Sunday, March 16, 2008

ရုတ်တရက် လေဖြတ်ခံရသော လူနာအတွက် သွေးဖောက်ပြီး အမြန်ကယ်ဆယ် ပြုစု ကုသနည်း



ရုတ်တရက် လေဖြတ်ဝေဒနာ ခံစားရသောသူတွေအတွက် ရှေးဦးသူနာပြုစုကုသနည်း လက်ကမ်း စာရွက်ထဲကနေ ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

*** ***** ***

၁။ ပထမ အရေးကြီးဆုံးအချက်
လေဖြတ်ခံလိုက်ရသော လူနာကို ဖြစ်သည့်နေရာတွင်ပင် ထားရမည်။ မည်သည့်နေရာကိုမျှ မပြောင်းပါနှင့်။ ချက်ချင်း ရွှေ့ပြောင်းလိုက်ပါက လှုပ်ရှားခြင်းကြောင့် ဦးနှောက်သွေးကြောများ လျင်မြန်စွာ ပေါက်ကွဲပြီး လူနာ၏ အခြေအနေ ဆိုးဝါးလိမ့်မည် ဖြစ်ပါသည်။

၂။ ဒုတိယ အရေးကြီးဆုံးအချက်
လူနာကို ဖြစ်သည့်နေရာ၌ပင် အသာအယာ ထူမပေးပြီး ပြန်၍ လဲကျမသွားစေရန် အသာမှိန်း၍ ထိုင်စေရမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက တစ်ဦးဦးက ဘေးမှ အသာမှေး၍ ထူမပေးရမည်။ ထူပြီးပြီးချင်း ပိုးသတ်ထားသော ဆေးထိုးအပ်ဖြစ်စေ၊ လက်ချုပ်အပ်ထိပ်ဖျားကို မီးရှို့၍ဖြစ်စေ လူနာ၏ လက်ဆယ်ချောင်း ထိပ်ဖျားများကို ပဲစေ့ခန့် သွေးစက် တစ်စက်စီ ထွက်လာအောင် ဖောက်ပေးရမည်။ သွေးစက် ပဲစက်ခန့် ထွက်၊ မထွက်ကို ခေတ္တ စောင့်ကြည့်ပါ။ အကယ်၍ သွေးမထွက်လျှင် သွေးထွက်လာအောင် လက်ဖြင့် ညှစ်ထုတ်ပေးရမည်။ လက်ချောင်းအားလုံး ပဲစေ့ခန့် တစ်စက်၊ တစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း လူနာ ပြန်လည်၍ သတိရလာပါလိမ့်မည်။

၃။ တတိယ အရေးကြီးဆုံးအချက်
လူနာကို လေဖြတ်လျှင် ဖြတ်ချင်း ပါးစပ်ရွဲ့စောင်းသွားပါက ၄င်း၏ နားရွက်နှစ်ဖက်စလုံးကို နီရဲလာသည့်တိုင်အောင် လက်ဖြင့် ပွတ်သပ်ဆွဲပေးပါ။ နားရွက်နီရဲလာလျှင် နားရွက်၏ အောက်ပိုင်း နားဖောက်သည့်နေရာတွင် မီးရှို့ထားသည့် အပ်၊ ပိုးသတ်ထားသည့် ဆေးထိုးအပ်ဖြင့် နားရွက်တစ်ဖက်စီလျှင် နှစ်ချက်စီ ဖောက်ပေးပါ။ ပဲစေ့ခန့် သွေးစက် နှစ်စက် ထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့စောင်းခြင်းမှ ပြန်လည် တည့်မတ် ကောင်းမွန်သွားပါလိမ့်မည်။

၎။ စတုတ္ထအချက်
လူနာကို ပြုစုကုသပြီး ပုံမှန်အခြေအနေရောက်အောင် စောင့်ကြည့်ပါ။ ပြီးမှ ဆေးရုံသို့ ပို့ခြင်း၊ လိုအပ်သည့် ဆေးကုသမှုကို ခံယူရန် ဆက်လက်ဆောင်ရွက်ပါ။

အကျိုးကျေးဇူး
အထက်ပါအတိုင်း ဆောင်ရွက်ပါက အကြောသေခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ ခြေ၊ လက် လှုပ်ရှား၍ မရခြင်း၊ စကား မပီသခြင်း စသည့် လူဖြစ်ရှုံးရမည့် ဒုက္ခိတ ဘ၀မှ ကင်းဝေးစေမည် ဖြစ်ပါသည်။

နှိုးဆော် တိုက်တွန်းမေတ္တာ
ဤနည်းမှာ လက်တွေ့ပျောက်ကင်းသောနည်းဖြစ်၍ လူအများ လေဖြတ်ခြင်းဘေးဒုက္ခမှ ကင်းဝေးကြစေရန် မေတ္တာ၊ စေတနာ ဖြူစင်စွာဖြင့် ကုသိုလ်အမှု ပြုလိုက်ပါသည်။ မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများထံသို့ ထပ်ဆင့် ဖြန့်ဝေလှူဒါန်းခြင်းဖြင့် ကုသိုလ်ထူးကို ယူကြပါ။

ဤနည်းအတိုင်း လူနာကို ပြုစုကုသပေးခြင်းဖြင့် ရာနှုန်းပြည့် အောင်မြင်သော ကိုယ်တွေ့ဖြစ်ကြောင်း အာမခံပါသည်။

ဤကုသနည်းကို တရုတ်ပြည်မှ ပေးပို့ခဲ့သော ကုသနည်းမှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

*** ***** ***

သွေးတိုးရောဂါရှိတဲ့ ကျွန်မ အဒေါ်တစ်ယောက် ညနေပိုင်းမှာ လေဖြတ်ဝေဒနာ ခံစားရတဲ့အခါ သားသမီးတွေကလည်း ဘာဖြစ်မှန်း မသိနဲ့ ဦးခေါင်းထဲ သွေးရောက်ပြီး ခွဲရ၊ စိပ်ရ ဒုက္ခတွေများလို့ နောက်ဆုံးတော့ အသက်မသေပေမယ့် ကိုယ်တပိုင်းသေဒုက္ခိတ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် အိမ်မှာ လူကြီးမိဘတွေရှိတဲ့သူတွေ အနေနဲ့ ဒီလို ရှေးဦးသူနာပြုစုနည်းကို သိရှိအောင် ကျွန်မ ဘလော့ဂ်မှာ ပြန်လည်မျှဝေပါတယ်။ ကျွန်မတို့ အိမ်မှာလည်း ဒီစာရွက်ကို လူမြင်ကွင်းမှာ ကပ်ထားဖြစ်တယ်။


s0wha1

Print this post

2 comments:

Unknown said...

a ma ka doctor lar hin?

s0wha1 said...

အာ... မဟုတ်ပါဘူး... Blog Profile မှာ သွားဖတ်ကြည့်ပါဦး။ ရှေးဦးသူနာ ပြုစုနည်းဆိုပြီး သူများတွေ ကုသိုလ်ဖြစ်ဝေတဲ့ စာရွက်ထဲကနေ ပြန်လည် ကူးယူး မျှဝေတာပါ။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*