Thursday, February 14, 2008

ဘာလဲဟဲ့ Valentine's Day



ခေါင်းစဉ်ကတော့ စာရေးဆရာ တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ ဆင်တူနေမှာပဲ။ အဲဒီစာရေးဆရာ ဘယ်သူဆိုတာတော့ မမှတ်မိတော့ဘူး။ အဲဒီဆရာကို အတုခိုးတာမဟုတ်ပေမဲ့ တူသွားတယ်။ တကယ်တော့လည်း စိတ်ပေါက်ပေါက်နဲ့ ဒီပို့စ် ရေးမိတာ။


နေပြန်ကောင်းတာ မကြာသေးတဲ့ကြားထဲက လေတိုက်ထဲမှာ ၁ နာရီကျော်ကြာ ဇွဲနပဲကြီးစွာနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေလျက်၊ သူကိုယ်တိုင်ကလည်း အချိန်ကြာမြင့်စွာ စောင့်မျှော်နေလျက် လွဲချော်မှုတွေ ဖြစ်လာတဲ့အခါ...
ဒီလို သာမန်မဟုတ်တဲ့ နေ့ရက်တွေ၊ ကိစ္စတွေတိုင်းမှာ (အမြဲလို) အလွယ်တကူ (အေးဆေးစွာ) ဆိုတာ မရှိတဲ့အခါ...
ဘယ်သူ့ကို (ဘာကို) စိတ်ဆိုး၊ ဒေါသထွက်ပြီး အပြစ်တင်ရမှန်းမသိ။



ကျွန်မနဲ့ သူနဲ့က ဘယ်တော့မှ အဆင်ပြေပြေရှိကြတယ်လို့ကို မရှိပါဘူး။ အမြဲတမ်း အရာရာနဲ့ အကြောင်းကြောင်း။ သူ့လို၊ ကိုယ့်လိုချင်းအတူတူ သူတို့တွေကျ အစစ အဆင်ပြေ ချောမွေ့နေပေမဲ့ ကျွန်မတို့ နှစ်ယောက်အတွက်ကတော့ အမြဲတမ်း ပြဿနာလေးတွေ၊ အခက်အခဲလေးတွေနဲ့။ ဘယ်သောအခါမှ ပျော်ရွှင်ချမ်းမြေ့စွာ... ဆိုတာ မရှိသလောက်၊ တခုမဟုတ် တခု လွဲနေတတ်ကြတယ်။ အဲဒီအတွက် ကျွန်မ စိတ်ဆိုး၊ ဒေါသ ထွက်ရပေါင်းလည်း မနည်းပါဘူး။ ဒါပေမဲ့ မတတ်နိုင်။ ကျွန်မ သူ့ကို ချစ်မြဲ ချစ်နေလျက်...


ကျွန်မကို နေမကောင်းပြန်ဖြစ်စေတဲ့၊ ဒေါသအကြီးအကျယ် ထွက်စေတဲ့၊ ပြန်တွေးလိုက်တိုင်း စိတ်အတိုလွန်ပြီး မျက်ရည်ကျရတဲ့၊ လူအများစုအတွက်တော့ ပျော်ရွှင်စရာ အမှတ်တရနေ့ဖြစ်တဲ့ ဒီနေ့ကို ကျွန်မ အရမ်းမုန်းတယ်။ ဒါပေမဲ့ ကျွန်မ စိတ်တို၊ ဒေါသထွက်အောင် (တမင် မရည်ရွယ်သော်လည်း) အကြိမ်ပေါင်းများစွာ ဖန်တီးနိုင်တဲ့ သူ့ကိုတော့ စိတ်ဆိုးဆိုးနဲ့ အရမ်းလွမ်းနေမိပါတယ်။

*** ***** ***

ကျွန်မတို့ နှစ်ယောက်အတွက် စိတ်ချမ်းသာမှု မဖြစ်လာသော်လည်း အားလုံးပဲ HappY Valentine's DaY ပါ။ ပျော်ရွှင်နိုင်ကြပါစေ။

s0wha1
(၁၄၊၀၂၊၀၈) ည ၁၁ နာရီ

Print this post

9 comments:

သူ စင် ကြယ် said...

Be happy.....


Be healthy.....


Be succeed.....

s0wha1 said...

ကျေးဇူး သယ်ရင်း...

Unknown said...

valentine ဆိုလို့ လာကြည့်တာ လက်ဝှေ့ပွဲနဲ့ တွေ့သွားတယ်။ ဟီး..... ဟီး

s0wha1 said...

:P

s0wha1 said...

15 Feb 08, 15:29
ko nyo: I think the name of the book is ဘာလဲဟဲ့ လောကဓံ... လောကဓံဦးထွန်းလှ

15 Feb 08, 21:42
s0wha1: DJ Aung မင်္ဂလာပါ... ကိုညို ဆရာမောင်စွမ်းရည်ကလည်း ဘာလဲဟဲ့... ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတွေ ရေးတယ်။ ကိုညို ပြောတာလည်း ဟုတ်ပါလိမ့်မယ်။။။

Chit Lay Pyay said...

ညီမရေ ဒါလဲ လောကဓံပါပဲ၊ ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်၊ နောက် အဆင်ပြေသွား မှာပါ၊ စိတ်မညစ်နဲ့၊ အချစ်စစ် ဆိုတာ မဖြောင့်ဖြူးဘူးတဲ့၊ ဒီနှစ် မပျော်ရပေမယ့် ။ နောင်လာမယ့် နှစ်တွေတိုင်းမှာ valentine နေ့လေးတွေ ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင် ပါစေ။

s0wha1 said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အမရေ...

thatoemaharbandula said...

နောက်နောင် mail ထဲကိုကိုယ်ရေးကိုတာတွေမပေးပါနဲ့ ခင်ဗျာ ကဗျာတွေစာတွေဘဲပေးပါ စိတ်မဆိုးပါနဲ့ 

s0wha1 said...

ကိုသတိုးမဟာဗန္ဓုလ...
မေးလ်နဲ့ ပို့တာ ကျွန်မ မဟုတ်ပါဘူး။ feed burner က သူ့ဟာသူ ပို့တာပါ။
s0wha1 Blog မှ Post များကို Email မှ တဆင့် ဖတ်ရှူလိုလျင်

Enter your email address:

Delivered by FeedBurner
ကျွန်မ ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ တင်ထားတဲ့ အဲဒီ အကွက်လေးမှာ ကိုသတိုးမဟာဗန္ဓုလရဲ့ အီးမေးလ် အကောင့်ထည့်ထားရင် ကျွန်မ ပို့စ် တင်သမျှ အော်တို ပို့ပေးတော့တာပါပဲ။ ကျွန်မကိုယ်တိုင်သာဆို တစ်ယောက်ချင်းကို ဒီလို ဘယ်ပို့နိုင်ပါ့မလဲ။ တကယ်လို့ ဒီလို မေးလ်ကို မလိုချင်ဘူးဆိုရင် unscribe လုပ်လိုက်ပါ။

ကျေးဇူး...
s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*