Monday, January 30, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၅ ) (by အောင်မိုးဝင်း)


နားထောင်စမ်း- ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ “ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမဲ့သူမရှိဘူး “ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ် သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂ အလံတော် အောက်မှာ ------- တဲ့လေ “လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက် ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်။

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေးစစ်ထောက်လှမ်းရေးတွေ ပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေဆီက အဖြေမရမချင်း “ ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF ( မြောက်ပိုင်း) က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာ ဖက်ဆစ်အစိုးရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့ အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀) ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ ဖာထေးကာကွယ်လို့မရဘူး “ နိုင်ငံရေးအတွေ့အကြုံမရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း” ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။

ရန်သူ့သူလျှို ဆိုတာ--

ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆိုနေမှုကို လုံးဝခွင့်မပြုနိုင်ပါ။ ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလော မဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကို အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင် သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့ ABSDF ( မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်း ရှိနိုင်တယ်။ လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ် ။ ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု

ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ပဲ တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးက စွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာ လူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊ လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။

လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..

၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊ သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း ( ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော် တို့ အုပ်စုကို “ ယောင်္ကျား ပီသပါ။ သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

မိတ်ဆွေတွေအတွက် ဂတိစကား

ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခုလုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲ စံနစ်တကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။ နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည်သွားကြပါလိမ့်မယ်။

အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ ( ဒုတိယပိုင်း) ကို ဆက်လက်ဖေါ်ပြလိုက်ပါတယ်။

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။ ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ထောက်လှမ်းရေးသူလျှို ဟုတ်ပါသည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့် ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။ ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင် ကို ဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။

ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာ ရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသား စိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိကတာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF ( မြောက်ပိုင်း) ၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင် နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။

(၂) သံချောင်း (ခ) စိုးမြင့် ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)

(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသားဦးဆောင်သူများမှာ

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်)

(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂ ( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)

(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး) (၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)

(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး) (၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)

(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)

(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)

တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)

(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး

(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ တပ်ကြပ်ကြီး စောမြမောင်

(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)

၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး

(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။

(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်) ( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)

(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ) (၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈) ရဲဘော်ရန်အောင် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၂) ရဲဘော် အေးမြင့် ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သံချောင်း မှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး

(၁) ကိုကျော်ဝေ ( မန္တလေး) –

စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။

(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် ( ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်

(၄) ရန်ရှင်း ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)

(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း) (၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း (၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး

( ၁) ညီညီကျော် ( မန္တလေး)

(၂) ရဲဘော် သက်တင် ( ဗန်းမော်)

(၃) ဂမ်လီ ( လဇွန် ဂမ်လီ)

(၄) စိုးကြိုင်

မျိုးဝင်း ၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး

( ၁ ) တပ်ကြပ်ကြီး ခင်မောင်ဇော် ( မန္တလေး ) ဗဟို စစ်ရုံးတာဝန်ခံ

(၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး ( ရန်ကုန်)

(၃) ရဲမေ သင်းသင်းညီ ( ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင် မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း) သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင်များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော် မိဘများအားတောတွင်း တွင်ခေါ်ဆောင်ထားမည် ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည်ဟု ပြောခဲ့ပါသည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှစ်ခိုးငိုယိုတောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်ခဲ့သူ (၇) ဦးမှာ

(၁) ရဲမေ နန်းအောင်ထွေးကြည် ( ရန်ကုန်)

(၂) ရဲဘော် ဝဏ္ဏဇော် ( ရန်ကုန်)

(၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်) (၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို ( ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်) (၅) ရဲဘော် ညီညီအောင် (ခ) ဒိုဇာ ( ပဲခူး)

(၆) ကိုညီညီ ( မန္တလေး)

(၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီး တို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦး ထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန်ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အားစုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF ( မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တို့မြှင့်ရယူလိုက်သော အောင်နိုင် ( ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင်ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင် နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီး ABSDF ( မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက်ရောက်ခိုင်းပြီး ကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန်ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ ( ၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။ နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊ အောင်နိုင် နှင့် မြင့်စိုး (ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင် ဝမ်းဆာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအား လက်နက်ပြ ဖမ်းဆီးပြီး ABSDF ( မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့် အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာ ကို တင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။



မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၄ ) (by အောင်မိုးဝင်း)


အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်) ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ ရွေးချယ်မှုဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။

အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့သူတွေက “ သူတို့ ကွပ်မျက်ခဲ့တဲ့ ကျောင်းသား (၁၅) ယောက်ဟာ အစိုးရသူလျှိုတွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေ ရှိပါတယ်” လို့ ဆိုခဲ့တယ်။ တကယ်တော့ သူတို့ပြောပြောနေတဲ့ ခိုင်လုံတဲ့အထောက်အထားဆိုတာ “ မြောက်ပိုင်းစစ်ကြောရေးခွေ” လို့ လူသိများတဲ့ ဗွီဒီယို တိတ်ခွေလေးတခုထင်ပါရဲ့။ အဲ့ဒီ တိတ်ခွေလေးထဲမှာ နှိပ်စက်ညှင်းပမ်းခံရသူတွေရဲ့ ဖြောင့်ချက်တွေကို တမှုတ်တရ ရိုက်ကူးထားတယ်။ သူတို့ကသာ အဲ့ဒီတိတ်ခွေလေးကို ခိုင်လုံတဲ့အထောက်အထားအဖြစ်ယုံကြည်ပြီး ရည်ညွှန်းနေတာ။ ကျနော်ကတော့ အဲ့ဒီတိတ်ခွေဟာ ကိုယ့်ရှူးကိုယ်ပြန်ပတ်တဲ့ သက်သေ ( သို့မဟုတ်) ကိုယ့်လည်ပင်းကို ကိုယ့်ဘာသာပြန်ညှစ်မဲ့ ကြိုးကွင်းလို့ ပဲ မြင်မိတယ်။ အဲ့ဒီ တိတ်ခွေလေးကို သေသေချာချာ ကြည့်ခဲ့မိဘူးပါတယ်။ အဲ့ဒီတိတ်ခွေလေးကို ကြည့်ပြီး၊ “ စစ်ကြောရေးကို ဦးဆောင်သူတွေကလဲကွာ ဒီလောက်တောင် ညံ့ရသလား၊ ဒီလောက်တောင် ဗဟုသုတ နည်းလှချည်းလား” လို့ တွေးနေမိတယ်။ တကယ်တော့ စစ်ကြောရေးကို ဦးဆောင်ခဲ့ကြသူတွေဟာ မန္တလေးလှုပ်ရှားမှု ကို ကောင်းကောင်းနားလည်ပုံမရပါဘူး။ သတ္တိရှိကြမယ်ဆိုရင်- အဲ့ဒီ တိတ်ခွေလေးကို ဖေ့ဘွတ်မှာတင်ပေးပြီး ပြည်သူအားလုံးကို ပြပေးပါလား။ မန္တလေးကျောင်းသားတွေအတွက်တော့ အထူးလက်ဆောင်တခုဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ ရီကြရမှာပါ။ ဒါပေမဲ့ သဲလွန်စတခုပေးပြီး အတိတ်ကို နည်းနည်းနိုးဆွထားချင်တယ်။ မန္တလေးကျောင်းသားတွေ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ထောက်လှမ်းရေး (၁)၊ ထောက်လှမ်းရေး (၁၆) ၊ ဗိုလ်ကြီး မြင့်ဦး နဲ့ အမျိုးသားထောက်လှမ်းရေး ဗျူရို ဆိုတာတွေ ပါမယ်ဗျာ။ သူတို့ဘယ်လို လုပ်ထားသလဲ။ စောင့်ကြည့်ကြရအောင်ပါ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၄-) အဖြစ် နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို တင်ပြသွားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ- ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စတင်တည်ထောင်ခြင်း နဲ့ အာဏာအလွဲသုံးစားလုပ်မှု၊ ခေါင်းဆောင်တွေရဲ့ အခွင့်ထူးခံလူတန်းစား တည်ဆောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တင်ပြထားပါတယ်။

ခင်မင်လေးစားစွာဖြင့်

အောင်မိုးဝင်း

နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ

( က )

ကျောင်းသားတပ်မတော် ABSDF ( NB )ကို မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ဒေသဖြစ်သည့် KIA ဗဟို ဌာနချုပ် ပါဂျောင်ဒေသ လိုင်စင်စခမ်း တရုတ်ပြည်နယ်စပ်တွင်တည်ထောင်ခဲ့သည်။ တရုတ်ပြည် ယွေနမ် ပြည်နယ် ရွှေလီမြို့မှ ကားလမ်းခရီးဖြင့် ကေအိုင်အေ ဗဟိုဌာနချုပ်သို့ အလွယ်တကူသွားရောက်နိုင်သည်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ ကာလတွင် ABSDF ( ကချင်ပြည်နယ် ) အနေဖြင့်စတင်ထူထောင်ခဲ့သည်။ ထိုစဉ်က ကိုကျော်ကျော်မှ ကချင်ပြည်နယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပြီး စစ်ရေးတာဝန်ခံအဖြစ် မြင့်စိုး ခေါ် သံချောင်းနှင့် အတွင်းရေးမှုးအဖြစ် မိုးညှင်းမြို့နယ် နမ်းမားမှ နမ့်ဆော်လော ရွာနေ…မျိုးဝင်းတို့က တာဝန်ယူ ဦးစီးခဲ့ကြသည်။ ဗဟိုဦးစီးမှုးများအဖြစ် လွှမ်းမိုး နှင့် နေဒွန်းတို့မှတာဝန်ယူခဲ့ကြသည်။

၁၉၈၉ ခုနှစ် ဧပြီလတွင် မိမိနှင့်အတူ ရန်ကုန်မြို့မှ မခင်ချိုဦး ၊ ဌေးမြင့်ဝင်း ၊ အောင်ကျော်ဦး နှင့် သန်းထွန်းစိုး ခေါ် တိုက်ပိတ် ငါးဦးအဖွဲ့ အေဘီအက်စ်ဒီအက်ဖ် ( ကချင်ပြည်နယ် ) သို့ရောက်ရှိခဲ့ကြပြီး သန်းထွန်းစိုးမှအပ မိမိအပါဝင် လေးဦးမှာ ကျောင်းသားတပ်မတော် စစ်သင်တန်းအပတ်စဉ် ( ၃ ) သို့တက်ရောက်ခဲ့သည်။ သန်းထွန်းစိုးမှာ ရန်ကုန်မြို့သို့ စည်းရုံးရေး အင်အားစုဆောင်းရေးအတွက် အမှတ်စဉ် ( ၃ ) သင်တန်းမတက်ရောက်ခဲ့ပါ။

၁၉၈၉ ခုနှစ် နှစ်လည်ပိုင်းခန့်တွင် အမှတ်စဉ် ၁ မှ ကျောင်းသားရဲမေ ခင်မာအေး ( မြစ်ကြီးနား ) အမဖြစ်သူ မမူနဲ့အတူ ABSDF ( ကချင်ပြည်နယ် ) သို့ရောက်ရှိလာသော မြတ်ကို ဆိုသူအား စစ်အစိုးရ သူလျှို အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခဲ့သည်။ ထိုသတ်ဖြတ်မှု့ကို မျိုးဝင်းနှင့် သံချောင်းတို့မှ ဦးဆောင်ခဲ့သည်။ ထိုစဉ်အချိန်ကာလက ABSDF ( ကချင် ) ဥက္ကဌ ကိုကျော်ကျော်မှာ တာဝန်ဖြင့် မာနယ်ပလောရှိ ABSDF ( တောင်ပိုင်း ဗဟို ) သို့သွားရောက်နေချိန်ဖြစ်သည်။ ABSDF ( ကချင်ပြည်နယ် ) ဦးစီးမှုးများ နှင့် ဗဟိုကော်မတီဝင်များမှာလည်း တာဝန်အသီးသီးဖြင့် ရှေ့တန်းစခမ်းများသို့ရောက်ရှိနေချိန်ဖြစ်သည်။

(ခ)

ABSDF ( ကချင်ပြည်နယ် ) စစ်သင်တန်း အမှတ်စဉ် ( ၄ ) ကို ဗဟိုဌာနချုပ် ပါဂျိုဒေသ လိုင်စင်စခမ်းတွင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ် ( ၅ )တွင် ရန်ကုန်နှင့် မန္တလေးမှ ကျောင်းသားအများအပြားပါဝင်လာခဲ့သည်။ သန်းထွန်းစိုး ခေါ် တိုက်ပိတ် နှင့်အတူ ရန်ကုန် ၊ ပဲခူးမှကျောင်းသားအချို့ပါလာပြီး သင်တန်းအမှတ်စဉ်( ၅ ) ကိုတက်ရောက်ခဲ့သည်။ ထိုအပတ်စဉ် ( ၅ ) သင်တန်းအချိန်ကာလတွင် တပ်တွင်းမကျေနပ်မှု့များ သင်တန်းသားများအတွင်း၌ဖြစ်ပွားခဲ့သည်။ အတွင်းရေးမှုးတာဝန်ယူထားသော မျိုးဝင်း ၏ ဒေသအစွဲနှင့် သဘောထားကျဉ်းမြောင်းမှု့ အတွေးအမြင် တဘက်သတ်ဆန်မှု့များအပေါ် အဓိကထားပြီး မကျေနပ်မှု့များ တိုက်ခိုက်မှု့များဖြစ်ပွားခဲ့သည်။ ထို အပတ်စဉ် ( ၅ ) နှင့် ( ၆ ) သင်တန်းသားများထဲတွင် နောင် ABSDF ( NB ) ဥက္ကဌ ဖြစ်လာမည့် အောင်နိုင် ( ယခု ရော်နယ်အောင်နိုင် ဟူသောအမည်ဖြင့် ယိုးဒယားနယ်စပ်နှင့် ချင်းမိုင်တွင် သတင်းထောက်လုပ်နေသူ ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှ ၂၀၀၈ ခုနှစ်တွင် နှုတ်ထွက်စာတင်ခဲ့ရသူ )၊ ရဲလင်း၊ညီညီကျော် ( နောင်တွင် စစ်အစိုးရ၏သူလျှိုများအဖြစ် ဖမ်းဆီးခံရသူ ) တို့သည်..ABSDF ( NB ) ဗဟိုကော်မတီအဖြစ် ရွေးချယ်ခံရသူများပါဝင်ပါသည်။ အပတ်စဉ် ( ၅ ) သင်တန်း မဖွင့်မှီတွင် ABSDF ( ကချင်ပြည်နယ်ကို ) ABSDF ( ၇၀၁ ) တပ်ရင်းအဖြစ် သတ်မှတ်ခဲ့ပါသည်။

အပတ်စဉ် ( ၅ ) သင်တန်းကာလအတွင်းဖြစ်ပွားခဲ့သော တပ်တွင်းမကျေနပ်မှု့များကြောင့် ABSDF ( ၇၀၁ ) တပ်ရင်း နောက်တန်းရှိ ရဲဘော် ရဲမေများနှင့် အပတ်စဉ် ( ၅ ) ကျောင်းသား သင်တန်းသားများအား မျိုးဝင်းမှ မကျေလည်မှု့များ ဆွေးနွေးရန်အတွက် တပ်တွင်းခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှု့များပြုလုပ်ခဲ့သည်။

ကျောင်းသားအများအပြားမှ…..ဦးဆောင်တာဝန်ယူနေသော ကျောင်းသားခေါင်းဆောင်များနှင့် ရဲဘော်ရဲမေများအကြား ကွာဟမှု့များ၊ မျိုးဝင်း၏ တဘက်စွန်းရောက်သောစိတ်ဓါတ်များ၊ မျိုးဝင်း ၏ ဒေသစွဲ တယူသန်အတွေးအမြင်များ မတရားမှု့များကို ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါတို့တော်လှန်ရေးလုပ်ဘို့တောထဲလာတာ ဒီမိုကရေစီအတွက် လာတာ ဖြစ်တယ် ဒီမိုကရေစီခံစားဘို့မဟုတ်ဘူး စစ်တပ်မှာ ဒီမိုကရေစီမရှိဘူး ရွေးကောက်ပွဲမရှိဘူး ” ဟုပြောဆိုပြီး တင်ပြမှု့များနှင့် မေးခွန်းများကိုမေးကြားခြင်းကို ဖြေကြားခြင်းမရှိပဲ ပယ်ချခဲ့သည်။ ညှိနှိုင်းမှု့မရှိပဲ..တွေ့ဆုံဆွေးနွေးပွဲကိုရုတ်သိမ်းခဲ့သည်။ မကျေလည်မှု့များပိုမိုပြင်းထံခဲ့သည်။

မျိုးဝင်း မှ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူ့အား ဝေဖန်တိုက်ခိုက်ခဲ့သူများအား အငြိုးကြီးစွာဖြင့်မှတ်သားထားသည်။ အကြောင်းမှာ သူ့အားဝေဖန်တိုက်ခိုက်ခဲ့သူများအားလုံးသည် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် စတင်ဖမ်းဆီးခဲ့သည့် သမိုင်းဆိုးတွင်ခဲ့သည့် စစ်အစိုးရ သူလျှိုအဖြစ် အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်၊ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ကြသည်မှာ မိမိအပါဝင်ဖြစ်ပါသည်။

(ဂ)

အမှတ်စဉ် (၅) သင်တန်းပြီးဆုံးပြီး ABSDF ( ၇၀၁ ) တပ်ရင်းမှ ABSDF ( မြောက်ပိုင်း ဗဟို ) အဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ပြောင်းလဲ ရေးအတွက် ညှိနှိုင်းရေးများပြုလုပ်ခဲ့သည်။ ဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင် အသစ်များပြန်လည်ဖွဲ့စည်းရေးအတွက် စည်းရုံးရေးများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း ကိုယ်စားလှယ်အဖြစ် သန်းထွန်းစိုး ကို စာရင်းပေးသွင်းခဲ့ကြသည်။ ကိုယ်စားလှယ်အသီးသီးမှာလည်း စည်းရုံးရေးအတွက် တာဝန်များနှင့် ရှေ့တန်းနယ်မြေများသို့ ထွက်ခွာခဲ့ကြသည်။ ယ္ခင်ရှေ့တန်းနယ်မြေမှာ ရှိနေသော ABSDF ( ကချင်ပြည်နယ်) ဦးစီးမှူး လွှမ်းမိုး မှာ နောက်တန်းဗဟို ( ၇၀၁) သို့ ပြန်လည်ရောက်ရှိလာသည်။ လွှမ်းမိုးနှင့် မျိုးဝင်း တို့ နှစ်ဦးကြားတွင် မကျေလည်မှုများ ရှိခဲ့သည်။ လွှမ်းမိုးမှ မျိုးဝင်းအား တပ်တွင်း ရံဘုံငွေ နှင့် ကျောက်စိမ်းရောင်းဝယ်မှုများတွင် မျိုးဝင်းမှ ကိုယ်ကျိုးသုံးကြောင်း စွဲချက်တင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် မျိုးဝင်းက သူ၏ ဒေသခံနယ်လူများ၏ နောက်ခံအင်အားတောင့်တင်းမှုကြောင့် မျိုးဝင်းနှင့် သံချောင်းတို့ ဦးဆောင်ပြီး၊ လွှမ်းမိုးအား ၁၉၉၀ မတ်လ ခန့်တွင် ဖမ်းဆီးပြီး စစ်အစိုးရ သူလျှိုအဖြစ် စွပ်စွဲခါ နှိပ်စက်ညှင်းပမ်းခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်တိုင်းတာဝန်ခံ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်မည့် သန်းထွန်းစိုး ကိုပါ ဖမ်းဆီးခဲ့သည်။ ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့သည်။ သန်းထွန်းစိုးမှ နုတ်ထွက်ခဲ့သည်။ ရဲလင်း မှ ရန်ကုန်တိုင်းကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့သည်။

လွှမ်းမိုးအား ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက် စစ်ကြောရေးဝင်နေစဉ်ကာလအတွင်း မျိုးဝင်းမှ ရဲဘော်တဦးအား စေလွှတ်ပြီး မိမိအား စစ်ကြောရေးနေရာသို့ လာရန် အမိန့်ပေးခဲ့သည်။ မိမိမှာ ထိုအချိန်က လွှမ်းမိုး၏ ဦးစီးရုံးတွင် တာဝန်ယူနေခဲ့သူဖြစ်သည်။ လွှမ်းမိုးအား စစ်ကြောနေသောအခန်းထဲတွင် လွှမ်းမိုး၏ ရှေ့တွင်ပင် မျိုးဝင်းက မိမိ ၏ နားထင်ကို သေနတ်ဖြင့် တေ့ပြီး “ လွှမ်းမိုး က မင်းကို ဘာတွေခိုင်းလဲ” ဟု မေးမြန်းခဲ့သည်။ အမှန်စင်စစ်မှာ ထိုအချိန်က မိမိအား ထောက်လှမ်းရေး သူလျှိုအဖြစ် စွပ်စွဲဖမ်းဆီးဖို့ အစီအစဉ်ရှိကြောင်း နောင်မှ သိခဲ့ရသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သံချောင်းမှ “ မငယ် မင်းပြန်တော့” ဟု အမိန့်ပေးသဖြင့် အဆောင်သို့ပြန်ခဲ့သော်လည်း ဘာကြောင့် မိမိ ဦးခေါင်းအား သေနတ် ဖြင့်ချိန်ပြီး မေးမြန်းခဲ့ရခြင်းကို စဉ်းစားမိသည်။

ထိုအဖြစ်အပျက်ဖြစ်ပြီး ၃-၄ ရက်အကြာတွင် မျိုးဝင်းနှင့် သံချောင်း ဦးဆောင်ပြီး၊ လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား လက်နောက် ပြန်ကြိုးတုပ်ပြီး တပ်ရင်း၏ ဗဟိုအလည်ဖြစ်သည့် စစ်ရေးလေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်လာသည်။ ရဲဘော်၊ ရဲမေများ အားလုံးကိုလည်း လူစစ်၊ တန်းစီ ခိုင်းပြီး သတိဆွဲခိုင်းထားသည်။ ကွင်းလယ်ခေါင်တွင် ကျင်းတူးထားပြီး ထိုကျင်းထိပ်တွင် လွှမ်းမိုးနှင့် သန်းထွန်းစိုး တို့အား ကြိုးတုတ်လျှက်နှင့် ထိုင်ခိုင်းထားသည်။

မျိုးဝင်းနှင့် သံချောင်းတို့မှ လွှမ်းမိုးအား “ထောက်လှမ်းရေးသူလျှိုမဟုတ်လား” ဟု ကျယ်လောင်စွာ ဒေါသတကြီး မေးသည်။ လွှမ်းမိုးမှ “ ကျနော် မဆလ မဖြစ်ပါရစေနဲ့ ဗကပ ( ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ ဖြစ်ပါရစေဗျာ” ဟု ဖြေကြားခဲ့သည်။ သံချောင်းမှ လွှမ်းမိုးအား သေနတ်ဖြင့် ချိန်ပြီး တန်းစီနေသော မိမိတို့ ကျောင်းသားရဲဘော် ရဲမေများ ရှေ့တွင် သွေးအေးစွာ ပစ်သတ်ခဲ့သည်။ လွှမ်းမိုး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးအား တိရ စ္ဆာန်တကောင်ကဲ့သို့ကန်ချပြီး မြေဖို့ကာ လူသတ်ပွဲကိုကြည့်နေခဲ့ရသော မိမိတို့အား၊ ထိုမြေပုံပေါ်တွင် စစ်ရေးပြလျှောက်ခိုင်း ဖို့ အမိန့်ပေးခဲ့သည်။ သန်းထွန်းစိုးအား ကြိုးတုပ်လျှက် နှင့် ပင် အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ၁၉၉၀ ဧပြီလတွင် သန်းထွန်းစိုး အား အချုပ်မှ လွှတ်ပေးခဲ့သည်။

(ဃ)

လွှမ်းမိုးအား သတ်ဖြတ်ပြီး မကြာမီ၊ စစ်သင်တန်းအမှတ် (၅) သင်တန်းဆင်းခဲ့သူ ရန်ကုန်မှ “ကိုအောင်ကျော်” ဆိုသူကိုလည်း မသင်္ကာ မှု နှင့် မျိုးဝင်းနှင့် သံချောင်းမှ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့သည်။ ထို စစ်ကြောရေး ဒဏ်ရာနှင့်ပင် ကိုအောင်ကျော်မှာ KIA ဆေးရုံတွင် ဆေးကုသမှု ခံရင်းနှင့် အသက်ဆုံးရှုံးခဲ့ရသည်။ များမကြာမီ ဖွဲ့စည်းအုပ်ချုပ်ပုံ ရွေးကောက်ပွဲအတွက် ရှေ့တန်းသို့ထွက်သွားသူများ၊ ဗဟိုနောက်တန်းသို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ABSDF ( မြန်မာပြည် မြောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ကိုထွန်းအောင်ကျော် ( မန္တလေး)၊ အထွေအထွေအတွင်းအရေးမှူးအဖြစ် အောင်နိုင်( မန္တလေး) နှင့် စစ်ရေးတာဝန်ခံအဖြစ် သံချောင်းတို့ကို ပြန်လည်ရွေးချယ်ခဲ့သော်လည်း မျိုးဝင်းမှာ မဲမရပဲ ရှိနေခဲ့သည်။ သို့သော်လည်း ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ၊ မည်သူမျှ မဲပေးရွေးချယ်ခြင်းမရှိခဲ့သော မျိုးဝင်းအား ABSDF ( ကချင်) အနေဖြင့်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူတဦးအနေဖြင့် တွဲဘက်အတွင်းရေးမှူး (၁) နှင့် ဒု- စစ်ရေးတာဝန်ခံရာထူးကို ပေးခဲ့သည်။

ABSDF ( မြောက်ပိုင်း) အဖြစ်ဖွဲ့စည်းအပြီးတွင် ယိုးဒယားမြန်မာနယ်စပ်ရှိ မာနယ်ပလော စခန်းမှ ABSDF ဗဟို ဋ္ဌာနချုပ် ဥက္ကဋ္ဌ ကိုမိုးသီးဇွန်မှ အမှတ် ( ၅၀၁) တပ်ရင်းကို ABSDF ( မြောက်ပိုင်း) တွင်အင်အားဖြည့်ပူးပေါင်းဖို့ စေလွှတ်ခဲ့ပါသည်။ ရှမ်းပြည်နယ်မှ (၄၀၁) တပ်ရင်းတို့ရှိလာပြီး၊ ကျောင်းသားရဲဘော် ကိုယ်ပိုင်နံပါတ်မှာ ၅၀၀ ခန့်ရှိလာသည်။ ( အမှန်စင်စစ် လူအင်အားမှာ အကြောင်းအမျိုးမျိုးကြောင့် ၃၅၀ ခန့်သာ ရှိသည်)

၁၉၉၀ ခုနှစ် နှစ်လည်ပိုင်းလောက်တွင် နောက်တန်းတွင် ရှိနေသော ကျောင်းသားရဲဘော်ရဲမေများ တာဝန်ဖြင့် ရှေ့တန်းသို့ တဖွဲ့ပြီး တဖွဲ့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ သန်းထွန်းစိုး မှာ ရှေ့တန်းတွင် စစ်အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ မိမိလည်း ရှေ့တန်း ဗန်းမော် ခရိုင်သို့ တာဝန်ဖြင့်ထွက်ခွာခဲ့ရသည်။ ထိုခရီးစဉ်တွင် စစ်ရေးတာဝန်ခံ သံချောင်းတယောက် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး ညာဘက် လက် ဆုံးရှုံးခဲ့ရသည်။ များမကြာမှီ မိမိတို့စစ်ကြောင်း ဗဟိုသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ တာဝန်ပေးချက်အရ KIA မှ ဖွင့်လှစ်သော ဘဏ္ဍာရေးသင်တန်းသို့ တက်ရောက်ခဲ့ရသည်။ ရှေ့တန်းထွက် ကျောင်းသားရဲဘော် ရဲမေများ တဖွဲဖွဲ့ နှင့် ဗဟိုနောက်တန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနှစ် ၁၉၉၁ ခုနှစ် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကျောင်းသားရဲဘော်ရဲမေများ ABSDF ( မြောက်ပိုင်း) ဗဟို ဋ္ဌာနချုပ် သို့ ပြန်လည်ရောက်ရှိခြင်းသည် ပြုပြင်မရတော့သည့် ကျောင်းသားတပ်မတော် ၏ ဆိုးသွမ်းသော သမိုင်းအမှားဖြစ်ရပ်ဆိုးများ ပေါ်ပေါက်ခဲ့ရသည့်နှစ် ဖြစ်စေခဲ့သည်။

ထို အချိန်မှာ တပ်တွင်းရှိ ကျောင်းသားရဲဘော်၊ ရဲမေများ ထမင်း နှင့် ဆားငပိ တို့သာ စားနေရချိန်တွင်၊ တပ်တွင်း ဦးဆောင်နေသော ကျောင်းသားခေါင်းဆောင်တာဝန်ယူထားသူများမှာ တလလျှင် တရုပ်ငွေ ယွမ် (၃၀) လခစားကြသည်။ လူကြီးများအတွက် အသေးသုံးစားစရိတ် ဆိုကာ အခွင့်ထူးခံစားကြသည်။ ကျောင်းသားခေါင်းဆောင်တိုင်းတွင် သူတို့၏ ဝေရာဝတ်စ ထမင်းချက်၊ အင်္ကျီလျှော်၊ထင်းခွေ၊ ကိုယ်ရေးကိုယ်တာခိုင်းစေရန်အတွက် တော်လှန်ရေးလုပ်ရန်လာသည့် ကျောင်းသားငယ်များအား အနားတွင်ထားပြီး ခိုင်းစားကြသည်။

နန်းအောင်ထွေးကြည် ရဲ့ အစီရင်ခံစာ ကို ဆက်လက်တင်ပြသွားပါမယ်။ ဒုတိယ ပိုင်းမှာ လူဖမ်းပွဲ စတင်ဖြစ်ပေါ်ခြင်းတွေကို အသေးစိတ်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

( ဖက်ဆစ်အာဏာရူး စစ်ဘီလူးတို့လက်ချက်ဖြင့် ခေါင်းဖြတ် အသတ်ခံရသူ..ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်( ကျောက်တိုင်ကို လက်တင်ထားသူ )



မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၃ ) (by အောင်မိုးဝင်း)



( လူသတ်အာဏာရူး စစ်ဘီလူးတို့ လက်ချက်ဖြင့်ခေါင်းဖြတ်အသတ်ခံလိုက်ရသော...ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂခေါင်းဆောင်

ကိုထွန်းအောင်ကျော် )

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဒီကိစ္စဟာ လူတွေသက်ရှိထင်ရှားရှိနေစဉ်မှာ ရှင်းရမယ် လို့ ပြောလိုက်ပါတယ်။ အဲ့ဒီစကားတွေကို ကျနော့ဘာသာ ကြားကနေ ပွဲစားလုပ်ပြောပေးနေတာ အကြောင်းရှိပါတယ်။ သူ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အုပ်စုတွေရှိနေသလို၊ အချိန်ကြာလာတာနဲ့အမျှ၊ ဒီကိစ္စကြီးက ရှုပ်ထွေးလာတော့မှာမို့ပါ။ ပက်ပက်စက်စက် ခံလိုက်ရသူတွေက အများကြီးပဲလေ။ ဘယ်လိုလုပ်ကြေအေးနိုင်မှာလဲ။ ပြီးတော့ ရော်နယ်အောင်နိုင်တယောက် ဘီဘီစီ မှ ဘယ်လိုအလုပ်ပြုတ်ခဲ့သလဲ ဆိုတဲ့အချက်တွေကိုလည်း ကျနော်သိနေလို့ပါ။

ကျနော်က ဒီလိုတွေးတယ်။ “ လူသတ်မှုကြီးက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီ။ ကျူးလွန်ခဲ့သူတွေက ကာယကံရှင်တွေကို သေသေချာချာ တောင်းပန်ပြီး အဖွဲ့အစည်းအတွက် သိက္ခာပြန်ဆယ်လို့ရမဲ့ ဇာတ်သိမ်းခန်းလေး တခုလိုမျိုးဆို သိတ်ကောင်းမှာပဲ” လို့ စိတ်ကူးခဲ့ မိတယ်။ ဥပမာ ရဝမ်ဒါမှာ ပြန်လုပ်တဲ့ ပြန်လည်သင့်မြတ်ရေးဇာတ်လမ်းတွေလိုမျိုးပေါ့။ ဒါပေမဲ့ ဒါကလည်း ကျနော့်စိတ်ကူးပါ။ ကြုံတွေခံစားခဲ့ရသူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးစဉ်းစားကြရမှာ မဟုတ်လား။ လူသတ်မှုမှာ တာဝန်ရှိသူတွေက ဘာမှအကြောင်းမပြန်လာတဲ့အတွက် ခုလို အင်တာနက်ပေါ်မှာ ချရေးပြီး ပြည်သူလူထုနဲ့သတင်းသမာတွေကို ချပြရတဲ့အဆင့်ကိုရောက်သွားတာပါ။ ဒါကလည်း ကျနော်ရွေးတဲ့ လမ်းမဟုတ်ဘူး။ ကာယကံရှင်တွေ ရွေးတဲ့လမ်းဖြစ်တယ်။

ဒုတိယကအချက်ကတော့- ကျနော့ရဲ့ ဆောင်းပါးတွေဟာ ဖေ့ဘွတ်မှာတင်ရေးပြီး ပျောက်သွားလိမ့်မယ်ထင်ရင်တော့ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို တင်ပြတဲ့အခါ ကျနော်တို့သင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ် တခုဖြစ်တဲ့ System Dynamics လို တည်ဆောက်ထားခဲ့ပါတယ်။ လူတွေ၊ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခန့်မှန်းတွက်ချက်ထားတဲ့ System တွေမှာ ထည့်ထားတယ်။ အဲ့ဒီ ဒီဇိုင်းကို ပုံဖေါ်လည်ပတ်ကြည့်တယ်။ အရှိန်တခုရောက်ရင် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ ဇာတ်ဆောင်တွေဟာ ဟော့ဒီ System ထဲမှာ အလိုလို လိုက်ပြီးလည်ပတ်ရပါတယ်။ မလည်ပတ်ဘူးဆိုရင်၊ နောက်တဆင့်မှာ ကြိတ်ချေခံရတတ်ပါတယ်။ အခုမှ စလည်ပတ်ခါစပဲ ရှိပါသေးတယ်။ အရှိန်ရလာတာနဲ့အမျှ၊ ခရီးတခုဟာ မလွှဲမသွေရောက်လာမှာပါ။ လူတွေဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲဖို့လိုပါလိမ့်မယ်။ ဒီ အဖြစ်အပျက်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့တဲ့သူတချို့ ဟာ ယနေ့ချိန်ထိ တာဝန်မဲ့စွာ တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ရှက်စရာကောင်းတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ သွေးဆူပြီး ဆန္ဒစောနေတဲ့ မိတ်ဆွေတွေလည်း ဇာတ်လမ်းကို ဆုံးအောင်နားထောင် စေချင်ပါတယ်။ ပြည်သူလူထုရဲ့ အသံကို နားထောင်ကြည့်ပါ။ ကာယကံရှင်တွေရဲ့အသံတွေကို နားထောင်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ တရားကို နတ်စောင့်ပါတယ်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၃-) ကို သုံးသပ်ကြည့်နိုင်ကြပါစေ။

(က)

ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်

တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။

“လှဆောင်” ဆိုတဲ့ကောင်က ခေါင်းပြတ်ကြီးကို ကန်ချရင်း “ ကျောင်းသားဆိုတဲ့ကောင်တွေ တော်တော်ခေါင်းမာတဲ့

ကောင်တွေပဲ” “ တော်တော်လည်း သွေးသောက်ရဲဘော်တွေ ပီသကြပါလား” တဲ့

သန်းဇော်တို့ အုပ်စုက သူတို့လက်ထဲက ဓါးတွေကို ပစ်ချလိုက်တယ်။ “ ဒီကောင်တွေကို ခုတ်ရတာ တော်တော်နဲ့ မပြတ်ဘူး”တဲ့

သူ့တို့ရဲ့အသံနက်ကြီးတွေကို့ ဝိညာဉ်တွေ နဲ့ လိုက်ကြည့်နေမိတယ်

ကျော်ဝေ- ချိုကြီး- စိုးဝင်းသန်း--- ထစမ်း ထစမ်း ခေါင်းပြတ်တွေကို နောက်မှ ပြန်ဆက်ကြကွာ---

အဲ့ဒီ လှဆောင်၊ မျိုးဝင်း၊ သန်းဇော် ၊ သံချောင်း ဆိုတဲ့ကောင်တွေ နောက်ကို လိုက်ကြရမယ်

သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြဟေ့

သူတို့ရဲ့ လိပ်ပြာတွေကို ငါတို့ ဝိညာဉ်တွေနဲ့ ချုပ်ထားကြ----

ဟိုမယ် ----ဟိုမယ်-- “လှဆောင်” ဆိုတဲ့ကောင် ကချင်ပြည်နယ်ထဲမှာ ပြန်ပေါ်လာပြီ

သေချာနားထောင်စမ်း သေချာနားထောင်စမ်း

အဲ့ဒီ လူသတ်သမားတွေရဲ့ခြေသံတွေကို ငါတို့ကြားနေဆဲပဲ

ကျော်ဝေ-- မင်းဟစ်ကြွေးခဲ့တဲ့စကားတခွန်း ပြန်အော်ပြောလိုက်စမ်းကွာ

“ငါ့ကို မင်းတို့ သတ်လို့ရမယ်- ငါ့ဝိညာဉ်ကို မင်းတို့မသတ်နိုင်ပါဘူးကွာ၊ ဓမ္မစစ်ကျောင်းသား ကျော်ဝေ ကွ”

“ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ်- ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး” “ငါ့ကို မင်းတို့ သတ်လို့ရနိုင်မယ် ငါ့ဝိညာဉ်ကို မင်းတို့ မသတ်နိုင်ပါဘူး”

(ခ)

ဝိညာဉ်စီး တယ်ဆိုတဲ့ ဝေါဟာရကို ခင်ဗျားတို့ ကြားဘူးမလားမသိဘူး။ ကျနော်ကတော့ အသံထွက်ခွင့်မရရှာတဲ့ ဝိညာဉ်တွေ ကို ကျနော့အခန်းငယ်လေးထဲမှာ သိမ်းထားခဲ့တယ်။ ညတိုင်ရင် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ သစ္စာဆိုခဲ့တယ်။ “ သူတို့အတွက် ထုတ်ပြော နိုင်ခွင့်ရမဲ့ အခွင့်အရေး တခါလောက်ဖြစ်ဖြစ် ရပါရစေသား” လို့။

ခုတော့ ကာယကံရှင်တွေရဲ့ ကျွံဝင်လာတဲ့ စကားတွေထဲမှာ ဝန်ခံခြင်းတဝက်၊ အမှားတသက် ထင်ထင်ရှားရှားတွေ့နေရပြီ။

ဧရာဝတီမဂ္ဂဇင်း ( အင်္ဂလိပ်) ဆောင်းပါးထဲမှာ ဆောင်းပါးရှင်တွေက မြောက်ပိုင်းလူသတ်ပွဲနဲ့ပတ်သက်ပြီး၊ ရော်နယ်အောင်နိုင် ကို မေးခွန်းတခုမေးတော့၊ ရော်နယ်အောင်နိုင်က လူသတ်မှုကို ငြင်းဆန်မှုမရှိစွာပဲ ဖြေခဲ့တယ်။ “ ကျောင်းသား (၁၅) ယောက်ဟာ ထောက်လှမ်းရေးအစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေရှိပါ သတဲ့။ “ဆောင်းပါး (၁) နဲ့ (၂) မှာ ကျနော် ခင်းထားတဲ့ လမ်းကြောင်းထဲကို တည့်တည့်ဝင်လာတာပဲ” လို့ တွေးနေမိတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်တယောက်၊

၁၉၉၂ ဖေဖေါ်ဝါရီ (၁၈) ရက်နေ့ The Nation သတင်းစာ ကို ပြန်ဖတ်သင့်တာပေါ့။ မြောက်ပိုင်း လူသတ်ပွဲ အပြီးမှာ၊ The Nation သတင်းထောက် YindeeLertcharoenchok က အဲ့ဒီနေရာကို ရောက်သွားပြီး မြောက်ပိုင်း ABSDF ခေါင်းဆောင်တွေ၊ မသတ်ရသေးတဲ့ ဖမ်းဆီးထားခံရတဲ့ ကျောင်းသားတွေနဲ့တွေ့ဆုံအင်တာဗျူးထားမှုကို ဆောင်းပါးလုပ်ထားတာ။ ဆောင်းပါးအမည်က Burmese Rebels Defend Executions။ အဲ့ဒီဆောင်းပါးရဲ့ ( အပိုဒ်-၁၃) မှာ ကျော်ကျော် ( ကချင်) နဲ့ ရော်နယ် အောင်နိုင်က အခုလို ဝန်ခံထားတယ်။

Aung Naing and Kyaw Kyaw , however, admitted that torture, particularly “ beating and telephone-wire electric shocks ” were applied to force confessions.

“ဝန်ခံဖို့အတွက် ရိုက်နှက်ခြင်းနဲ့ လျှပ်စစ်ရှော့တိုက်ခြင်းလို နှိပ်စက်ညင်းပမ်းမှုတွေကိုအသုံးပြုခဲ့ပါတယ်” တဲ့။ သူတို့လိုချင်တဲ့ အဖြေမထွက်မချင်း နှိပ်စက်ညှင်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့ကြတာဆိုတာမို့လား။ နှိပ်စက်ခံရသူတွေက နောက်ဆုံး သူတို့ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ စစ်ကြောရေးစခန်းက လွတ်ရင်ပြီးရော၊ “ဟုတ်တယ်” လို့ အဖြေပေးလိုက်ကြရတော့တယ်။

တကယ်တော့ မြောက်ပိုင်းလူသတ်မှုဖြစ်ပွားနေစဉ်ကာလတုံးက ကျနော်နဲ့လုပ်ဖေါ်ကိုင်ဘက် ဗကသ ( အထက်ဗမာပြည်) ခေါင်းဆောင် တချို့ ဟာ မန္တလေးအကျဉ်းထောင်ထဲမှာပါ။ မန္တလေးထောက်လှမ်းရေးအုပ်စုတွေက သူတို့ကို အကျဉ်းထောင်ထဲကနေ ညတိုင်းဆွဲထုတ်ပြီး၊ ဓါတ်ပုံတွေကို ပြပြီး သေချာမှုတွေ ယူသတဲ့။ “ ဒါ-- ထွန်းအောင်ကျော် ဟုတ်တယ်မို့လား” “ ဒီ ပုံကတော့ စိုးဝင်းသန်း မို့လား” “ ဒီကောင်ကရော ဘယ်သူလဲ”

အကျဉ်းထောင်တွင်းမှာ ရောက်နေရှာတဲ့ ဗကသတွေဟာ ကြိတ်ပြီး ငိုခဲ့ရတယ် လို့ ဆိုတယ်။ လူတွေသေပြီးတိုင်း ဓါတ်ပုံတွေက အမြန်ရောက် ရောက်လာတော့ ပါဂျောင် စခန်းရဲ့ လူသတ်မှုတွေထဲမှာ အစိုးရစစ်ထောက်လှမ်းရေးရဲ့လူတွေက တောက်လျှောက် သတင်းပို့နေတယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ဓါတ်ပုံတွေကို ကြည့်လိုက်ပြန်တော့လည်း လူသေတွေကို ညမှာ သေသေချာချာ ရိုက်ထားတာလို့ ဆိုတယ်။

ဒါဖြင့် မန္တလေး ထောက်လှမ်းရေးဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူလဲ။

မန္တလေးထောက်လှမ်းရေးတွေဆီကို ဓါတ်ပုံတွေ ပေးပို့နေသူတွေက ဘယ်သူတွေလဲ။

သေချာတာတော့ ထောက်လှမ်းရေးလို့စွပ်စွပ်ခံရ၊ အသတ်ခံရတဲ့သူတွေမဟုတ်ဘူးလေ။

(ဂ)

ကိုထွန်းအောင်ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလမှာ “နန်းအောင်ထွေးကြည်” ဆိုတဲ့ ဘေဘီရဲမေလေးက သူနဲ့ စကားပြောခွင့်ရခဲ့တယ်။ နန်းအောင်ထွေးကြည်ဆိုတာ ကျနော်တို့တင်ပြထားတဲ့ ဓါတ်ပုံ ( ရဲမေ ၄ ယောက်ရပ်နေတဲ့ပုံ) ထဲက ညာဘက်အစွန်က ကောင်မလေး။ တကယ်တော့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ နန်းအောင်ထွေးကြည် ကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲ၊ ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ သူမမျက်နှာကို မီးရဲရဲထောက်နေတဲ့ ထင်းမီးနဲ့ ထိုးနှိပ်စက်ခဲ့တယ်။ နဂိုက ချောမောလှပခဲ့တဲ့ မျက်နှာတခုလုံး ဒဏ်ရာဒဏ်ချက်တွေရခဲ့ရှာတယ်။ ပြီးတော့ နှမချင်းမစာနာ မိုက်မိုက်ရိုင်းရိုင်း စစ်ဆေးနည်းတွေကို လုပ်ခဲ့တယ်။ ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကလည်း အသတ်ခံရတော့မယ် လို့ သူကိုယ်တိုင်သဘောပေါက်သွားတဲ့အခါမှာတော့ နန်းအောင်ထွေးကြည် ကို ပြောရှာတယ်။ “ မငယ် ငါ့စိတ်ထဲမှာတော့ နင် လွတ်သွားလိမ့်မယ်လို့ထင်နေတယ်။ ဟုတ်တယ်ဟာ ငါ့စိတ်ထဲမှာ တကယ့်ကို ယုံကြည်နေတာ နင်လွတ်သွားလိမ့်မယ်။ နင်လွတ်သွားတဲ့ အခါကျရင် ဟော့ဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးကို ပြန်ပြီးပြောပြပေးပါမယ် လို့ ဂတိပေးစမ်းပါဟာ” တဲ့။ “ စိတ်ချပါအကိုကြီး ကျမပြောပြပါမယ်” တဲ့။ နန်းအောင်ထွေးကြည် က မျက်ရည်တွေကြားကနေ ဂတိပေးခဲ့တယ်။

ဘဝဆိုတာ အံသြ ဖို့ ကောင်းပါတယ်။ နန်းအောင်ထွေးကြည်အပါအဝင် မြောက်ပိုင်းဒေသမှာ ကြုံတွေ့ခံစားလာခဲ့ရသူတွေ၊ ကျူးလွန်ခဲ့သူတွေ အများအပြား နဲ့ ဆုံဆည်းခွင့်၊ စကားပြောဆွေးနွေးခွင့်တွေ ရလိုက်တယ်။ မငယ် (ခ) နန်းအောင်ထွေးကြည်က “ ကျမလေ ဒီအဖြစ်အပျက်တွေကို တရက်မှ မမေ့နိုင်ခဲ့ဘူး” တဲ့။ သူမက ဘယ်သူ့ကိုမှ အဆက်အသွယ်မလုပ်ပဲ သူတယောက်တည်း အော်စီမှာ ဇာတ်မြှုပ်နေပြီး ဘဝကို ရှင်သန်ခဲ့ရတယ်။ ငရဲက သယ်လာတဲ့ ဒဏ်ရာတွေကို ကျနော်မြင်နေရတယ်။ ဟုတ်မှာပေါ့လေ။ ကျနော်လည်း သူတို့တတွေပြန်ပြောပြတဲ့ ဇာတ်လမ်းတွေကို ဆက်ပြီးနားမထောင်ရဲလောက်အောင်ပဲ။ ပါဂျောင်ဒေသ က အော်ဟစ်ဆူညံနေတဲ့ ဝိညာဉ်တွေ ကျနော့ရင်တခုလုံးဆီ မချိမဆန့်လူးလွန့်နေတယ်။ “မငယ်” ကို ကျနော်အားပေးခဲ့ဘူးတယ်။

“ ဖြစ်ခဲ့တာတွေအတွက် ယူကြုံးမရဘူးဗျာ။ ဒါပေမဲ့ အချိန်တန်ရင် ဒီလူတွေ သူ့အရှိန်နဲ့သူသွားမှာပါ။ ခင်ဗျား မပူပါနဲ့။ တည်ငြိမ်အောင်နေပါ။ အကုသိုလ်ကံတွေကို ရောက်မလာစေနဲ့။ ဒီ လူတွေ ဝဋ်လည်အုံးမှာပါ။ ယုံစမ်းပါ” လို့။ နန်းအောင်ထွေးကြည်က ကျနော့ကို ပြောတယ်။ “ ကိုအောင်မိုးဝင်း ကလည်း ထိန်လင်း အတိုင်းပဲ သံဝေဂ တရားစကားတွေ ပြောတယ် တဲ့။ အေးလေ။ သူမရဲ့ ဘဝမှာ ရက်ရက်စက်စက်ကြုံတွေ့ခဲ့တာဆိုတော့ ပြင်းပြင်းထန်ထန်တုန့်ပြန်ချင်တဲ့စကားလုံးတွေကို အလိုရှိမှာ အမှန်ပဲ။ ကျနော်တွေးတာက ဒီလိုပါ။ ဒါဟာ အစုလိုက်အပြုံလိုက် လူသတ်ပွဲ ပဲ။ လူတွေကို လပေါင်းများစွာဖမ်း၊ နှိပ်စက်ညှင်းပမ်းပြီးမှ ခေါင်းဖြတ်သတ်တာမျိုးတွေဆိုတာ ကျနော်နေနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ တခါတလေပြတဲ့ စိတ္တဇ လူသတ်ကား ရုပ်ရှင်တွေမှာပဲ ကြည့်ဘူးတယ်။ ဒါပေမဲ့ ဒီလောက်မများဘူး။ ဒီလို လူမျိုးတွေကို ရင်ဆိုင်ဖို့အတွက် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်ခံစားမှုတွေနဲ့သွားလုပ်လို့မဖြစ်ဘူး။ စံနစ်တကျပြင်ဆင်ရမယ်။ သူတို့လိုပဲ သွေးအေးအေးနဲ့ တုန့်ပြန်ရမယ်။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေယောင်ယောင် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေကို တဆင့်ခြင်းဆွဲချွတ်ပစ်ရမယ်။

တခါတလေတော့လည်း ရီစရာတော့ ကောင်းတယ်။ လူသတ်မှုနဲ့ ဆက်နွယ်နေတဲ့ သူတွေက သူတို့ကို အင်တာနက်မှာ တယောက်ယောက်က ချတိုင်း၊ နောက်ကွယ်ကနေ ကျနော်က မြှောက်ပေးတယ် လို့ ထင်ကြတယ်။ ကျနော်က ဘာလို့နောက်ကွယ်က နေရမှာလဲ။ ထိုင်းနယ်စပ်ကို ခြေချ ကတည်းက ဒီကိစ္စကို ဗြောင်မေး၊ ဗြောင်ပြော၊ ဗြောင် စိန်ခေါ်နေခဲ့တာပဲ မို့လား။ လာရင် ရှေ့တည့်တည့်က လာမှာ စိတ်ချ လို့ စိတ်ထဲမှာ ပြောနေမိတယ်။ ကျနော်ကြောက်ရမဲ့အဖွဲ့ဆိုတာ တဖွဲ့မှ မရှိဘူးလေ။ ကြောက်တတ်ရင် အစောကြီးကတည်းက နိုင်ငံရေးမလုပ်ဘူး။ အထူးသဖြင့် ခွေးအ လိုလို လူမျိုးတွေကို ကြောက်စရာမလိုဘူး။ ခွေးအ ဆိုတာက အုပ်စုရှိမှ အမဲလိုက်ရဲတယ်။ အပုပ်ကို စားတယ်။ ဒါပေမဲ့ ခွေးအ တွေ အမဲလိုက်လေ့ရှိတဲ့ နေရာဒေသဟာ သိတ်ကျဉ်းပါတယ်။ါ့။ ကျနော်တို့ အမဲလိုက်မဲ့နေရာက အများကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ သမိုင်းဆိုတာကတော့ ရှင်းကြရအုံးမှာပါ။ လူဆိုတာ စိုက်တဲ့အတိုင်း ရိတ်သိမ်းကြရမယ်။

(ဃ)

ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) ၊ မငယ် (ခ) နန်းအောင်ထွေးကြည်နဲ့ ပတ်သက်လို့ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာလေးတခုကို ပြောပြချင်ပါတယ်။ ၁၉၉၂ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ကေအိုင်အေ နဲ့ မန္တလေး၊ ရန်ကုန် ကျောင်းသားထုကို ရန်တိုက်ပေးထားတာတွေ့ကြပါလိမ့်မယ်။ ကေအိုင်အေ ဟာ ကချင်ကျောင်းသားတွေကို အသုံးချပြီး ဗမာကျောင်းသားတွေကို သတ်တယ်-- ဘာညာ ဆိုတဲ့ ဝါဒဖြန့်မှုတွေပါ။ စစ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲကို သံယောင်လိုက်ပြီး လျှောက်ပြောနေတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဖြစ်သမျှ ရာဇဝတ်မှုကို သေဆုံးသွားတဲ့ မျိုးဝင်းအပေါ်မှာ လွှဲချပြီး ဇာတ်လမ်းဆင်ရှောင်ထွက်ဖို့ ကြိုးစားချင်ပုံရပါတယ်။ တကယ်တော့ ရှောင်ထွက်လို့မရပါဘူး။ အာသံကုန်းမြင့်မှာ လူသတ်မှုကို ကျူးလွန်ခဲ့တာ မျိုးဝင်းတယောက်တည်း မဟုတ်သလို၊ ဖမ်းဆီးထားတဲ့ မန္တလေးကျောင်းသားတချို့ကို ရိုက်နှက်နှိပ်စက်ပြတဲ့ အထဲမှာ ရော်နယ်အောင်နိုင်လည်းပါပါတယ်။ မန္တလေးက ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုရာကျော်ရဲ့မျက်နှာ ကို စစ်ဖိနပ်နဲ့ ချွတ်ပြီး ရိုက်ခဲ့တာ ရော်နယ်အောင်နိုင်ပါ။ ဗမာပြည်ဆီကို ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိုရာကျော် ကတော့ မန္တလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် နှစ်ရှည်ကျရင်း ကျဆုံးခဲ့ပါတယ်။

မျိုးဝင်း တို့ အုပ်စုက ကေအိုင်အေဟာ သူတို့နောက်က ရှိတယ်။ သူတို့ကသာ ကေအိုင်အေနဲ့ပိုင်တယ် ဆိုတဲ့ ထင်ယောင်ထင်မှား ဟန်ပန်တွေကို လုပ်ခဲ့ကြပုံရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တချို့က သတိပေးခဲ့တယ် လို့ဆိုပါတယ်။ “ ကျနော်တို့မှာ အတွေ့အကြုံရှိတယ်။ ဖြုတ်ထုတ်သတ် လုပ်ခဲ့မိလို့ ကျနော်တို့ပါတီဟာ တလျှောက်လုံးပေးဆပ်နေရတယ်။ ခင်ဗျားတို့မလုပ်ကြပါနဲ့ဗျာ” လို့ တိုက်တွန်းခဲ့တယ်။ နားမထောင်ပါဘူး။ လူသတ်မှုတွေ နားနဲ့မဆန့်အောင် ကြားလာရတဲ့အခါ ကေအိုင်အေခေါင်းဆောင်တွေရောက်လာပြီး အတင်းဝင်ရောက်တားဆီးပါတော့တယ်။ ကေအိုင်အေ ဟာ မျိုးဝင်းနဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်တွေကို အင်မတန်စိတ်ပျက်သွားခဲ့တယ်။ နန်းအောင်ထွေးကြည်ကို သူတို့စစ်မေးမယ် ဆိုပြီး၊ လွှဲပြောင်းယူခဲ့တယ်။ ဗိုလ်ချုပ်ဇော်မိုင် နဲ့ ခေါင်းဆောင် သုံးယောက်က နန်းအောင်ထွေးကြည်ကို စစ်ဆေးစဉ်ကာလက မှတ်တမ်းတွေ ကို ယူပြီး ပြန်လည်မေးခွန်းထုတ်ခဲ့တယ်။

“သမီးရဲ့ ထောက်လှမ်းရေး ကိုယ်ပိုင်နံပါတ်က (------x+) ဟုတ်လား”

“ ဟုတ်ပါတယ်”

ဗိုလ်ချုပ်ဇော်မိုင်နဲ့ ကေအိုင်အေ ခေါင်းဆောင်တွေက ရီကြတယ်။ “ ကဲ--- ငါ့သမီး ခုချိန်က စပြီး သမီးဝန်ခံပြောဆိုနေတဲ့ ထောက်လှမ်းရေးဆိုတာကြီးကို မေ့လိုက်တော့။ “သမီးပြောတဲ့ ကိုယ်ပိုင်နံပါတ်က ဗိုလ်ချုပ်နေဝင်း နဲ့ တန်းတူဖြစ်နေတယ်” တဲ့။ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တသက်လုံးတိုက်လာခဲ့တဲ့ ကေအိုင်အေ က ရန်သူရဲ့ ကိုယ်ပိုင်နံပါတ်တွေ၊ သင်တန်းဆင်း နံပါတ်တွေကို အလွတ်ရတာပေါ့။ တကယ်တော့ စစ်ထောက်လှမ်းရေးနံပါတ်ဆိုတာတွေကလည်း မျိုးဝင်း၊ သံချောင်းနဲ့ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေက ဇွတ်အတင်းဖန်တီးဝန်ခံခိုင်းတာ ဆိုတော့ နန်းအောင်ထွေးကြည်အနေနဲ့ အဲ့ဒီအတိုင်းပဲ နုတ်တိုက်ရွတ်ဝန်ခံ ထွက်ဆိုရတော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်က နန်းအောင်ထွေးကြည်ကို ပြောတယ်။ “ ငါ့သမီး- ဒီကိစ္စက ပြန်ပြီးရှင်းရမယ်။ ဒီလိုခံနေလို့မဖြစ်ဘူး။ ငါ့သမီးတို့က ခံခဲ့ရတာကိုး။ ဒါပေမဲ့ အချိန်ကို စောင့်ပါ။ ငါတို့လည်း အပစ်အခပ်ရပ်ဆဲတော့မှာဆိုတော့ ----” မကြာခင်မှာပဲ ကေအိုင်အေ နဲ့ ဗမာအစိုးရကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု စကားပြောပွဲတွေက စတင်ခဲ့တယ်။ နန်းအောင်ထွေးကြည်လည်း ဒုက္ခသည်စခန်းက တဆင့် အော်စီ ( ------) ကို ထွက်လာခဲ့တော့တယ်။ ဗိုလ်ချုပ်ဇော်မိုင်ပြောသလိုပါပဲ။

“ကျမ အချိန်ကိုစောင့်နေခဲ့ရတယ်” တဲ့။ စောင့်ခဲ့ရတဲ့ အချိန်ကလည်း အနှစ် (၂၀) လောက်ဖြစ်သွားတယ်။

တကယ်တော့ မြောက်ပိုင်း လူသတ်မှုဟာ တချက်ခုတ် (၃) ချက်ပြတ် ကြံတဲ့ပွဲဖြစ်တယ်။

(၁) ဒီမိုကရေစီအင်အားစုဘက်က ကျောင်းသားအစစ်အမှန်တွေကို သတ်ပစ်တယ်

(၂) ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားသမဂ္ဂကြားမှာ အထင်အမြင်မှားအောင်ရန်တိုက်ပေးတယ်။

(၃) ဖေဖေါ်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ပြလိုက်ခြင်းအားဖြင့်၊ ကေအိုင်အေ ဟာ ဗမာကျောင်းသားတွေကို သတ်ဖြတ်လိုက်ကြပြီ ဆိုပြီး ဗမာကျောင်းသားနဲ့ ကေအိုင်အေ ကို ရန်တိုက်ပေးလိုက်တယ်။ မျိုးဝင်းတို့အုပ်စုကို ကချင်လက်နက်ကိုင်တပ်က ပစားပေးထား မြှောက်ပင့်ထားပြီး ဗမာကျောင်းသားတွေကို သတ်ခဲ့တယ် ဘာညာပေါ့။ ၁၉၉၂ သတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်က အဲ့ဒါပါပဲ။ မျိုးဝင်းတို့အုပ်စုရဲ့ နှိပ်စက်မှု အစစ်အမှန်တွေကို ရောထည့်ပေးလိုက်ပြီး စစ်အစိုးရက သူတို့လိုချင်တဲ့ နိုင်ငံရေးဝါဒဖြန့်ချီပွဲကို လုပ်ခဲ့တယ်။

ပြဿနာက ပြည်သူတွေဟာ အစိုးရသတင်းစာရှင်းလင်းပွဲထဲက အချက်အလက်တွေကို ဘာတခုမှ မယုံကြည်ခဲ့ကြတော့၊ မြောက်ပိုင်းမှာ နှိပ်စက်သတ်ဖြတ်ခဲ့ တာတွေကိုလည်း နားမထောင်ခဲ့ကြတော့ဘူး။ ပြန်ဝင်လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ ဒဏ်ရာကို လှန်ပြလည်း အစိုးရရဲ့လုပ်ကြံဝါဒဖြန့်မှု လို့ ထင်နေခဲ့ကြတယ်။ လှိုင်းက တအားကြီးနေတဲ့အချိန်၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးတွေ ကလည်း ဒီအချက်ကို သဘောပေါက်ပုံရတယ်။ မြောက်ပိုင်းကနေ အသက်လုပြေးလာတဲ့ ကျောင်းသားတွေလည်း ကံမကောင်းကြပါဘူး။ ထောင်ဒဏ်နှစ်ရှည်တွေ ကျကုန်ကြပြန်တယ်။

(င)

ကိုထွန်းအောင်ကျော် အကြောင်းကို ပြောမယ်ဆိုရင် ဗကသ ညီလာခံနှစ်ခုအကြောင်းကို မိတ်ဆက်ပေးရမယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး နောက်ဆုံးကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများညီလာခံ နှစ်ခုလုံးဟာ မန္တလေးမှာ ကျင်းပခဲ့တာဖြစ်တယ်။ ၁၉၈၉ မှာကျင်းပတဲ့ ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ပြုလုပ်ခဲ့တယ်။ ရန်ကုန်ဗကသခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ကိုရန်မျိုးသိန်း ( ဆေးတက္ကသိုလ်)၊

ဒုတိယအကြိမ်ကျင်းပတဲ့ ညီလာခံက ၁၉၉၀ ၊ မန္တလေး မစိုးရိမ်တိုက်ထဲမှာ ကျင်းပတာဖြစ်တယ်။ ရန်ကုန် ဗကသ က နှစ်ဖွဲ့ကွဲ နေတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ဗကသ နဲ့ ကိုအောင်ထွန်း( ကျောင်းသားသမဂ္ဂ သမိုင်းစာအုပ်ရေးသူ)၊ ဗသက်အောင်၊ ဖြိုးမင်းသိန်း တို့ ခေါင်းဆောင် တဲ့ (အောက်ဗမာပြည်၊ ဗကသ)၊ အခု ရှစ်လေးလုံးမျိုးဆက်မှာ လုပ်နေတဲ့ ကိုထွန်းမြင့်အောင် ဆိုတာလည်း ဖြိုးမင်းသိန်းနဲ့တဖွဲ့တည်းပဲလေ။ ၁၉၉၀ တလျှောက်၊ ရန်ကုန် ဗကသ နှစ်ဖွဲ့လုံး မန္တလေးကို လာကြရတယ်။ ကိုပြုံးချို၊ ကိုညိုထွန်း၊ ကိုကိုကြီး တို့တတွေလည်း သက်ရှိထင်ရှားရှိနေပါသေးတယ်။ ပြည်ပမှာရောက်နေသော မဟာ့ မဟာ ကျောင်းသားတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ----- ကိုယ့်သမိုင်းတွေချည်း ကိုယ်ရည်သွေး အမွှန်းတင်ပြောမနေပါနဲ့။ သူများတွေရဲ့ သမိုင်းတွေကိုလည်း အသိအမှတ်ပြုကြပါအုံး။ အပြင်မှာ သမိုင်းလိမ်တာတွေ၊ လက်ဝါးကြီးအုပ်တာတွေများလာတယ်။ ဂိုဏ်းဂဏဖွဲ့ရန်ဖြစ်တာကလည်း များလာတယ်။ တယောက်နဲ့တယောက် ကလည်း လေးစားမှုမရှိတော့ဘူး။ နောက်မျိုးဆက်တွေကလည်း မလေးစားတော့ဘူးလေ။ သမိုင်းနားမလည်တော့ ဗကသ ခေါင်းဆောင်က ထောက်လှမ်းရေးဖြစ်၊ NGOs တွေဆီမှာ ပိုက်ဆံရှာနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လို့ဖြစ်နဲ့။ ပြည်ပမှာ အဲ့သလို မိုးကြီးချုပ်နေမဲ့အစား၊ ရှစ်လေးလုံးမျိုးဆက်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ ဆယ်ယူကြစေချင်ပါတယ်။

ကိုထွန်းအောင်ကျော်

ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အသံလွှင့်ဋ္ဌာနတခုရှိပါတယ်။ GTI ကျောင်းဝင်း အတွင်းကနေ ထုတ်လွှင့်တာပါ။ ကိုထွန်းအောင်ကျော် ဆိုတာ ဂျီတီအိုင် ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ပါ။ သူ့ကို ချစ်ခင်လေးစားသူ တွေက “အကိုကြီး” လို့ခေါ်ဆိုလေ့ရှိတယ်။ အရေးတော်ပုံအရှိန်မြင့်လာတယ်။ သူ့ကိုလည်း သပိတ်တပ်ပေါင်းစုထဲမှာ တွေ့လာရတယ်။ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း အစည်းအဝေးပွဲတွေမှာ သွားတက်ခဲ့တယ်။ ဒေါ်ခင်ကြည်ဈာပန အခမ်းအနားတွေမှာ ဦးဆောင်ပါဝင် ခဲ့တယ်။ ရန်ကုန်ကျောင်းသားခေါင်းဆောင်တော်တော်များများက သူ့ကို သိကြပါတယ်။ သူ့ရဲ့ ညီ ကိုလတ် က ကိုမောင်မောင်ဝမ်းတို့နဲ့ အတူ မကသ မှာ လုပ်တယ်။

ဗကသ သမဂ္ဂညီလာခံ ( ၁၉၈၉)

၁၉၈၈ သြဂတ်စ် (၂၈) မှာ ပြုလုပ်ခဲ့တဲ့ ဗကသ ညီလာခံဟာ တတိုင်းပြည်လုံးက ကျောင်းသားတွေကို မစုစည်းနိုင်ခဲ့ဘူး။ ကျောင်းသားတွေဟာ တနိုင်ငံလုံးကို ကိုယ်စားပြုမဲ့ ညီလာခံတခုကိုကျင်းပကြဖို့ ပြင်ဆင်ခဲ့ကြတယ်။ ထုံးစံအတိုင်း ဗကသ၊ မကသ ကွဲနေတော့ မန္တလေးမှာ ညီလာခံနှစ်ခုဖြစ်ခဲ့တယ်။ တခုက- မန္တလေးတက္ကသိုလ်၊ အင်းဝဆောင် (၉) မှာ ကျင်းပတဲ့ ဗကသ ညီလာခံ။ နောက်တခုက ကိုမောင်မောင်ဝမ်း၊ ကိုလတ်၊ တို့ ဦးစီးကျင်းပတဲ့ ရတနာဘုံမ္မိနယ်မြေ ကဉ္စနဆောင် ထဲက၊ မကသ ညီလာခံ။ ရန်ကုန် ဗကသ ကနေ တက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေက ကိုပြုံးချို၊ ကိုဇော်ဇော်အောင်၊ ရန်မျိုးသိမ်း တို့ဖြစ်တယ်။ ကိုညိုထွန်း ကတော့ မန္တလေးမှာ ဗကသ ဖွဲ့စည်းဖို့အတွက် ဘုရားကြီး၊ မြတောင်၊ မစိုးရိမ် -- စတဲ့ ဘုန်းကြီးကျောင်းအစည်းအဝေးတွေမှာ ကတည်းက ကျောက်ချ ပါဝင်နေတော့တယ်။ အဲ့ဒီညီလာခံမှာ- ဗကက ( အထက်ဗမာပြည်) ဥက္ကဋ္ဌ က ကိုသန့်စင် ( ဆေးတက္ကသိုလ်) နဲ့ အပြိုင် ကျောင်းသားထုထောက်ခံတဲ့ခေါင်းဆောင်က ကိုထွန်းအောင်ကျော်။ သူကလည်း လူချစ်လူခင်များတယ်။ ၁၉၈၉ ဗကသ ညီလာခံကို ရော်နယ်အောင်နိုင် ( အနကလ)၊ ကိုစိုးလင်း ( အနကလ) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ လူထုဒေါ်အမာ၊ MA ဒေါ်အုံး၊ ဒေါ်ကြည်ကြည် ( သခင်ဇင့် မိန်းမ) တို့လို နာမည်ကြီး မျိုးချစ် ပုဂ္ဂိုလ်တွေအပြင်၊ နိုင်ငံရေးအဖွဲ့အသီးသီးက ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ တက်ရောက်ခဲ့ကြတယ်။ ဒီညီလာခံထဲမှာ ဗိုလ်ကြီးမြင့်ဦးရဲ့ စစ်ထောက်လှမ်းရေးတွေကလည်း တရားဝင်တက်ရောက် သတင်းယူခဲ့ကြတယ်။ အဲ့ဒီတုံးက ကိုထွန်းအောင်ကျော်ဘေးမှာ တိုးတိုးတိတ်တိတ် နဲ့ အကြံပေးလိုက် လုပ်နေတာ ရော်နယ်အောင်နိုင် ပဲ မဟုတ်လား။ တကယ်တော့ ရော်နယ်အောင်နိုင်၊ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း ဆိုတာ ညီလာခံမှာ တတွဲတည်းထိုင်ခဲ့တဲ့ သူငယ်ချင်တွေမဟုတ်လား။ ကဲ-- ဗကသခေါင်းဆောင်တယောက်ဟာ ထောက်လှမ်းရေးဖြစ်လို့ ခေါင်းဖြတ်သတ်လိုက်ပါတယ် ဆိုတဲ့ အခိုင်အမာဝန်ခံချက်တွေကို မန္တလေးသားတွေကို ရှင်းပြပေးသင့်တာပေါ့။ မန္တလေးသားတွေကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြမယ်ဆိုတာတော့ ယုံကြည်စေချင်ပါတယ်။

အချက်အလက်တွေ များနေမှာမို့ တတိယပိုင်း ကို ဒီမှာပဲ ရပ်လိုက်ပါမယ်။

စတုတ္ထပိုင်းမှာ “ နန်းအောင်ထွေးကြည်” ရဲ့ အစီရင်ခံစာတွေ ကို သူမရဲ့ မူရင်းလက်ရေးနဲ့အတူ တင်ပြပေးပါမယ်။



အောင်မိုးဝင်း

Friday, December 30, 2011 at 11:15am





မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၂ ) (by အောင်မိုးဝင်း)


မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)

ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။ “ တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။

မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။

နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။

(က)

ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။

(ခ)

အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။

“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။

(၁) ကျောင်းသားချင်းသတ်တာလား

(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား

(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား

ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။

(ဂ)

ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ ချင်းမိုင် မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။

မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆) မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ ) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။

(ဃ)

ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။ စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။ “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။

ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။

ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)

(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)

(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား

(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)

(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)

(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)

(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)

(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)

(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂

အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။

(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)

(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)

(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)

(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)

(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)

(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)

(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)

ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)

တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)

(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)

ရဲဘော် လက်သီး

(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)

တပ်ကြပ်ကြီး စောမြမောင်

(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)

ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့

(၁) ရဲဘော် စိုးမင်းအောင်

(၂) ဗဟိုကော်မတီဝင် ဦးစိန်

(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)

(၄) ရဲဘော် အေးကျော်

(၅) ရဲဘော် ကျော်ဋ္ဌေး

(၆) ရဲဘော်ကျော်ကျော်ဦး

(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)

(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)

(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)

(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)

(၁၁) အောင်မင်း ( မန္တလေး)

(၁၂) အရှည်ကြီး ဝင်းသိန်း

(၁၃) ရဲဘော် စိုးကြီး

(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။

“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့

ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၁ ) (by အောင်မိုးဝင်း)


(၁)

ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင်ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက် လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ် တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲ့ အုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံ ရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဘ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ဆုံးခန်းတိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက် ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင် လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကို အာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(၂)

ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က ဩော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လားလို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့ သိရပါတယ်။ ရော်နယ်အောင်နိုင်ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည်ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(၃)

ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။

တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ် ဖော်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦးကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲ စစ်ကြောရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။

အောက်ဖော်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီးဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ



ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသက အဖြစ်အပျက်တွေ ဖတ်ပြီး အရမ်းဝမ်းနည်းရတယ်။ အဖွဲ့အစည်းကို ထိခိုက်မှာစိုးလို့ဆိုပြီး နှစ်ပေါင်း ၂၀ တိတိ ဖုံးကွယ်ထားရတဲ့၊ မသိကျိုးကျွံပြုနေရတဲ့ မတရားခံခဲ့ရသူများဘက်က အတိုင်းမသိ စိတ်မကောင်းဖြစ်ရသလို၊ ရက်ရက်စက်စက် နှိပ်စက် အသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားများအတွက် ပိုလို့တောင် ၀မ်းနည်းရတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စကြီးက ဖုံးကွယ်မထားသင့်တော့ပါဘူး။ အမှန်တရားဟာ အမှန်တရားပါပဲ။

ဒီလိုအဖြစ်အပျက်ကြီးမှာ ကိုယ့် အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ မပါဘူးဆိုပေမယ့် သူတို့နဲ့ ထပ်တူ နာနာကျင်ကျင် ခံစားရတယ်။ အဲဒါကြောင့် ဒီအကြောင်းအရာတွေ ရေးသားဖော်ထုတ်ကြသူများရဲ့ စာတွေကို လူအများသိအောင်ရယ်၊ သမိုင်းမှတ်တမ်းတခု အဖြစ်ရယ် ရှိစေချင်တာကြောင့် ကျွန်မ ဘလော့ဂ်မှာ စုစည်း သိမ်းထားချင်မိတယ်။

ဒီဖြစ်ရပ်ဆိုးတွေကို ခုမှ သိ၊ ခုမှ ဖတ်ဖူးလို့ နှစ်ရက်၊ သုံးရက်လို့ အိပ်မပျော်နိုင်အောင်ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာ မဟုတ်ဘဲ ၀တ္ထုဇာတ်လမ်း တခုအဖြစ်သာ ရှိနေရင် ဘယ်လောက်ကောင်းမလဲ။ ကိုထွန်းအောင်ကျော်ကိုလည်း ကိုမင်းကိုနိုင်တို့၊ ကို ကိုကိုကြီးတို့နားမှာပဲ တစုတစည်းတည်း တွေ့နိုင်ရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်မ ၀မ်းနည်းခြင်းမျာစွာနဲ့ စိတ်ကူးယဉ်မိပါတယ်။ စစ်ထောက်လှမ်းရေး သူလျှိုတွေလို့ မှားယွင်းစွာ (တမင်တကာ သိသိကြီးနဲ့လို့ ကျွန်မကတော့ ယူဆတယ်) အနှိပ်စက် အသတ်အဖြတ်ခံခဲ့ရသူ အားလုံးအတွက် ကျွန်မ ဘာမှ မလုပ်ပေးနိုင်ပေမယ့် ဒီအဖြစ်မှန်ကြီး လူအများသိအောင်တော့ ကြိုးစားသွားမယ်။



Wednesday, November 9, 2011

မနေနိုင်လို့ ၀င်ပြောပါတယ်




ဒီရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စကို ကျွန်မ ဖေ့စ်ဘွတ်ခ်မှာ ၀င်နေပြာနေတာတော့ ကြာပြီ။ ဘလော့ဂ်မှာ တင်ဖို့ စာတပုဒ်တောင် ရေးပြီးသွားပြီ။ ဒါပေမယ့် လုပ်စရာတွေ များနေတာနဲ့ အချိန်လည်း အတော်နှောင်းနေပြီမလို့ ရေးလက်စလည်း မတင်ဖြစ်တော့ပါဘူး။

သို့သော်... မနေနိုင်လွန်းလို့ နည်းနည်းတော့ ၀င်ပြောချင်သေးတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စဟာ တော်ရုံနဲ့ ပြီးသွားမှာ မဟုတ်မှန်း ကျွန်မတို့အားလုံး သိတယ်။ ထင်သလောက် မရိုးရှင်းသလို၊ ဖြေရှင်းရ သိပ်ခက်လှတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒီအရေးကိစ္စကို အင်တာနက်သုံးသူတိုင်း၊ ဖေ့စ်ဘွတ်ခ်သုံးသူတိုင်း ဘာကြောင့်၊ ဘယ်လိုကြောင့်ဆိုတဲ့ အခြေအနေစုံကို သိအောင် လေ့လာဖတ်ရှုနိုင်ပါတယ်။ အဲဒီလို လေ့လာမှတ်သားပြီး သေချာသိမှလည်း ၀င်ပြောကြရင် ပိုကောင်းမယ်လို့ ထင်မိတယ်။ ခုလောလောဆယ်တော့ ကျွန်မလည်း အော်ရ၊ ရှင်းပြရတာများလို့ ဒီမှာ သိပ်မရေးပြချင်တော့ဘူး။ ဒါပေမယ့် ကျွန်မ သဘောကျတဲ့၊ ကျွန်မတို့ ပြောချင်တာနဲ့ ထပ်တူညီနေတာလေးတွေ တွေ့မိလို့ ကူးယူလာပါတယ်။ အဲဒါလေးတွေ ဖတ်ပြီး မှန်၏၊ မမှန်၏၊ လက်ခံ၏၊ လက်မခံ၏ ဆိုတာ ကိုယ့်ဖာသာကိုယ်သာ စဉ်းစားဆုံးဖြတ်ကြပါ။ ဒါကိုမှ နားမလည်သေးရင်လည်း အင်တာနက်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

````````````````````````````````````````````

ရိုဟင်ဂျာကိစ္စဟာ immigration status တခုရဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
သူတို့ဟာ ဒုက္ခသည်တွေမလို့ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
လူအခွင့်အရေး ရှုထောင့်ကနေ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
ဗမာ Citizen ဖြစ်ချင်လို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
ဗမာပြည်မှာ Permanent Resident Status ရဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
Islam ဘာသာကိုးကွယ်တဲ့ သူတို့ ကိုးကွယ်ယုံကြည်မှုကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue လည်းမဟုတ်ဘူး။
သူတို့ တောင်းဆိုနေတာ ဗမာပြည်လို့ ဖြစ်လာတဲ့ တိုင်းပြည်ကို စုစည်းတည်ထောင်ခဲ့ရာမှာ ပါဝင်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ရှမ်းနဲ့ အခြားလူမျိုးစုတွေနဲ့အတူတူ တတန်းတည်းထားပြီး ပခုံးချင်း ယှဉ်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးစု (natives) အဖြစ် အခွင့်အရေးရဖို့ သမိုင်းလိမ်များနဲ့ တောင်းဆိုနေတာသာ ဖြစ်တယ်။

Human Right issue မဟုတ်ဘူး။
Immigration issue မဟုတ်ဘူး။
Refugee issue မဟုတ်ဘူး။
Humanitarian issue မဟုတ်ဘူး။
Religious issue မဟုတ်ဘူး။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ရှမ်းနဲ့ အခြားလူမျိုးစုတွေနဲ့တန်းတူ လူမျိုးစု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့လို တချိန် ရိုဟင်ဂျာပြည်နယ် တောင်းဆိုခွင့်၊ တည်ထောင်ခွင့်တွေအထိရှိတဲ့ တိုင်းရင်းသား အခွင့်အရေးတောင်းဆိုနေတဲ့ political issue သာလျင်ဖြစ်တယ်။
ခွင့်ပြုသင့်သလား၊ လိုက်လျောသင့်သလားဆိုတာ သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါကုန်။

အမည်မသိ ကွန်မန့်ပေးသူ

````````````````````````````

တိုင်းပြည်တပြည်အတွင်းမှာ နေထိုင်ခြင်း နဲ. တိုင်းရင်းသားဖြစ်ခြင်း ဆိုတာ သီးခြားကဏ္ဍ တွေပါ..... ဥပမာ.. အင်္ဂလန်မှာ နေတဲ့ ဗမာတယောက် နေထိုင်ခွင့်ရချင်ရမယ်.. ဒါပေမယ့် သူဟာ အင်္ဂလိပ်ပါ ၊ စကော့တလန် လူမျိုးပါ ၊ အိုင်ယာလန်လူမျိုးပါ ၊ ဝေးလ် လူမျိုးပါလို. ပြောလို.မရဘူး.. ဘယ်သူ.မှလဲ လက်ခံမှာ မဟုတ်ဘူး.. ဗမာ ဟာ ဗမာပါပဲ.... အင်္ဂလန်က နေထိုင်ခွင့်ရထားတဲ့ လူတွေကို သိရင် လှမ်းမေးလိုက်ပါ... သူတို. စာအုပ်ထဲမှာ အင်္ဂလိပ်လူမျိုးအဖြစ် ရေးပေးလားလို...

simple views

````````````````

လူ့အခွင့်အရေးသမားတွေ ဖတ်ဖို့. . . .

လူကိုလူလို့ တန်းတူမြင်ဖို့၊ ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားဖို့၊ အသားအရောင်၊ အမျိုးဘာသာမခွဲခြားဖို့ ဘာမဆိုသဘောတူထောက်ခံပါတယ်။
တသက်လုံးလည်း ဒါပဲ ရေး လာတာပါ။

ဒီ့အတွက်ပဲ လမ်းပေါ်မှာ အလုံးအရင်းနဲ့ ဒုက္ခရောက်နေပါတယ် ဆိုတဲ့ လူတွေကို ကိုယ့်အိမ်ပေါ်ဆွဲတင်၊ ကိုယ့်အိမ်မှာနေလာတာကြာတော့ အမွေခွဲဖို့ကြိုးစားတာကို ကာကွယ်ဖို့ လိုမလို ပဲ စဉ်းစားကြရအောင်။

ကျုပ်တို့လည်း အမွေရသင့်ပါတယ်၊ ဟောဒီအိမ်ကြီးရှင်ရဲ့ ကိတ္တိမမွေးစားသားတွေပါ လို့ စာချုပ်စာတမ်းအတုအယောင်တွေကို ဖန်တီး ရေးသားလုပ်ကြံတာကို အဲဒီစာချုပ်တွေက အတုတွေပါလို့တောင်

ခင်ဗျားတို့ရဲ့ လူ့အခွင့်အရေး ဆိုတာကြီးက ပြောခွင့်မရှိတော့ဘူးလား ဟရို့ . . ။ ။

ချိုတူးဇော်

````````````````````````````

မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ မွတ်စလင်ဘာသာဝင် အိန္ဒိယ၊ အာရပ်အနွယ်ဝင်တွေကို ထိခိုက်ပြောဆိုလိုခြင်းမဟုတ်ကြောင်း သဘောပေါက်ဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ အိန္ဒိယ၊ တရုတ် လူမျိုးတွေ လူမျိုးခြား လူနည်းစု အနေနဲ့ ဧည့်နိုင်ငံသား၊ နိုင်ငံသားအဖြစ် နေထိုင်နေကြတာ မြန်မာတိုင်း အသိပါ။ နယ်မြေချင်းထိစပ်နေလို့ ဘင်္ဂါလီလူမျိုးများ ရခိုင်နယ်စပ်မှာ ၀င်ရောက်နေထိုင်နေကြတာကို ဘာမှ မပြောလိုပေမယ့် သူတို့ကို လူမျိုးတမျိုးအဖြစ် သတ်မှတ်ဖို့၊ တိုင်းရင်းသား အခွင့်အလမ်းတွေ ပေးဖို့၊ ရခိုင်ပြည်ဟာ သူတို့နယ်မြေပုံစံ ပြောဆိုလာတာမျိုးတွေကြောင့် ဒီရိုဟင်ဂျာအရေးကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။

ဒီပို့စ်ကို တင်ရတဲ့အကြောင်းရင်းကလည်း ဒီ သမိုင်းကြောင်းတွေ လျှောက်လိမ်၊ နိုင်ငံတကာကို လျှောက်လိမ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်က လူမျိုးတမျိုးပုံစံ၊ ရခိုင်နန်းတွင်းမှာတောင် အရေးပါတဲ့လူမျိုးတွေ ပုံစံမျိုး ပြောဆို လိမ်လည်လာကြတာကို လက်မခံနိုင်ကြောင်း ပြောချင်ရုံပါပဲ။ ဒီလို လက်မှတ်ထိုး ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသမှုဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာလည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ ကျွန်မတို့ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ရခိုင်လူမျိုးများနဲ့ ဘာမှ ဆက်နွယ်ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်လာတာ ကြာကောင်းကြာပြီဖြစ်နိုင်ပေမယ့် သူတို့ဟာ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီလူမျိုးပဲ ဆိုတာကို အမှန်အတိုင်း တရားမျှတစွာ ပြောချင်ရုံသပ်သပ်ပါ။

ဒီရိုဟင်ဂျာဆိုသူတွေကို ကျွန်မလိုပဲ မြန်မာအများစုက သိဖို့နေနေသာသာ ကြားတောင် ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပြည်ပမီဒီယာတိုင်းမှာ သူတို့ရဲ့သတင်းတွေကို အသားပေးဖော်ပြလာလို့ သတိထားမိလာတာပါ။ အစက ရိုဟင်ဂျာဆိုတာကို ဘာကို ပြောမှန်းတောင် မသိပါဘူး။ နောက်မှ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေဖြစ်မှန်း သိရတာ။ ဒီပြည်ပသတင်းဌာနတွေက သတင်းဟာ သတင်းပဲ ဆိုပြီး ရိုဟင်ဂျာသတင်းတွေကို အားရပါးရ အပြိုင်အဆိုင် ကြေငြာ ရေးသားကြ၊ ရိုဟင်ဂျာဆိုသူတွေနဲ့ အင်တာဗျူးတွေ လုပ်ကြ၊ ဒီရိုဟင်ဂျာတွေကို သဲသဲလှုပ်အရေးတယူ ရှိသလောက်၊ အခု ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ပါဘူးလို့ ကျွန်မတို့ အပြင်းအထန် ကန့်ကွက်နေကြတာကိုတော့ သတင်းအဖြစ် မတင်နိုင်ကြတာကို အံ့ဩလောက်အောင် တွေ့မြင်လိုက်ရတယ်။ အဲဒါကြောင့်လည်း ဒီအရေးကိစ္စဟာ သာမန် လျစ်လျုရှု သင့်တဲ့၊ မသိလိုက် မသိဖာသာ နေသင့်တဲ့ ကိစ္စ မဟုတ်ကြောင်း၊ မြစ်ဆုံအရေးလိုပဲ အရေးကြီးလှတဲ့ အမျိုးသားရေးသာဖြစ်ကြောင်း မြန်မာတိုင်းကို သိစေချင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတုန်းက လူမျိုးရေး၊ လူ့အခွင့်အရေးဆိုတာတွေ ဘာသံမှ မထွက်လာဘဲ တရုတ်တွေကို ပြောကြဆိုကြ၊ ကန့်ကွက်ကြနဲ့ အားရစရာကောင်းသလောက် ဒီရိုဟင်ဂျာအရေးမှာတော့ လူမျိုးရေးဆိုတာတွေ၊ လူ့အခွင့်အရေးဆိုတဲ့ အသံတွေနဲ့အတူ တုပ်တုပ်မျှ မလှုပ်ကြတာကို နားမလည်နိုင်အောင် ဖြစ်မိတယ်။


FaceBook သုံးနေသူအများစုကတော့ ရိုဟင်ဂျာအရေး ဘယ်က စ တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဘီဘီစီရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားသော မြန်မာပြည်မြေပုံနဲ့ ပတ်သက်နေပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ဒီရိုဟင်ဂျာတွေကို ဘယ်လောက်တောင် မြန်မာလူမျိုးစုထဲ ထည့်ထားချင်တယ် မပြောတတ်ဘူး။ အထင်ကရ လူမျိုးကြီးဖြစ်တဲ့ ရခိုင်လူမျိုးကို ထည့်ဖို့ မေ့ခဲ့တဲ့အထိ၊ ပြီးတော့ တရုတ်အနွယ်ဖြစ်တဲ့ ၀ လူမျိုးဆိုတာကိုလည်း ထည့်ထားလိုက်သေး။ ကျွန်မတို့ နိုင်ငံကြီးတော့ အထက်ပိုင်းက တရုတ်၊ အောက်ပိုင်းက ဘင်္ဂါလီကုလားတွေနဲ့ အရမ်းကို ပဏာရနေမှာ မြင်ယောင်မိတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံသားများဟာ အာဏာပါဝါကို လက်ကိုင်ထားပြီး ငွေမျက်နှာ တခုတည်းကြည့်ကာ နိုင်ငံကို လက်ညှိုးထိုးရောင်းစားသူများနဲ့ ဘာမှ သိပ်မကွာတဲ့ အာဏာမရှိသော်လည်း ကိုယ့်အခွင့်အရေးနဲ့ ပိုက်ဆံရဖို့အတွက် မျောက်ပြ ဆန်တောင်းနေကြသူများ အလယ်က မြေစာပင်တွေဆိုတာကို ကျွန်မ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။

s0wha1
3 Nov 2011

`````````````````````````

ဟုတ်ကဲ့။ ဒီလောက်ဆိုရင်တော့ လူမျိုးရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး။ လူသားချင်းစာနာရေးတွေနဲ့ ရောထွေးေ၀၀ါးနေသူများ နားလည်နိုင်လိမ့်မယ်လို့ ထင်မိတယ်။

s0wha1

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*