Friday, February 15, 2008

KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း



KNU အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှား လုပ်ကြံခံလိုက်ရတဲ့အတွက် အရမ်းကို ၀မ်းနည်း၊ စိတ်မကောင်းဖြစ်ရပါတယ်။


K N U အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း၏ ကိုယ်ရေးအကျဉ်း

- ၁၉၄၃၊ ဇူလိုင် (၅)ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနီးရှိ တောကျောင်းရွာတွင် ဖွားမြင်ခဲ့သည်။ ပိုးကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။

- ၁၉၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ ရောက်သည်။

- ၁၉၆၂ ၌ သမိုင်းဝင် 7 July အဖြစ်အပျက်နှင့် ကြုံခဲ့သည်။

- ၁၉၆၃-၆၆ အထိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)၏ မြေအောက်လုပ်ငန်းများကို ပြည်တွင်း၌ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။

- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရခဲ့သည်။ ထိုနှစ်၌ပင် ကေအန်ယူသို့ ၀င်ရောက်ခဲ့သည်။

- ၁၉၇၅ မှ ၁၉၈၄ အထိ ကေအန်ယူ တွဲဘက်အတွင်းရေးမှူးအဖြစ် ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့သည်။

- ၁၉၈၄ နိုဝင်ဘာတွင်
ကေအန်ယူဌာနချုပ်၌ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့သည်။

- ၁၉၈၈ ခုနှစ်၌ ဗိုလ်ချုပ်ကြီး စောဘိုမြ(ကေအန်ယူဥက္ကဋ္ဌ)၏ ကိုယ်ရေးအရာရှိဖြစ်လာသည်။

- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) ကြိမ်မြောက် ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်ခဲ့သည်။

- ၂ဝဝဝ ပြည့်တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံ၌ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်လာသည်။

- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရပြီး ကွယ်လွန်ချိန်ထိ တာဝန်များ ထမ်းဆောင်ခဲ့သည်။

-ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများရေးသားခဲ့သော စာရေးဆရာ တစ်ဦး ဖြစ်သည်။ ကရင်အမျိုးသား ခေါင်းဆောင်များထဲတွင် တိုင်းရင်းသားများနှင့် ဗမာများအကြား အလေးစားခံရသူ တစ်ဦးလည်း ဖြစ်သည်။

- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့ ညနေ (၄း၄၀)ခန့်တွင် လုပ်ကြံခံရသည်။ ကွယ်လွန်ချိန်တွင် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။


s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*