Friday, February 13, 2009

အောင်ဆန်းဇာနည်




အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား၊
တထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ် တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအနေနဲ့ ဒီကဗျာလေး တင်လိုက်ပါတယ်။ အရင်က ကျွန်မ ဘလော့ဂ်မှာ ဒီကဗျာ ရှိတယ် ထင်နေတာ။ cbox မှာ Soe Peaceful က တင်ပေးဖို့ ပြောလို့ လိုက်ရှာကြည့်မှ မတင်ရသေးမှန်း သိတယ်။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိနေသေးရင် ဒီလ ၁၃ရက်နေ့ဟာ ဗိုလ်ချုပ်ရဲ့ ၉၄ နှစ်ပြည့်မွေးနေ့ပေါ့နော်။


ဗိုလ်ချုပ်မွေးနေ့ကဗျာကို သီချင်းလုပ်ထားတာလေး... Forward mail တခုကနေ ရတာပါ။
ဖေဖော်ဝါရီ ၁၃


s0wha1

ဗိုလ်ချုပ်ရဲ့ animation ဓာတ်ပုံက မောင်လေး မင်းမင်း လုပ်ထားတာပါ။

Print this post

7 comments:

လူလ said...

မင်္ဂလာပါ မs0wha1

ငယ်ငယ်တုန်းက သင်ခဲ့ဖူးတာကို ပြန်နွေးရင် ဖတ်သွားသည်။

ရွှင်လန်းချမ်းမြေ့ပါစေ...

thatoemaharbandula said...

မှားနေတယ်
ဲပြည်ထောင်လွတ်ရေး.......ဗိုလ်ချုပ်ချမှတ်သွား။
ဒီစာကြောင်းကမူရင်းမှာမပါဘူး...နေ၀င်းလက်ထက်က
ထည့်သွားတဲ့စာသားသာဖြစ်တယ်။

pandora said...

လာဖတ်သွားတယ်
ဗိုလ်ချုပ်နဲ့ပတ်သက်သမျှလေးတွေ စုဆောင်းတတ်တဲ့ ဆိုးဝှက်ကို သတိရလို့ လာလည်ခဲ့ပါတယ်။

Nyo Htet Nyo said...

ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်း လင့်သေ နေပါတယ်။ အဲဒါလေး ပြန်တင်ပေးလို့ ရမလားခင်ဗျာ။ ကျန်တဲ့လင့်အကုန်လုံးတော့ကောင်းပါတယ်။

http://s0wha1.blogspot.com/2007/07/blog-post_02.html

ကျေးဇူးပါ

s0wha1 said...

ကိုလူလရေ... မင်္ဂလာပါ။ :)

ကိုသတိုးမဟာဗန္ဓုလရေ... ကဗျာက ဘယ်သူရေးမှန်း မသိ။ အဲဒီစာကြောင်းကို ဟိုက်လိုက်တားပြီး ခုခေတ်နဲ့ မလျော်ညီတော့ပါဘူးလို့ ရေးဦးမလို့ပဲ။ ဒါမှမဟုတ် ဖြုတ်ထားခဲ့မယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့အတိုင်းပဲဆိုပြီး ထည့်ထားလိုက်တာ။

မပန်... မင်္ဂလာပါ။ ဒီနှစ်တော့ ဘာမှ မရေးနိုင်၊ မရှာနိုင်ဘူး ဖြစ်သွားတယ်။ :)

ကိုညိုထက်ညို... အဲဒီသီချင်း ပြန်ရှာလိုက်ပါဦးမယ်။ ကျေးဇူး။

Kreator said...

မျက်ရည်သွန်လို့ ဘ၀င်ညှိုး မဟုတ်ဘူးလား ခင်ဗျာ။ ကျနော်က အဲလို မှတ်မိနေလို့ပါ။

s0wha1 said...

ကို Kreator... ကျွန်မလည်း အစက မသဲမကွဲဖြစ်နေတာ။ ပထမ မျက်ရည်သွန်လို့ ရေးထားတာ၊ နောက်တော့ မျက်ရည်ဖြိုင်လို့ ပြန်ရေးလိုက်တယ်။ သီချင်းထဲမှာလည်း မျက်ရည်ဖြိုင်လို့ ဆိုထားတယ်။ ခု အန်တီမေငြိမ်းကို မေးကြည့်တော့ "တကယ်မူရင်းက ဖြိုင်လို့၊ ဘယ်သူက သွန်လိုက်တယ် မသိ" လို့ ပြောတယ်။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*