Wednesday, November 9, 2011

မနေနိုင်လို့ ၀င်ပြောပါတယ်




ဒီရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စကို ကျွန်မ ဖေ့စ်ဘွတ်ခ်မှာ ၀င်နေပြာနေတာတော့ ကြာပြီ။ ဘလော့ဂ်မှာ တင်ဖို့ စာတပုဒ်တောင် ရေးပြီးသွားပြီ။ ဒါပေမယ့် လုပ်စရာတွေ များနေတာနဲ့ အချိန်လည်း အတော်နှောင်းနေပြီမလို့ ရေးလက်စလည်း မတင်ဖြစ်တော့ပါဘူး။

သို့သော်... မနေနိုင်လွန်းလို့ နည်းနည်းတော့ ၀င်ပြောချင်သေးတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) ကိစ္စဟာ တော်ရုံနဲ့ ပြီးသွားမှာ မဟုတ်မှန်း ကျွန်မတို့အားလုံး သိတယ်။ ထင်သလောက် မရိုးရှင်းသလို၊ ဖြေရှင်းရ သိပ်ခက်လှတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒီအရေးကိစ္စကို အင်တာနက်သုံးသူတိုင်း၊ ဖေ့စ်ဘွတ်ခ်သုံးသူတိုင်း ဘာကြောင့်၊ ဘယ်လိုကြောင့်ဆိုတဲ့ အခြေအနေစုံကို သိအောင် လေ့လာဖတ်ရှုနိုင်ပါတယ်။ အဲဒီလို လေ့လာမှတ်သားပြီး သေချာသိမှလည်း ၀င်ပြောကြရင် ပိုကောင်းမယ်လို့ ထင်မိတယ်။ ခုလောလောဆယ်တော့ ကျွန်မလည်း အော်ရ၊ ရှင်းပြရတာများလို့ ဒီမှာ သိပ်မရေးပြချင်တော့ဘူး။ ဒါပေမယ့် ကျွန်မ သဘောကျတဲ့၊ ကျွန်မတို့ ပြောချင်တာနဲ့ ထပ်တူညီနေတာလေးတွေ တွေ့မိလို့ ကူးယူလာပါတယ်။ အဲဒါလေးတွေ ဖတ်ပြီး မှန်၏၊ မမှန်၏၊ လက်ခံ၏၊ လက်မခံ၏ ဆိုတာ ကိုယ့်ဖာသာကိုယ်သာ စဉ်းစားဆုံးဖြတ်ကြပါ။ ဒါကိုမှ နားမလည်သေးရင်လည်း အင်တာနက်မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

````````````````````````````````````````````

ရိုဟင်ဂျာကိစ္စဟာ immigration status တခုရဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
သူတို့ဟာ ဒုက္ခသည်တွေမလို့ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
လူအခွင့်အရေး ရှုထောင့်ကနေ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
ဗမာ Citizen ဖြစ်ချင်လို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
ဗမာပြည်မှာ Permanent Resident Status ရဖို့ တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။
Islam ဘာသာကိုးကွယ်တဲ့ သူတို့ ကိုးကွယ်ယုံကြည်မှုကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေတဲ့ issue လည်းမဟုတ်ဘူး။
သူတို့ တောင်းဆိုနေတာ ဗမာပြည်လို့ ဖြစ်လာတဲ့ တိုင်းပြည်ကို စုစည်းတည်ထောင်ခဲ့ရာမှာ ပါဝင်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ရှမ်းနဲ့ အခြားလူမျိုးစုတွေနဲ့အတူတူ တတန်းတည်းထားပြီး ပခုံးချင်း ယှဉ်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးစု (natives) အဖြစ် အခွင့်အရေးရဖို့ သမိုင်းလိမ်များနဲ့ တောင်းဆိုနေတာသာ ဖြစ်တယ်။

Human Right issue မဟုတ်ဘူး။
Immigration issue မဟုတ်ဘူး။
Refugee issue မဟုတ်ဘူး။
Humanitarian issue မဟုတ်ဘူး။
Religious issue မဟုတ်ဘူး။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် ရှမ်းနဲ့ အခြားလူမျိုးစုတွေနဲ့တန်းတူ လူမျိုးစု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့လို တချိန် ရိုဟင်ဂျာပြည်နယ် တောင်းဆိုခွင့်၊ တည်ထောင်ခွင့်တွေအထိရှိတဲ့ တိုင်းရင်းသား အခွင့်အရေးတောင်းဆိုနေတဲ့ political issue သာလျင်ဖြစ်တယ်။
ခွင့်ပြုသင့်သလား၊ လိုက်လျောသင့်သလားဆိုတာ သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါကုန်။

အမည်မသိ ကွန်မန့်ပေးသူ

````````````````````````````

တိုင်းပြည်တပြည်အတွင်းမှာ နေထိုင်ခြင်း နဲ. တိုင်းရင်းသားဖြစ်ခြင်း ဆိုတာ သီးခြားကဏ္ဍ တွေပါ..... ဥပမာ.. အင်္ဂလန်မှာ နေတဲ့ ဗမာတယောက် နေထိုင်ခွင့်ရချင်ရမယ်.. ဒါပေမယ့် သူဟာ အင်္ဂလိပ်ပါ ၊ စကော့တလန် လူမျိုးပါ ၊ အိုင်ယာလန်လူမျိုးပါ ၊ ဝေးလ် လူမျိုးပါလို. ပြောလို.မရဘူး.. ဘယ်သူ.မှလဲ လက်ခံမှာ မဟုတ်ဘူး.. ဗမာ ဟာ ဗမာပါပဲ.... အင်္ဂလန်က နေထိုင်ခွင့်ရထားတဲ့ လူတွေကို သိရင် လှမ်းမေးလိုက်ပါ... သူတို. စာအုပ်ထဲမှာ အင်္ဂလိပ်လူမျိုးအဖြစ် ရေးပေးလားလို...

simple views

````````````````

လူ့အခွင့်အရေးသမားတွေ ဖတ်ဖို့. . . .

လူကိုလူလို့ တန်းတူမြင်ဖို့၊ ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားဖို့၊ အသားအရောင်၊ အမျိုးဘာသာမခွဲခြားဖို့ ဘာမဆိုသဘောတူထောက်ခံပါတယ်။
တသက်လုံးလည်း ဒါပဲ ရေး လာတာပါ။

ဒီ့အတွက်ပဲ လမ်းပေါ်မှာ အလုံးအရင်းနဲ့ ဒုက္ခရောက်နေပါတယ် ဆိုတဲ့ လူတွေကို ကိုယ့်အိမ်ပေါ်ဆွဲတင်၊ ကိုယ့်အိမ်မှာနေလာတာကြာတော့ အမွေခွဲဖို့ကြိုးစားတာကို ကာကွယ်ဖို့ လိုမလို ပဲ စဉ်းစားကြရအောင်။

ကျုပ်တို့လည်း အမွေရသင့်ပါတယ်၊ ဟောဒီအိမ်ကြီးရှင်ရဲ့ ကိတ္တိမမွေးစားသားတွေပါ လို့ စာချုပ်စာတမ်းအတုအယောင်တွေကို ဖန်တီး ရေးသားလုပ်ကြံတာကို အဲဒီစာချုပ်တွေက အတုတွေပါလို့တောင်

ခင်ဗျားတို့ရဲ့ လူ့အခွင့်အရေး ဆိုတာကြီးက ပြောခွင့်မရှိတော့ဘူးလား ဟရို့ . . ။ ။

ချိုတူးဇော်

````````````````````````````

မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ မွတ်စလင်ဘာသာဝင် အိန္ဒိယ၊ အာရပ်အနွယ်ဝင်တွေကို ထိခိုက်ပြောဆိုလိုခြင်းမဟုတ်ကြောင်း သဘောပေါက်ဖို့လည်း လိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိကြတဲ့ အိန္ဒိယ၊ တရုတ် လူမျိုးတွေ လူမျိုးခြား လူနည်းစု အနေနဲ့ ဧည့်နိုင်ငံသား၊ နိုင်ငံသားအဖြစ် နေထိုင်နေကြတာ မြန်မာတိုင်း အသိပါ။ နယ်မြေချင်းထိစပ်နေလို့ ဘင်္ဂါလီလူမျိုးများ ရခိုင်နယ်စပ်မှာ ၀င်ရောက်နေထိုင်နေကြတာကို ဘာမှ မပြောလိုပေမယ့် သူတို့ကို လူမျိုးတမျိုးအဖြစ် သတ်မှတ်ဖို့၊ တိုင်းရင်းသား အခွင့်အလမ်းတွေ ပေးဖို့၊ ရခိုင်ပြည်ဟာ သူတို့နယ်မြေပုံစံ ပြောဆိုလာတာမျိုးတွေကြောင့် ဒီရိုဟင်ဂျာအရေးကို ကန့်ကွက်ရတာ ဖြစ်ပါတယ်။

ဒီပို့စ်ကို တင်ရတဲ့အကြောင်းရင်းကလည်း ဒီ သမိုင်းကြောင်းတွေ လျှောက်လိမ်၊ နိုင်ငံတကာကို လျှောက်လိမ်ပြီး သူတို့ဟာ ရခိုင်ပြည်နယ်က လူမျိုးတမျိုးပုံစံ၊ ရခိုင်နန်းတွင်းမှာတောင် အရေးပါတဲ့လူမျိုးတွေ ပုံစံမျိုး ပြောဆို လိမ်လည်လာကြတာကို လက်မခံနိုင်ကြောင်း ပြောချင်ရုံပါပဲ။ ဒီလို လက်မှတ်ထိုး ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသမှုဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာလည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ ကျွန်မတို့ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ရခိုင်လူမျိုးများနဲ့ ဘာမှ ဆက်နွယ်ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်လာတာ ကြာကောင်းကြာပြီဖြစ်နိုင်ပေမယ့် သူတို့ဟာ ဘင်္ဂါလီလူမျိုးက ဘင်္ဂါလီလူမျိုးပဲ ဆိုတာကို အမှန်အတိုင်း တရားမျှတစွာ ပြောချင်ရုံသပ်သပ်ပါ။

ဒီရိုဟင်ဂျာဆိုသူတွေကို ကျွန်မလိုပဲ မြန်မာအများစုက သိဖို့နေနေသာသာ ကြားတောင် ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပြည်ပမီဒီယာတိုင်းမှာ သူတို့ရဲ့သတင်းတွေကို အသားပေးဖော်ပြလာလို့ သတိထားမိလာတာပါ။ အစက ရိုဟင်ဂျာဆိုတာကို ဘာကို ပြောမှန်းတောင် မသိပါဘူး။ နောက်မှ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီကုလားတွေဖြစ်မှန်း သိရတာ။ ဒီပြည်ပသတင်းဌာနတွေက သတင်းဟာ သတင်းပဲ ဆိုပြီး ရိုဟင်ဂျာသတင်းတွေကို အားရပါးရ အပြိုင်အဆိုင် ကြေငြာ ရေးသားကြ၊ ရိုဟင်ဂျာဆိုသူတွေနဲ့ အင်တာဗျူးတွေ လုပ်ကြ၊ ဒီရိုဟင်ဂျာတွေကို သဲသဲလှုပ်အရေးတယူ ရှိသလောက်၊ အခု ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ်မပြုနိုင်ပါဘူးလို့ ကျွန်မတို့ အပြင်းအထန် ကန့်ကွက်နေကြတာကိုတော့ သတင်းအဖြစ် မတင်နိုင်ကြတာကို အံ့ဩလောက်အောင် တွေ့မြင်လိုက်ရတယ်။ အဲဒါကြောင့်လည်း ဒီအရေးကိစ္စဟာ သာမန် လျစ်လျုရှု သင့်တဲ့၊ မသိလိုက် မသိဖာသာ နေသင့်တဲ့ ကိစ္စ မဟုတ်ကြောင်း၊ မြစ်ဆုံအရေးလိုပဲ အရေးကြီးလှတဲ့ အမျိုးသားရေးသာဖြစ်ကြောင်း မြန်မာတိုင်းကို သိစေချင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတုန်းက လူမျိုးရေး၊ လူ့အခွင့်အရေးဆိုတာတွေ ဘာသံမှ မထွက်လာဘဲ တရုတ်တွေကို ပြောကြဆိုကြ၊ ကန့်ကွက်ကြနဲ့ အားရစရာကောင်းသလောက် ဒီရိုဟင်ဂျာအရေးမှာတော့ လူမျိုးရေးဆိုတာတွေ၊ လူ့အခွင့်အရေးဆိုတဲ့ အသံတွေနဲ့အတူ တုပ်တုပ်မျှ မလှုပ်ကြတာကို နားမလည်နိုင်အောင် ဖြစ်မိတယ်။


FaceBook သုံးနေသူအများစုကတော့ ရိုဟင်ဂျာအရေး ဘယ်က စ တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ဘီဘီစီရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားသော မြန်မာပြည်မြေပုံနဲ့ ပတ်သက်နေပါတယ်။ အဲဒီဓာတ်ပုံထဲမှာ ဒီရိုဟင်ဂျာတွေကို ဘယ်လောက်တောင် မြန်မာလူမျိုးစုထဲ ထည့်ထားချင်တယ် မပြောတတ်ဘူး။ အထင်ကရ လူမျိုးကြီးဖြစ်တဲ့ ရခိုင်လူမျိုးကို ထည့်ဖို့ မေ့ခဲ့တဲ့အထိ၊ ပြီးတော့ တရုတ်အနွယ်ဖြစ်တဲ့ ၀ လူမျိုးဆိုတာကိုလည်း ထည့်ထားလိုက်သေး။ ကျွန်မတို့ နိုင်ငံကြီးတော့ အထက်ပိုင်းက တရုတ်၊ အောက်ပိုင်းက ဘင်္ဂါလီကုလားတွေနဲ့ အရမ်းကို ပဏာရနေမှာ မြင်ယောင်မိတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံသားများဟာ အာဏာပါဝါကို လက်ကိုင်ထားပြီး ငွေမျက်နှာ တခုတည်းကြည့်ကာ နိုင်ငံကို လက်ညှိုးထိုးရောင်းစားသူများနဲ့ ဘာမှ သိပ်မကွာတဲ့ အာဏာမရှိသော်လည်း ကိုယ့်အခွင့်အရေးနဲ့ ပိုက်ဆံရဖို့အတွက် မျောက်ပြ ဆန်တောင်းနေကြသူများ အလယ်က မြေစာပင်တွေဆိုတာကို ကျွန်မ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။

s0wha1
3 Nov 2011

`````````````````````````

ဟုတ်ကဲ့။ ဒီလောက်ဆိုရင်တော့ လူမျိုးရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး။ လူသားချင်းစာနာရေးတွေနဲ့ ရောထွေးေ၀၀ါးနေသူများ နားလည်နိုင်လိမ့်မယ်လို့ ထင်မိတယ်။

s0wha1

Print this post

2 comments:

Anonymous said...

that right.khwe is fool.

sawjimi said...

1 Corinthians 13

1 If I speak in the tongues[a] of men or of angels, but do not have love, I am only a resounding gong or a clanging cymbal. 2 If I have the gift of prophecy and can fathom all mysteries and all knowledge, and if I have a faith that can move mountains, but do not have love, I am nothing. 3 If I give all I possess to the poor and give over my body to hardship that I may boast,[b] but do not have love, I gain nothing.

4 Love is patient, love is kind. It does not envy, it does not boast, it is not proud. 5 It does not dishonor others, it is not self-seeking, it is not easily angered, it keeps no record of wrongs. 6 Love does not delight in evil but rejoices with the truth. 7 It always protects, always trusts, always hopes, always perseveres.

8 Love never fails. But where there are prophecies, they will cease; where there are tongues, they will be stilled; where there is knowledge, it will pass away. 9 For we know in part and we prophesy in part, 10 but when completeness comes, what is in part disappears. 11 When I was a child, I talked like a child, I thought like a child, I reasoned like a child. When I became a man, I put the ways of childhood behind me. 12 For now we see only a reflection as in a mirror; then we shall see face to face. Now I know in part; then I shall know fully, even as I am fully known.

13 And now these three remain: faith, hope and love. But the greatest of these is love.

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*