Monday, March 3, 2008

GTC ကျောင်းသူဘ၀ အမှတ်တရ (၂)



ကျောင်းတုန်းကအကြောင်းတွေ ဆက်ရေးချင်သေးလို့ ထပ်ရေးဖြစ်ပါတယ်။

မှော်ဘီ GTC မှာ ကျောင်းတက်တုန်းကအကြောင်းပြောရင် ပဲခူးမြို့ဆိုတာ ကျွန်မတို့ ခြေရာတွေထပ်ခဲ့တဲ့ နေရာတစ်နေရာအဖြစ် ပြောဖို့ကျန်ခဲ့လို့ မဖြစ်ဘူး။ ပဲခူးဘက်ကို ပဲခူးဘုရားဖူးဆိုပြီး မကြာမကြာ သွားကြတယ်။ ပဲခူးသူ သူငယ်ချင်းမတစ်ယောက်ကလည်း မှော်ဘီမှာ လာတက်နေတော့ သူ့အားကိုးနဲ့ သွားကြတာလည်း ပါတာပေါ့။ ကားကိုယ်တိုင်မောင်းပြီး ကျောင်းတက်တဲ့ သူငယ်ချင်းတွေရဲ့ ကားတွေနဲ့ သံလျင် GTC ဘက်ထိလည်း ခြေဆန့်တတ်ကြပါသေးတယ်။ လူက ညီတော့ တော်တော်လေး ပျော်ဖို့ကောင်းသား။


ဧပြီလရောက်ပြီဆို သင်္ကြန်မကျသေးပေမယ့် ရေပက်ကြတာ ကျောင်းတိုင်းလိုလိုဖြစ်မှာပါ။ ကျွန်မတို့လည်း အဲဒီချိန်ဆို သောကြာနေ့တိုင်း တကျောင်းလုံး ရေတွေ ရွှဲရွှဲဆိုနေအောင်ကို ကဲကြပါတယ်။ ဒါတောင် ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတွေကိုပဲ လိုက်ပက်သေးတာ။

တမြို့နယ်ထဲကဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းတွေ GTC ရောက်မှ ပေါင်းဖြစ်ကြပေမယ့် ကျောင်းအားရက်နဲ့ ကျောင်းပြန်ချိန် ညနေဘက်တွေမှာ တစ်ယောက်အိမ်တစ်ယောက် ကားတွေနဲ့ လှည့်ပတ်သွားပြီး လက်ဘက်ရည်ဆိုင်ထိုင်ဖို့ လူစုတတ်ပါတယ်။ တခါတလေလည်း တခြားမြို့နယ်က သူငယ်ချင်းတွေဆီ သွားလည်ကြတယ်။


နောက်ပိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြို့ပြင်လယ်ကွင်းပြင်မှာ ပျော်ပျော်ပါးပါး စာသင်နိုင်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားတွေဟာ တဆင့်ထက်တဆင့် တိုးတိုးလာတဲ့ ချုပ်ချယ်တားမြစ်မှုတွေကြောင့် ကျောင်းနဲ့မတူတဲ့ အကျဉ်းထောင်ပမာ စာသင်ခန်းတွေထဲမှာ ရုန်းထွက်မရ ဖြစ်နေတော့တယ်။ မှော်ဘီမှာတက်နေတဲ့ နောက်ဆုံးအသုတ် YTU ကျောင်းသားတွေ လှိုင်သာယာ ပြောင်းသွားတဲ့အခါ ဆရာမကြီး ဒေါ်တိုးတိုးက ပညာပြပါတော့တယ်။ မနက် ကျောင်းတက်ချိန် နောက်မကျရ၊ စာသင်ချိန်မှာ ကျောင်းသားတွေ အပြင် ကော်ရစ်တာ၊ ကန်တင်းတွေမှာ ရှိမနေရစတဲ့ အထက်တန်းကျောင်းထက် ဆိုးတဲ့ စည်းကမ်းချက်တွေ ထုတ်လာတယ်။ စကတ်အကွဲ မ၀တ်ရ၊ ဘာမ၀တ်ရ၊ ညာမ၀တ်ရတွေ လုပ်လာပါတယ်။ တခြားကျောင်းကလူတွေ မှောဘီကျောင်းက သူငယ်ချင်းတွေဆီ လာလည်တော့ သူတို့က စကတ်အတို၊ အရှည်အကွဲတွေ ၀တ်လာကြတယ်။ အဲဒီအခါ အရှက်ကိုမရှိဘူး။ အကျင့်ပျက် ယဉ်ကျေးမှု ဘာညာနဲ့ ပြောဆို လွှတ်တဲ့အထိ ဆိုးသွမ်းလှပါတယ်။

နောက်တော့ တနင်္လာ၊ သောကြာကို အကျီအဖြူ မ၀တ်မနေရဆိုပြီး ပြောလာတယ်။ မ၀တ်လာတဲ့သူက ကျောင်းဝန်းထဲ ၀င်ခွင့်မရှိပါတဲ့။ အဲဒီတုန်းက အဓိပ္ပါယ်မရှိတဲ့အမိန့်တွေ၊ ကန့်သတ်ချက်တွေဆို ဆန့်ကျင်လိုတဲ့အတိုင်း ကျွန်မကတော့ တခြားနေ့တွေသာ အင်္ကျီအဖြူ ၀တ်ချင်ဝတ်မယ်။ တနင်္လာနဲ့ သောကြာဆို တမင် မ၀တ်ဘဲ ကျောင်းကို သွားပါတယ်။ အဲဒီတော့ ကျောင်းပေါက်ဝက ဆရာတွေက ကျောင်းထဲ ပေးမ၀င်ပါဘူး။ မ၀င်ရတော့ ဘာဖြစ်လဲ အပြင်ဘက်က ကန်တင်းတွေမှာ ထိုင်နေလိုက်တာပေါ့။ ၀င်ခွင့်မရတဲ့ တချို့သူငယ်ချင်းတွေက ခြံစည်းရိုး ခွေးတိုးပေါက်လေးတွေကနေ ကျောင်းထဲ ၀င်ကြတယ်။ ခုတော့လည်း တက္ကသိုလ်တွေက ၀တ်စုံတွေနဲ့ကို ဖြစ်ကုန်တော့တာပါပဲ။

ပြီးတော့ ဆရာတွေကလည်း ကျွန်မတို့ထက် အသက် ၃၊ ၄ နှစ်လောက်သာ ကြီးတဲ့ ဆရာ၊ ဆရာမ ငယ်ငယ်လေးတွေ များပါတယ်။ အများစုက GTI Diploma လက်မှတ် ရထားတဲ့သူတွေပါ။ ကျောင်းတွေက များ၊ အရည်အချင်းပြည့်ဝတဲ့ ဆရာက နည်း၊ ဒီတော့ BE ဘွဲ့မရပေမယ့် Diploma အောင်လက်မှတ်ရှိရုံနဲ့ သင်တန်း အနည်းငယ်ပေးပြီး ဆရာတွေ ပြန်လုပ်ခိုင်းဆိုတော့ ကျွန်မတို့ဆရာ တချို့က စာသွားမေးရင် ပြန်မဖြေတတ်တာ များပါတယ်။ workshop လို့ခေါ်တဲ့ လက်တွေ့ချိန်တွေမှာဆို သစ်သားတွေ ရွေဘော်ထိုး၊ အုတ်နီခဲနဲ့သဲကို နံရံပုံစံ စီထပ် စသဖြင့် ခက်ခဲ၊ အဆင့်အတန်းမြင့်တဲ့ ပညာရပ်တွေ သင်ကြားရတယ်။ ကျွန်မတို့ကလည်း ကိုယ့်ကိုယ်ကို ငါဟဲ့ Civil Engineer ဆိုပြီး ကလေးကစားသလို ပျော်ပျော်ကြီးကို လုပ်ကြတာပေါ့။ Drawing ချိန်ဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း TSquare ကြီးတွေနဲ့ မတ်တပ်တွေရပ်ပြီး ပုံတွေလိုက်ဆွဲရတာလည်း ပျော်စရာ။ ဘယ်လိုနိုင်ငံမျိုးမှာမှ မရှိနိုင်တော့တဲ့ သင်ကြားနည်းပုံစံတွေနဲ့ တော်တော်ကို ဂုဏ်ယူစရာ ကောင်းလှတယ်။ :P

နောက်ထပ် စိတ်ပျက်စရာ တခုရှိပါသေးတယ်။ ၁၀တန်းတုန်းက အမှတ် ၄၀၀ကျော်ရပြီး ဆေးကျောင်း စိတ်မ၀င်စားတဲ့အတွက် YTU မရှိတော့သော်လည်း ဒုတိယနှစ် အမှတ်ကောင်းရင် YTU ကို join နိုင်တဲ့ GTC ကို လာတက်ကြတဲ့သူ တော်တော်များများ GTI အောင်လက်မှတ်နဲ့တင် နိတ္ထိတန်သွားကြတာပါ။ ၁၀တန်းမှာ အမှတ် ၂၉၀ ကျော်၊ ၃၀၀ လောက်ပဲ ရတဲ့သူတွေက BE ထိပါသွားကြတာကို မြင်ရ၊ ကြားရတဲ့အခါ မတရားသလို ခံစားရပါတယ်။ ၁၀တန်းတုန်းက ကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေက အလကား သဲထဲရေသွန်ဖြစ်ကုန်တာကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ တက္ကသိုလ်ဝင်တန်းမှာ စာအသားကုန် လုပ်ခဲ့တဲ့သူတွေအနေနဲ့ တက္ကသိုလ်တက်ချိန်မှာတော့ နည်းနည်းပါးပါး ပျော်ချင်ကြတာ သူတို့အလွန် မဟုတ်ဘူးလို့ ယူဆပါတယ်။

ဩော် ပြောရရင်တော့ ပြောစရာတွေက မကုန်တော့ဘူး။ ပြောချင်တော့ပါဘူး။ စိတ်ပျက်လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

GTC ကျောင်းသူဘ၀ အမှတ်တရ


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

3 comments:

Unknown said...

one of my favorite topic! especially drinking "htan yae". pls write more about your transition to ygn from kayah state.

s0wha1 said...

ဟုတ်တယ်။ ထန်းရည်သောက်တာနဲ့ ဖဲရိုက်တာကို တော်တော်များများ သဘောကျကြတယ်။ :P

s0wha1 said...

18 Mar 08, 21:18
s0wha1: မဆိုလိုထားပါဘူး။။။ နောက်ပြီး တကယ့် ဆရာ၊ ဆရာမတွေကို မပြောထားဘူး။ ကျောင်းဆင်းခါစ ဆရာတန်းလုပ်ရတဲ့ ဆရာတွေအကြောင်းကို ပြောထားတာ...
18 Mar 08, 21:17
s0wha1: နောက်တခု ကျန်သေးလို့... ဆရာတွေ ညံ့တယ်လို့ ပြောချင်တာလည်း မဟုတ်။ အသုံးမကျတဲ့ ပညာရေးစနစ်ကြောင့် ဆရာတွေကလည်း တကယ် မတတ်၊ ကျောင်းသားတွေကလည်း ဘာမှ မသိကို ပြောချင်တာပါ။ ဆရာတွေ၊ ကျောင်းသားတွေ ညံ့တယ်လို့
18 Mar 08, 21:13
s0wha1: ခဏခဏ တွေ့ရပါတယ်။ ကျွန်မဆိုလိုချင်တဲ့ အဓိပ္ပါယ် လူတိုင်း ရှင်းခနဲ မြင်သွားအောင် ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်။။။ အားလုံးပဲ ကျေးဇူးတင်ပါတယ်...
18 Mar 08, 21:12
s0wha1: ကျွန်မစာကို သေချာ မဖတ်လို့ဘဲလား၊ ကျွန်မကပဲ လူနားလည်အောင် မရေးတတ်လို့ပဲလား မပြောတတ်ဘူး။ တချို့လာလာပြောကြတဲ့ ကွန်မန့်တွေက ကျွန်မ ဆိုလိုချင်တာ တခြား၊ သူတို့ ထင်မြင်ယူဆပြီး လာထောက်ပြတာ တခြား ဖြစ်နေတာကို
18 Mar 08, 21:11
s0wha1: ကျွန်မ ကြုံဖူးတာကို အရင်းအတိုင်း ရေးထားခြင်းဖြစ်၍ ပညာရည်မပြည့်ဝဘဲ ဆရာပြန်လုပ်နေရသူများကိုသာ ကျွန်မ ရည်ရွယ်ပြောဆိုပါတယ်။
18 Mar 08, 21:10
s0wha1: ကိုရွှေမိုးလား၊ မရွှေမိုးလာတော့ မသိဘူး... ကျွန်မပို့စ်မှာ ကျွန်မတို့ထက် အသက် ၃၊၄နှစ်သာ ကြီးသော ဆရာများလို့ ပြောထားပါတယ်။ ဆရာကြီးတွေ၊ တကယ်တော် တကယ်တတ်တဲ့ ဆရာတွေကို ကျွန်မ ပြောမထားပါ။။။
18 Mar 08, 21:08
s0wha1: အန်တီငြိမ်းရေ... မျှော်နေ၏... မောင်လေး ပြည့်စုံ ပျော်ရွှင်စရာ ခရီးဖြစ်ပါစေ...
18 Mar 08, 16:24
shwemoe: မြင်နေကြသောပညာရှင်များစင်္ကာပူသာမကနိုင်ငံအသီးသီး၌ရောက်ရှိနေပေပြီ။
18 Mar 08, 16:24
shwemoe: ပညာရပ်များကိုအခြေခံပြီးအသက်မွေးဝမ်းကြောင်းပြုကာအောင်
18 Mar 08, 16:23
shwemoe: ကျေးဇူးရှင်ဆရာ/မများသင်ကြားပေးလိုက်သောစက်မှုလက်မှု
18 Mar 08, 16:23
shwemoe: ဆရာ/မကြီးများမှအများစုမှာAGTI ဒီပလိုမာများသာဖြစ်ကြပါတယ်။ဤ
18 Mar 08, 16:22
shwemoe: ကိုသွားဖူးခဲ့ရင်သိ နိုင်ပါတယ် ။ကန်တော့ခံ
18 Mar 08, 16:21
shwemoe: GTI ကျောင်းပေါင်းစုံဆရာကန်တော့
18 Mar 08, 16:21
shwemoe: (ဒီနှစ် ၁၃ ကြိမ်မြောက်)
18 Mar 08, 16:21
shwemoe: သင်ခြင်းမှာယနေ့ပညာရေးစနစ်တွင်မှမဟုတ်ပါ။နှစ်စဉ်ကျင်းပနေတဲ့
18 Mar 08, 16:20
shwemoe: AGTI ဒီပလိုမာလက်မှတ်ရဆရာများမှဒီပလိုမာ သင်တန်းများအား
18 Mar 08, 16:20
shwemoe: တာပါပဲ။
18 Mar 08, 16:20
shwemoe: ထားသလောက်အကုန်ပေးခြင်တာ၊ပေးနိုင်အောင်ရှာဖွေကြံဆကြ
18 Mar 08, 16:19
shwemoe: ဝမ်းရေးအရပဲဖြစ်ဖြစ် "ဆရာ"ဆိုတဲ့ပိုး ဝင်သွားကြရင်ကိုယ်တတ်
18 Mar 08, 16:18
shwemoe: အောင်လေ့လာဖို့အခွင့်အရေးမရကြပေ။ဝါသနာအရပဲဖြစ်ဖြစ်၊
18 Mar 08, 16:16
shwemoe: သာခန့် သင်ကြားပေးရပါတယ်။ဘာသာရပ်တိုင်းကိုကျွမ်းကျင်
18 Mar 08, 16:16
shwemoe: များသည်တဦးလျင်အနဲဆံုး ၃ဘာ
18 Mar 08, 16:16
shwemoe: သာအဓိကပါ။GTC မှဆရာ/မ
18 Mar 08, 16:15
shwemoe: ဗရမ်းပတာဖြစ်နေခြင်းဗရမ်းပတာဖြစ်နေခြင်း
18 Mar 08, 16:14
shwemoe: သင့်ပါ။ဒီနေ့ မိမိနိုင်ငံရဲ့ ပညာရေးစနစ်
18 Mar 08, 16:14
shwemoe:ဲ့ပညာရပ်ကိုအထင်မသေး
18 Mar 08, 16:13
shwemoe: ပေးနိုင်ပါတယ်။ ဒါပေမဲ့ သင်ဆရာများန
18 Mar 08, 16:10
shwemoe:်GTC အမှတ်တရ ကိုဖတ်ပြီးကျောင်းသားဘဝကိုနားလည်ခံစား

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*