Monday, January 11, 2010

စေတီတို့တွင် တွေ့ရသော ခြသေ့င်္ရုပ်ထု၏ အဓိပ္ပါယ်အမှန်



အားလုံးပဲ မင်္ဂလာပါ။ ဘလော့ဂ်မရေးတာ ၁နှစ် နီးပါး ရှိပါတော့မယ်။ ခုတော့ ဒီပို့စ်လေးကို Forward မေးလ်က တဆင့် ဖတ်ရတာနဲ့ ငယ်ငယ်က အဖွားပြောပြတတ်တဲ့ ဘုရားရှေ့က ခြင်္သေ့ကြီးတွေရဲ့ ပုံပြင်ဆန်ဆန်အကြောင်းအရာကို သေသေချာချာ သိလိုက်ရလို့ ကျွန်မလို အမှန်မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်လိုက်ပါတယ်။ ဒီပို့စ်တခုလုံးကို မူရင်း ဘလော့ဂ်ကနေ ၏၊ သည် မရွေး အကုန် ကော်ပီကူးလာတာပါ။

+++++++++ +++++ +++++++++


စေတီများ၏ မုဒ်ဝမှာရှိတဲ့ ခြသေ့င်္ရုပ်ကြီးများနဲ့ ပက်သက်လို့ ရေးချင်ပါတယ်။ အဲဒီ ခြသေ့င်္ရုပ်ကြီးများနဲ့ ပက်သက်ပြီး မဟုတ်မမှန်ဇာတ်လမ်းတွေ ဖတ်မိလိုက်ရလို့ ရေးချင်လာမိတယ်... ဒီအတွက်အမှန်ကို ဖော်ပြချင်ပါတယ်။ မင်္ဂလာသတင်းစဉ် ဘလော့ဂ် (http://mawluu.blogspot.com/2009_09_01_archive.html) မှာ “ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု” ဆိုပြီး ပိုဒ့်တစ်ခု တင်ထားတာ ဖတ်လိုက်ရတယ်။ ဒီပို့စ်ကိုပဲ ဓမ္မရတနာ(Google groups) မှာလည်း ထပ်တင်ထားတာ တွေ့ရတယ်။ ရေးထားတာက ဒီခြသေ့င်္ရုပ်ကြီးများရဲ့ နောက်ခံ သမိုင်းပါဆိုပြီး ရေးထားပါတယ်။

သူရေးထားတဲ့အတိုင်း အကျဉ်းချုပ် ပြောရမယ်ဆိုရင်... သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သီဟဗာဟုနဲ့ သီဟသီဝလကို မွေးပါတယ်။ နောက်တော့ သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို သတ်မိပါတယ်... သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်ပါတယ်... လို့ရေးထားပါတယ်။

အထက်ပါ ဇာတ်လမ်းသည် မမှန်ပါဘူးလို့ ပြောပါရစေ...
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကို မကြာသေးမီကမှ ကျွန်တော်လည်း အရှင်ကောသလ္လတရားမှာ နာခဲ့ပါသေးတယ်။

တရားတော်အမည်… နှလုံးသားဝယ် ဘုရားတည် (၁)
ဆရာတော် ………… အရှင် ကောသလ္လ (ဓမ္မစေတီ ဆရာတော်)
နေ့ရက်……………. ၂၅.၁.၂၀၀၉
နေရာ ……………… မန္တလေး

ဒီတရားထဲမှာ ဆရာတော်က သင်္ကေတတွေနဲ့ပက်သက်ပြီး အခုလို သေချာရှင်းထားပါတယ်...


အဲလို ဇယားလေးနဲ့ ဆရာတော်က ရှင်းထားပါတယ်။

သေချာ မမြင်ရရင် ပုံကို click နှိပ်ကြည့်ပါ။

အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်... ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကို လိုက်ပါတယ်... ခြသေ့င်္နဲ့ မတူပါ... ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်...
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင် အပြီးသတ်ပါတယ်... အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ)သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ... လုပ်လို့လည်းမရပါ... ခန္ဓာဟူသော ဒုက္ခသစ္စာဆိုတဲ့ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ... ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ... မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ... ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ... ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ်။ အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်... ဒီသဘောကိုပဲ ခြသေ့င်္နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ...

အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး… အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်... ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာ ဖြစ်ပါလိမ့်မယ်...

အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်...
ဆရာတော်ရဲ့ တရားကို သူ့ရဲ့ Dhamaceti.org ၀က်ဘ်ဆိုဒ်ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်။

+++++++++ +++++ +++++++++

မင်္ဂလာသတင်းစဉ်မှာ ရေးထားတဲ့ ပို့စ်တချို့ဟာလည်း ဗဟုသုတရစရာ ကောင်းပါတယ်။


မှတ်ချက်။ ။ http://sankooo.iblogger.org/ မှ ပြန်လည် ကူးယူဖော်ပြသည်။

Print this post

7 comments:

Pho La Nat Thar said...

you should give credit for the photo, this photo is Ko Ye Lwin Oo's one

ကလူသစ် said...

welcome back!!! သေချာရှင်းပြထားတာ ကျေးဇူးပါ။

:P said...

ကျေးဇူးပဲနော်.. ခုမှသိတယ်

s0wha1 said...

ကိုဖိုးလနတ်သား... ဒီပုံ ဘယ်ကမှန်း ကျွန်မ မသိပါဘူး။ မူရင်းဘလော့ဂ်ကအတိုင်း တပုံစံတည်း ကော်ပီကူးလာတာ။

ကိုလူသစ်... တင်တင်ချင်း လာဖတ်တဲ့အတွက် ကျေးဇူး။ ရှင်းပြသူက s0wha1 မဟုတ်ဘူး။ ညီမလည်း ရှင်းပြသူကို တော်တော် ကျေးဇူးတင်တယ်။

မSDL... ရောက်လာတာ မြန်လှချည်လား။ :)

နွေးနေခြည် said...

ညီမလေးရေ ပြထားတဲ့ ဇယားကွက်လေးတွေ လိုချင်နေတာကြာပြီ။ မျှဝေပေးတာ ကျေးဇူးနော်။
မူရင်းကိုလည်း သွားလိုက်ပါ့မယ်။

ဆောင်း said...

ဗဟုသုတရသွားပါတယ် ကျေးဇူးပါ

ခင်မင်းဇော် said...

ကလူ ကလူ .. ဘလော့သရဲ လားးး
ပြန်လာပြီပေါ့လေ..

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*