ဟိုတခါတုန်းက ကျွန်မ စာရေးပျင်းပျင်းနဲ့ ညီမလေးရဲ့ တပုဒ်တည်းသော ကဗျာကို တင်ဖူးပါတယ်။ အခုတော့ သူ့ရဲ့ ပန်းချီပုံလေးတွေကိုလည်း အမှတ်တရအဖြစ် ကျွန်မဘလော့ဂ်မှာ ထပ်တင်လိုက်ဦးမယ်။ :P ကျွန်မကတော့ ပန်းချီတွေ၊ ပုံတွေ လုံးဝ မဆွဲတတ်ပါဘူး။

ဒီပုံလေးက Compuer နဲ့ Paint ထဲမှာ ဆွဲထားတာ။

ဒါလည်း Paint နဲ့ ဆွဲထားတာပဲ။ နှင်းတွေကျနေတဲ့ နေရာလည်း မရောက်ဖူးဘဲနဲ့

သူ ခဏခဏ မက်တတ်တဲ့ အိပ်မက်ထဲက နေရာလေးလို့ ပြောပါတယ်။
ဘေးမှာ ဘာသစ်ပင်မှ မရှိဘဲ မြက်ပင်ရှည်ကြီးတွေရယ်၊ ခြေတံရှည်တဲအိမ်လေးနဲ့ နေလုံးကြီးကိုပဲ တွေ့မြင်ရတယ်တဲ့။ ဒီပန်းချီလေးကို သူက Loneliness လို့ အမည်ပေးထားပြီး ခြေတံမရှည်နေတဲ့ ခြေတံရှည်တဲ အကြောင်း မေးကြည့်တော့ ပျင်းလို့ ရှည်ရှည် ဆက်မဆွဲတော့တာတဲ့...:D

ဒါကတော့ ကမ်းနှစ်ဘက်ကို ကူးဖို့အတွက် ခနော်ခနဲ့ ၀ါးတံတားလေးပါ။ ဘာရည်ရွယ်ချက်နဲ့ ဆွဲမှန်းတော့ မသိဘူး။ တံတားလေးအောက်က ချောင်းရေပြင်ပေါ်မှာ ထင်နေတဲ့ ၀ါးတားတား အရိပ်လေးတွေကိုတော့ Scan ဖတ်ထားလို့ သိပ်မမြင်ရပြန်ဘူး။
ဒီပန်းချီကတော့ ရေတွင်းလေးနဲ့ ဒန်းလေးနဲ့ အလွန်အေးချမ်းတဲ့ နေရာလေးလို့ သူကတော့ ပြောတာပဲ။ပန်းချီ - ရှားငယ်
ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1
Print this post

0 comments:
Post a Comment