Wednesday, March 26, 2008

ဘဝ



မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး ငြိမ်နေတာထက်
ဖြစ်ချင်တာကို ထလုပ်ကြည့်တာ မကောင်းဘူးလား။
ရွေးချယ်ခွင့်နည်းတဲ့ ဘ၀မှာ
စိတ်ဆိုး၊ စိတ်ညစ်၊ ၀မ်းနည်း အားငယ်...
ပြီးတော့ (တခါတလေ) တက်ကြွ၊ ပျော်ရွှင်၊ ကြည်နူး။


ဒီအချိန်မှာ ကိုယ့်အတွက် မရှိမဖြစ်လို့ ထင်နေတဲ့ အရာတခုဟာ
နောင်တချိန်မှာ ဘာမှ မဟုတ်တော့ဘူးဆိုတာ သိလိမ့်မယ်တဲ့။
ဒီလိုနဲ့ပဲ ခေါင်းရှုပ်ခဲ့ရပေါင်း များနေပါပြီ။
တွေဝေ၊ ဒွိဟ၊ ချီတုံချတုံ...
နောက်ဆုံးတော့ ငါ ဒီဘ၀မှာ မနေပျော်ခဲ့တာ ကြာပြီ။ ။

Face your past without regrets.
Handle your present with confidence.
And prepare for the future without fear!
အဲဒီစကားလုံးတွေအတိုင်း ကျင့်သုံးနိုင်ရင်လည်း ကောင်းသား...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

2 comments:

လင်းလက်ကြယ်စင် said...

မပျော်ပေမယ့်လည်း စိတ်ကိုကြိုးစားဖြေသိမ့် ၊ အကောင်းဆုံးကိုစဉ်းစားဆုံးဖြတ်ရင်း စိတ်ဆိုတဲ့ခံစားမှုအောက်မှာ မလဲပြိုမိအောင် နေရတာကိုက ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုလို့ထင်မိပါတယ်မမရေ။ အားလုံးအဆင်ပြေပါစေနော်။

s0wha1 said...

ညီမလေး ကျေးဇူးပဲ... နောက်တော့ အဆင်ပြေသွားမှာပါ...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*