Monday, September 1, 2008

ခေတ်အဆက်ဆက် ဘုရားများ



ဘုရားတဆူမှာ ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲ့တဲ့ (နာမည်ကြီး ဘုရားများ) တန်ခိုးကြီးစေတီတော်တွေရဲ့ သက်တမ်းတွေကို တွေ့မိတာနဲ့ ဗဟုသုတရပြီး ကြည်ညိုနိုင်အောင် ဓာတ်ပုံရိုက်ကူးလာခဲ့တာ။



ပုံ ၁။ သမိုင်းမတင်မီ ဘီစီ ၅၈၀ လောက်က တည်ထားခဲ့တဲ့ ရွှေတိဂုံဘုရားနဲ့ ဗုဒ္ဓဂယာက ဘုရား (အမည် ဖတ်မရ)။

ပုံ ၂။ သမိုင်းမတင်မီ ဘီစီ ၅၇၂ လောက်က တည်ထားခဲ့တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်တထောင်နဲ့ ဆူးလေ၊ ဘီစီ ၅၇၄ လောက်က တည်ထားခဲ့တဲ့ ကျိုက်ထိုမြို့ ကျိုက်ထီးရိုး၊ ဘီစီ ၅၇၀ ခန့်က တည်ခဲ့တဲ့ ကျိုက်ထိုမြို့ရှိ မူလ ကမ္ဘာအေး စေတီတော်။

ပုံ ၃။ သမိုင်းမတင်မီ ဘီစီ ၅၄၂ က တည်ထားခဲ့တဲ့ မကွေး မြသလွန်၊ ဘီစီ ၅၆၄ က သထုံမြို့ရှိ မြသပိတ်၊ သန်လျင် ကျောက်တန်းရှိ ကျိုက်မှော်ဝန်းစေတီတော်၊ မကွေး မန်းရွှေစက်တော်၊ သီပေါမြို့ ဘော်ကြိုစေတီတော်။

ပုံ ၄။ ပုဂံခေတ် ညောင်ဦးမြို့ ရွှေစည်းခုံ စေတီ၊ ပုဂံမြို့ မနူဟာစေတီ၊ သမ္ဗူလ၊ ဗူးဘုရား၊ (အမည် ဖတ်မရ)။

ပုံ ၅။ ပုဂံခေတ်

ပုံ ၆။ ပုဂံခေတ်

ပုံ ၇။ ပုဂံခေတ် ညောင်ဦးမြို့(အမည် ဖတ်မရ)၊ ပုဂံမြို့ရှိ သမ္ဗုညု၊ လောကနန္ဒာ စေတီတော်၊ အမည် ဖတ်မရ

ပုံ ၈။ ပင်းယခေတ် ပင်းယမြို့ရှိ (အမည် ဖတ်မရ) နှင့် မြစည်းခုံ စေတီတော်။

ပုံ ၉။ ပင်းယခေတ် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် စေတီတော်

ပုံ ၁၀။ စစ်ကိုင်းခေတ် မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေနှင့် စစ်ကိုင်းမြို့ စစ်ကိုင်းတောင် စေတီတော်

ပုံ ၁၁။ အင်းဝခေတ်

ပုံ ၁၂။ တောင်ငူခေတ် ပြည် ရွှေဆံတော်

ပုံ ၁၃။ တောင်ငူခေတ် တောင်ငူမြို့ မြစောညီနောင်၊ ရခိုင် ရှစ်သောင်းပုထိုးတော်ကြီး၊ မြောက်ဦးမြို့...

ပုံ ၁၄။ ညောင်ရမ်းခေတ် စစ်ကိုင်းမြို့ မြသိန်းတန်၊ ကောင်းမှုတော်၊ ပုထိုးတော်ကြီးနှင့် ပဲခူးမြို့ ရွှေသာလျောင်း။

ပုံ ၁၅။ ကုန်းဘောင်ခေတ် မန္တလေးမြို့ မဟာမြတ်မုနိနှင့် ...။

ပုံ ၁၆။ စစ်ကြိုခေတ် မန္တလေးမြို့ ကျောက်တော်ကြီး ဘုရားနှင့် ပုပ္ပါးမြို့ ပုပ္ပါးတောင် စေတီတော်

ပုံ ၁၇။ စစ်ပြီးခေတ် ရန်ကုန်မြို့ မယ်လမု စေတီတော်နှင့် ကမ္ဘာအေး စေတီတော်

ပုံ ၁၈။ မျက်မှောက်ခေတ် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ စွယ်တော်မြတ် စေတီတော်၊ ပြင်ဦးလွင်မြို့မှ မဟာအံ့ထူးကံသာ ဘုရားကြီး။

ပုံ ၁၉။ မျက်မှောက်ခေတ် ပုလိပ်မြို့ မြွေဘုရားနှင့်

ပုံ ၂၀။ မျက်မှောက်ခေတ် ကန့်ဘလူမှ ရွှေစည်ကြီး၊ ကျောက်ဆည်မြို့ လေးမျက်နှာဘုရား။

ပုံ ၂၁။ လားရှိုးမြို့ရှိ ထင်ရှားသော သာသနိက အဆောက်အအုံများ... မြို့ဦးစေတီ၊ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်၊ ရန်အောင်မြင်စေတီ၊ ရန်အောင်မြင် ရုပ်ပွားတော်မြတ်။


ဒီပုံတော်တွေကို လားရှိုးမြို့အ၀င် မြို့ဦးစေတီကနေ ဓာတ်ပုံရိုက်ယူလာတာပါ။ အစကတော့ ခုနှစ်တွေ၊ ဘုရားဘွဲ့အမည်နဲ့ တည်နေရာတွေ ရေးမယ်လို့ အားခဲထားတာပဲ။ ဒါပေမဲ့ ဓာတ်ပုံသာ ရိုက်ခဲ့ပြီး ခုနှစ်တွေ၊ စာတွေကို ပုံထဲကနေ ပြန်ကြည့်နိုင်မယ် အထင်နဲ့ ဘာမှ မမှတ်လာတော့ ကိုယ်မသိတဲ့ ဘုရားအမည်တွေလည်း မရေးနိုင်တော့ပါဘူး။ ဓာတ်ပုံထဲမှ စာသားတွေက ၀ါးဝါးလေးပဲ မြင်ရတာကြောင့် ထင်ရာ၊ မြင်ရာ ဘုရားနာမည်အချို့သာ ရေးနိုင်ပါတော့တယ်။ သိတဲ့သူများကပဲ ကွန်မန့်မှာ ပုံ နံပါတ်နဲ့တကွ ရေးပေးသွားကြပါလို့။:D


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Saturday, August 30, 2008

Singapore Flyer စီးတုန်းက



ဘာရယ်မဟုတ်၊ ဒီက Flyer စီးတုန်းက ပုံလေးတွေ တင်ချင်လို့။ ကြာတော့ ကြာပါပြီ။ ဇူလိုင်လဆန်းလောက်တုန်းက ပုံတွေ။ မှတ်မိသေးတယ် အဲဒါ စီးတုန်းက ညီအမတတွေ ထိုင်ခုံမှာ အလုအယက် ၀င်ထိုင်ကြပြီး တကယ့်တကယ်ကျ ထိုင်ချိန်တောင် မရဘဲ ဟိုဘက်ပြေး ဓာတ်ပုံရိုက်လိုက်၊ ဒီဘက်သွား ဓာတ်ပုံရိုက်လိုက်နဲ့ တစ်ယောက် ၃၀ ပေးစီးရ တန်အောင်ဆိုပြီး သူများ မျက်စိနောက်မတတ် ဓာတ်ပုံရိုက်ခဲ့ကြတာလေ။:P














အဲဒီနေ့က ဩဂုတ် ၉ ရက်နေ့မှာ ကျရောက်မယ့် စင်္ကာပူ အမျိုးသားနေ့အတွက် ၀တ်စုံပြည့် လေ့ကျင့်နေတဲ့ နေ့ဆိုတော့ ပိုစည်ကားနေတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Friday, August 29, 2008

အင်တာနက် အသက် ၁ စက္ကန့်



အရင်က ကွန်ပျူတာတို့၊ အင်တာနက်တို့ မရှိခင်က ဘယ်လိုနေခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို မမှတ်မိတော့ပါဘူး။ ခုချိန်မှာတော့ ကွန်ပျူတာ မရှိရင် နေမထိ၊ ထိုင်မသာ ဖြစ်တတ်ပြီး အင်တာနက်မရလျှင်တော့ ဖျက်ဖျက်လူးနေတော့တာပဲ။

ပြီးခဲ့တဲ့ရက်တွေက အင်တာနက်က ဘယ်လို ဖြစ်တယ်မသိ။ ခုတော့ အင်တာနက်ရော၊ ကျွန်မရဲ့ တခုတည်းသော လက်ပ်တော့လေးရော အိုကေနေပါတယ်။

တံခွန်မရှိသောဘုရား ၊ အလံမရှိသောရထား လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆိုစကားရှိ၏ ။ အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား မတင့်တယ်ပေ၊ ထိုနည်းတူ အင်တာနက်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင်သော ပင်ဂွင်းငှက်ကဲ့သို့ ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်လောင်းသိစေချင်ပါသည် ။

ကိုရင်ညိန်း အင်တာနက်မရလို့ ရေးထားတဲ့ ပို့စ်တခုက စာပိုဒ်လေး တစ်ပိုဒ်လိုပါပဲ။ ဟာသဖတ်ပြီး ရယ်မောချင်သူများ သွားဖတ်ကြည့်ကြပါ။ စကားစပ်မိလို့ ပြောရရင် ကျွန်မရဲ့ အကျင့်တမျိုးက ဘလော့ဂ်တခုကို ဖတ်မိလို့ ကျွန်မ ကြိုက်သွားရင် တနေ့ထဲနဲ့ အပြီး ရေးထားသမျှ ပို့စ်တွေအကုန် လိုက်ဖတ်မိတာပါပဲ။ မနက် ၄ နာရီထိတိုင် မအိပ်ဘဲ ဖတ်နေတတ်ပါတယ်။ စာဖတ် လောဘကြီးတယ်ပဲ ပြောရမလား မသိဘူး။ ခုရက်ပိုင်း ကျွန်မ ဖတ်ဖြစ်တဲ့ ဘလော့ဂ်တွေက မမိုးချိုသင်းနဲ့ မတန်ခူးတို့ ဘလော့ဂ်က ပို့စ်တွေပါ။ အပျင်းကြီးတတ်တဲ့ ကျွန်မက ကွန်မန့်တွေတော့ မရေးဖြစ်ခဲ့ပါဘူး။ ကျွန်မက စာသာ ဖတ်ချင်ပြီး ရေးဖို့ အင်မတန် ပျင်းတဲ့သူမို့ ဂျီတော့ခ်မှာ ကျွန်မကို စကားလာပြောရင်တောင် တော်ရုံဆို ကျွန်မက ပြန်မပြောဘူး။ အဲလောက်ထိ... ဒီလိုနဲ့ပဲ ကျွန်မ ဘလော့ဂ်မှာ စာမရေးဖြစ်တာ ကြာခဲ့ပြီကော။

အိမ်မှာ ရှိနေချိန်ဆို ကွန်ပျူတာကို ဖွင့်၊ ရှိသမျှ messenger တွေ ၀င်ထားပြီး လူကတော့ ကွန်ပျူတာရှေ့မှာ ရှိချင်မှ ရှိတယ်။ အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက်သွားလိုက် လုပ်နေတတ်ပေမဲ့ တခါတလေ လိုင်းကြောင်ပြီး အင်တာနက် မရတဲ့အခါကျ ထိုင်မရ၊ ထမရနဲ့ အင်တာနက် မရ ရအောင် connect လုပ်နေတတ်တာက ဘာအကျင့်မှန်း မသိပါဘူး။ web page တွေ ခုချက်ချင်း ဖွင့်မရရင်ဘဲ သေတော့မယ့်ပုံမျိုး
ကွန်ပျူတာရှေ့မှာ မခွာတမ်း ထိုင်နေတော့တာ။ အားလုံး အဆင်ပြေသွားရင်တော့ ခုနက ငိုမလို၊ ရယ်မလိုဖြစ်နေတဲ့လူလည်း ကွန်ပျူတာရှေ့ကနေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတော့တာပဲ။ ဒါမှမဟုတ်လည်း ဟိုကြည့်၊ ဒီဖတ်နဲ့ ကွန်ပျူတာရှေ့ ငုပ်တုပ်ထိုင်နေတော့တာပေါ့။

လက်ပ်တော့နဲ့ အင်တာနက်လေး မရှိရင် ကျွန်မအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့တာလည်း မပြောနဲ့လေ။ တခါတလေ အိမ်မှာ ဖတ်စရာစာအုပ်ကုန်သွားတဲ့အခါ အိမ်သာတက်တဲ့အချိန် အရမ်းဒုက္ခရောက်တတ်တာ မဟုတ်လား။ ကျွန်မတို့ တမိသားစုလုံးက အိမ်သာထဲဝင်ရင် ဖတ်စရာ စာအုပ်တအုပ်လောက်တော့ ယူသွားရမှ။ စာအုပ် တစ်အုပ်လောက်မှ ရှာမရရင် အိမ်သာထဲဝင်ချင်တဲ့ ဒုက္ခကို ခဏအောင့်ထားပြီး စာအုပ် ပတ်ရှာနေတတ်တဲ့ အမျိုး။ ကျွန်မကတော့ ခုံတလုံးနဲ့ လက်ပ်တော့ကို သယ်ချသွားတာပဲ။ လက်ပ်တော့ထဲမှာ ဖတ်ချင်စရာ စာအစုံ ရှိတယ် မဟုတ်လား။ ကျွန်မလို အိမ်သာထဲထိ လက်ပ်တော့ယူသွားတဲ့သူတော့ မရှိလောက်ဘူး ထင်ရဲ့နော်။:P

မနေ့က သူငယ်ချင်းတစ်ယောက်က လာမေးတယ်။ "နင်ဘလော့ဂ် မရေးတော့ဘူးလား"တဲ့။ "ရေးမှာပေါ့၊ ဘာလို့လဲ"လို့ ပြန်ပြောတော့၊ "အေး... မြန်မြန် ပြန်ရေး၊ ပျင်းလို့"တဲ့ "ပြီးတော့ မြန်မာဓာတ်ပုံတွေနဲ့ ဇာတ်လမ်းလေးတွေ ကြည့်ချင်၊ ဖတ်ချင်လို့"တဲ့။ သူကလည်း သူ ဖတ်ချင်ရာ ပြောသွားတာပဲ။ ကျွန်မသာ ဘာရေးရမှန်း မသိတယ်။ ဒါပေမဲ့ ကျွန်မ ရိုက်ထားတဲ့ ရှူခင်းပုံအချို့တော့ ဘလော့ဂ်မှာ တင်မယ် စိတ်ကူးရသွားတာ။

ကျွန်မလည်း ဘလော့ဂ်မှာ အရင်တုန်းကလို နေ့တိုင်း စာမရေးနိုင်တော့။ အစက ကျွန်မအတွက် "မရှိမဖြစ် ဘလော့ဂ်" ဖြစ်ခဲ့ပေမယ့် ခုတော့ မေ့နေနိုင်ပြီ (သံယောဇဉ်လေးတော့ ကျန်နေသေးတာပေါ့)။ အင်တာနက်နဲ့ ကွန်ပျူတာကတော့ မရှိမဖြစ် ဖြစ်နေဆဲပဲ။ ဘယ်တော့များမှ ကျွန်မအတွက် မလိုအပ်တော့ဘူးဆိုတာ ဖြစ်လာမလဲ သိချင်လိုက်တာ။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Monday, August 4, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၈)
















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၀)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၁)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၇)


ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

Sunday, August 3, 2008

Blog vacation



ဒီရက်ပိုင်း Internet သုံးဖြစ်မှာ မဟုတ်တဲ့အတွက် ဘလော့ဂ် ပို့စ်တင်ခြင်း၊ စာဖတ်ခြင်း၊ လည်ပတ်ခြင်းများ ခဏ ရပ်နားပါမယ်။ တလလောက် ကြာမလား မပြောတတ်ဘူး။

ကျေးဇူးတင်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

s0wha1

Saturday, August 2, 2008

ပျော်ရွှင်စရာ မွေးနေ့



တဦးတည်းသော (ချစ်ဆုံး တူမလေး) မြေးမလေးနှင့်အတူ ပထမဆုံးကျင်းပရမယ့် ပျော်ရွှင်စရာ ကောင်းတဲ့ အဖေ့မွေးနေ့အတွက်...




s0wha1

Friday, August 1, 2008

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၇)

















ဓာတ်ပုံများကို မြန်မာကျူးပစ်မှ ကူးယူသည်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၆)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၇)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၈)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၉)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၀)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၁)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၂)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၃)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၄)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၅)
စုဆောင်းထားသမျှ ဗိုလ်ချုပ်အောင်ဆန်းပုံအချို့ (၁၆)

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံအချို့

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*