ် alarm တွေပေါ်လာပြီး ချက်ချင်း စကန်လုပ်တာကို တွေ့ရပါတယ်။ ဒါနဲ့ ကျွန်မလည်း သဘောပေါက်လိုက်ပြီး အဲလို ကွန်မန့်တွေ တက်လာတဲ့အခါ ချက်ချင်း ဖျက်ဖျက်ပစ်ပါတယ်။ ဘယ်သူ့ကိုမှတော့ မပြောပြမိဘူး။ ခု ကိုမျိုးချစ်ဆီက အီးမေးလ်ကို ရမှ တော်တော်များများ ဘလော့တွေမှာလည်း ဒီလို ကွန်မန့်တွေကို လက်ခံရရှိတယ်ဆိုတာကို သိရပါတော့တယ်။ ကွန်မန့်များကို
ဖျက်လိုက်ပြီဖြစ်သော်လည်း နမူနာ အနေနဲ့ ကျွန်မ အီးမေးလ်ကနေတဆင့် ကော်ပီပြလိုက်ပါတယ်။ အားလုံးပဲ ဗိုင်းရပ်စ် နှောင့်ယှက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။

သူတို့ ပေးထားသော Link တွေကို click မကြည့်ကြဖို့ အထူး သတိပေးပါတယ်။
အားလုံး သိရုံသက်သက် ကော်ပီပြထားတာပါ။


-----------------------------------------------------------

မတ်လ ၁ ရက်နေ့က ချသွားတဲ့ (ခုချိန်ထိတော့) နောက်ဆုံး ကွန်မန့်ဖြစ်ပါတယ်။

Malashicage has left a new comment on your post "ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု":

Attention please!
Virus Protect
Remove all viruses, spyware and adware!

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကွန်မန့်ဖြစ်ပါတယ်။

Nemuro has left a new comment on your post "မိဘနှင့် သားသမီး":

See HERE OR HERE

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၄ရက်နေ့က ကွန်မန့်ပါ။

Tojagal has left a new comment on your post "မိဘနှင့် သားသမီး":

Warning or look Here

-----------------------------------------------------------

ဖေဖော်ဝါရီ ၂၁ ရက်က ကွန်မန့်။

Ivan has left a new comment on your post "မိဘနှင့် သားသမီး":

Sorry. Look please here

-----------------------------------------------------------

ဖေဖော်ဝါရီ ၁၆ ရက်က ကွန်မန့်။

Ivan has left a new comment on your post "KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံ...":

See here

-----------------------------------------------------------

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပထမဆုံးရရှိတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကွန်မန့် ဖြစ်ပါတယ်။

Malabei has left a new comment on your post "ဘာလဲဟဲ့ Valentine's Day":

I first visited your blog, but my antispyware said that he is infected with an unknown virus.
I deleted the virus through this AntiSpyWare.
The virus does not manifest itself but gradually destroys information on the computer.

*** ***** ***

သူတို့ ပေးထားသော Link တွေကို click မကြည့်ကြဖို့ အထူး သတိပေးပါတယ်။
အားလုံး သိရုံသက်သက် ကော်ပီပြထားတာပါ။


s0wha1

Saturday, March 8, 2008

ကာတွန်းတွေက ပြောသော အမှန်တရား (၉)



ဧရာဝတီ၊ ဟစ်တိုင်၊ ရိုးမ၊ ခေတ်ပြိုင် တို့မှ ကူးယူ ဖော်ပြသည်။













Monday, March 3, 2008

GTC ကျောင်းသူဘ၀ အမှတ်တရ (၂)



ကျောင်းတုန်းကအကြောင်းတွေ ဆက်ရေးချင်သေးလို့ ထပ်ရေးဖြစ်ပါတယ်။

မှော်ဘီ GTC မှာ ကျောင်းတက်တုန်းကအကြောင်းပြောရင် ပဲခူးမြို့ဆိုတာ ကျွန်မတို့ ခြေရာတွေထပ်ခဲ့တဲ့ နေရာတစ်နေရာအဖြစ် ပြောဖို့ကျန်ခဲ့လို့ မဖြစ်ဘူး။ ပဲခူးဘက်ကို ပဲခူးဘုရားဖူးဆိုပြီး မကြာမကြာ သွားကြတယ်။ ပဲခူးသူ သူငယ်ချင်းမတစ်ယောက်ကလည်း မှော်ဘီမှာ လာတက်နေတော့ သူ့အားကိုးနဲ့ သွားကြတာလည်း ပါတာပေါ့။ ကားကိုယ်တိုင်မောင်းပြီး ကျောင်းတက်တဲ့ သူငယ်ချင်းတွေရဲ့ ကားတွေနဲ့ သံလျင် GTC ဘက်ထိလည်း ခြေဆန့်တတ်ကြပါသေးတယ်။ လူက ညီတော့ တော်တော်လေး ပျော်ဖို့ကောင်းသား။


ဧပြီလရောက်ပြီဆို သင်္ကြန်မကျသေးပေမယ့် ရေပက်ကြတာ ကျောင်းတိုင်းလိုလိုဖြစ်မှာပါ။ ကျွန်မတို့လည်း အဲဒီချိန်ဆို သောကြာနေ့တိုင်း တကျောင်းလုံး ရေတွေ ရွှဲရွှဲဆိုနေအောင်ကို ကဲကြပါတယ်။ ဒါတောင် ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေကိုပဲ လိုက်ပက်သေးတာ။

တမြို့နယ်ထဲကဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းတွေ GTC ရောက်မှ ပေါင်းဖြစ်ကြပေမယ့် ကျောင်းအားရက်နဲ့ ကျောင်းပြန်ချိန် ညနေဘက်တွေမှာ တစ်ယောက်အိမ်တစ်ယောက် ကားတွေနဲ့ လှည့်ပတ်သွားပြီး လက်ဘက်ရည်ဆိုင်ထိုင်ဖို့ လူစုတတ်ပါတယ်။ တခါတလေလည်း တခြားမြို့နယ်က သူငယ်ချင်းတွေဆီ သွားလည်ကြတယ်။


နောက်ပိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ပြင်လယ်ကွင်းပြင်မှာ ပျော်ပျော်ပါးပါး စာသင်နိုင်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားတွေဟာ တဆင့်ထက်တဆင့် တိုးတိုးလာတဲ့ ချုပ်ချယ်တားမြစ်မှုတွေကြောင့် ကျောင်းနဲ့မတူတဲ့ အကျဉ်းထောင်ပမာ စာသင်ခန်းတွေထဲမှာ ရုန်းထွက်မရ ဖြစ်နေတော့တယ်။ မှော်ဘီမှာတက်နေတဲ့ နောက်ဆုံးအသုတ် YTU ကျောင်းသားတွေ လှိုင်သာယာ ပြောင်းသွားတဲ့အခါ ဆရာမကြီး ဒေါ်တိုးတိုးက ပညာပြပါတော့တယ်။ မနက် ကျောင်းတက်ချိန် နောက်မကျရ၊ စာသင်ချိန်မှာ ကျောင်းသားတွေ အပြင် ကော်ရစ်တာ၊ ကန်တင်းတွေမှာ ရှိမနေရစတဲ့ အထက်တန်းကျောင်းထက် ဆိုးတဲ့ စည်းကမ်းချက်တွေ ထုတ်လာတယ်။ စကတ်အကွဲ မ၀တ်ရ၊ ဘာမ၀တ်ရ၊ ညာမ၀တ်ရတွေ လုပ်လာပါတယ်။ တခြားကျောင်းကလူတွေ မှောဘီကျောင်းက သူငယ်ချင်းတွေဆီ လာလည်တော့ သူတို့က စကတ်အတို၊ အရှည်အကွဲတွေ ၀တ်လာကြတယ်။ အဲဒီအခါ အရှက်ကိုမရှိဘူး။ အကျင့်ပျက် ယဉ်ကျေးမှု ဘာညာနဲ့ ပြောဆို လွှတ်တဲ့အထိ ဆိုးသွမ်းလှပါတယ်။

နောက်တော့ တနင်္လာ၊ သောကြာကို အကျီအဖြူ မ၀တ်မနေရဆိုပြီး ပြောလာတယ်။ မ၀တ်လာတဲ့သူက ကျောင်းဝန်းထဲ ၀င်ခွင့်မရှိပါတဲ့။ အဲဒီတုန်းက အဓိပ္ပါယ်မရှိတဲ့အမိန့်တွေ၊ ကန့်သတ်ချက်တွေဆို ဆန့်ကျင်လိုတဲ့အတိုင်း ကျွန်မကတော့ တခြားနေ့တွေသာ အင်္ကျီအဖြူ ၀တ်ချင်ဝတ်မယ်။ တနင်္လာနဲ့ သောကြာဆို တမင် မ၀တ်ဘဲ ကျောင်းကို သွားပါတယ်။ အဲဒီတော့ ကျောင်းပေါက်ဝက ဆရာတွေက ကျောင်းထဲ ပေးမ၀င်ပါဘူး။ မ၀င်ရတော့ ဘာဖြစ်လဲ အပြင်ဘက်က ကန်တင်းတွေမှာ ထိုင်နေလိုက်တာပေါ့။ ၀င်ခွင့်မရတဲ့ တချို့သူငယ်ချင်းတွေက ခြံစည်းရိုး ခွေးတိုးပေါက်လေးတွေကနေ ကျောင်းထဲ ၀င်ကြတယ်။ ခုတော့လည်း တက္ကသိုလ်တွေက ၀တ်စုံတွေနဲ့ကို ဖြစ်ကုန်တော့တာပါပဲ။

ပြီးတော့ ဆရာတွေကလည်း ကျွန်မတို့ထက် အသက် ၃၊ ၄ နှစ်လောက်သာ ကြီးတဲ့ ဆရာ၊ ဆရာမ ငယ်ငယ်လေးတွေ များပါတယ်။ အများစုက GTI Diploma လက်မှတ် ရထားတဲ့သူတွေပါ။ ကျောင်းတွေက များ၊ အရည်အချင်းပြည့်ဝတဲ့ ဆရာက နည်း၊ ဒီတော့ BE ဘွဲ့မရပေမယ့် Diploma အောင်လက်မှတ်ရှိရုံနဲ့ သင်တန်း အနည်းငယ်ပေးပြီး ဆရာတွေ ပြန်လုပ်ခိုင်းဆိုတော့ ကျွန်မတို့ဆရာ တချို့က စာသွားမေးရင် ပြန်မဖြေတတ်တာ များပါတယ်။ workshop လို့ခေါ်တဲ့ လက်တွေ့ချိန်တွေမှာဆို သစ်သားတွေ ရွေဘော်ထိုး၊ အုတ်နီခဲနဲ့သဲကို နံရံပုံစံ စီထပ် စသဖြင့် ခက်ခဲ၊ အဆင့်အတန်းမြင့်တဲ့ ပညာရပ်တွေ သင်ကြားရတယ်။ ကျွန်မတို့ကလည်း ကိုယ့်ကိုယ်ကို ငါဟဲ့ Civil Engineer ဆိုပြီး ကလေးကစားသလို ပျော်ပျော်ကြီးကို လုပ်ကြတာပေါ့။ Drawing ချိန်ဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း TSquare ကြီးတွေနဲ့ မတ်တပ်တွေရပ်ပြီး ပုံတွေလိုက်ဆွဲရတာလည်း ပျော်စရာ။ ဘယ်လိုနိုင်ငံမျိုးမှာမှ မရှိနိုင်တော့တဲ့ သင်ကြားနည်းပုံစံတွေနဲ့ တော်တော်ကို ဂုဏ်ယူစရာ ကောင်းလှတယ်။ :P

နောက်ထပ် စိတ်ပျက်စရာ တခုရှိပါသေးတယ်။ ၁၀တန်းတုန်းက အမှတ် ၄၀၀ကျော်ရပြီး ဆေးကျောင်း စိတ်မ၀င်စားတဲ့အတွက် YTU မရှိတော့သော်လည်း ဒုတိယနှစ် အမှတ်ကောင်းရင် YTU ကို join နိုင်တဲ့ GTC ကို လာတက်ကြတဲ့သူ တော်တော်များများ GTI အောင်လက်မှတ်နဲ့တင် နိတ္ထိတန်သွားကြတာပါ။ ၁၀တန်းမှာ အမှတ် ၂၉၀ ကျော်၊ ၃၀၀ လောက်ပဲ ရတဲ့သူတွေက BE ထိပါသွားကြတာကို မြင်ရ၊ ကြားရတဲ့အခါ မတရားသလို ခံစားရပါတယ်။ ၁၀တန်းတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေက အလကား သဲထဲရေသွန်ဖြစ်ကုန်တာကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ တက္ကသိုလ်ဝင်တန်းမှာ စာအသားကုန် လုပ်ခဲ့တဲ့သူတွေအနေနဲ့ တက္ကသိုလ်တက်ချိန်မှာတော့ နည်းနည်းပါးပါး ပျော်ချင်ကြတာ သူတို့အလွန် မဟုတ်ဘူးလို့ ယူဆပါတယ်။

ဩော် ပြောရရင်တော့ ပြောစရာတွေက မကုန်တော့ဘူး။ ပြောချင်တော့ပါဘူး။ စိတ်ပျက်လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

GTC ကျောင်းသူဘ၀ အမှတ်တရ


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Sunday, March 2, 2008

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု



မိတ်ဆွေတစ်ယောက်က ကျွန်မကို Forwar Mail ပို့ပေးထားတာလေးကို ကျွန်မနှစ်သက်လို့ ကျွန်မ ဘလော့ဂ်မှာ ပြန်တင်လိုက်တယ်။ ဘယ်သူရေးထားမှန်းမသိသလို၊ ဘယ်စာစောင်မှာ ပါထားမှန်းလည်း မသိပါဘူး။ အဲဒီအတွက် မူရင်းရေးသူထံလည်း ခွင့်မတောင်းနိုင်ခဲ့ပါဘူး။

***** ******* *****

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု

အဲဒီမှာ... ကလေးတွေအတွက် စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒီမှာ... ကမ္ဘာကြီးနဲ့ ၀င်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ... (မရှိပေမယ့်).............( ရှိတယ်)
ခေတ်မှီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့ ကြယ်ငါးပွင့် ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့... သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလဟာလပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစီစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက...အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင် လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာ ပညာသင်ကြားရေးရှိတယ်။

ပြီးတော့... အိမ်ထဲက အိမ်ပြင် မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက အိမ်ပြင်မထွက်ရတဲ့လူတစ်ယောက်ရှိတယ်။

ပြီးတော့... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်... ရှိတယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*