Monday, September 19, 2011

ငါ လွမ်းတယ်



မတူတာတွေကို ညီအောင် ငါ မကြိုးစားခဲ့ဘူး။
ဘယ်တော့မှလည်း မညှိချင်ပါဘူး။
အရေးကြီးတာ မျဉ်းပြိုင်နှစ်ကြောင်း မဖြစ်ဖို့လေ။

ငါ့ရဲ့ မုန်တိုင်းသင့် စကားတွေကို နင် ခံယူ၊
မျက်နှာ တချက် မပျက်တတ်တဲ့ နင့်ကို ချီးကျူးရဲ့။

အယူအဆတွေ ကွဲတိုင်း... ငြင်းခုန် ရန်ဖြစ်၊
ပြီးသွားတော့လည်း ဘာမှ မဟုတ်သလို
ငါတို့ ရယ်မောနိုင်သားပဲ။

"မောင်တို့ နှစ်ယောက်ကို ဘယ်အရာကမှ မတားဆီးနိုင်ပါဘူးကွာ"တဲ့
ခေါင်းမာစွာ နင် ပြောတတ်သေးတယ်။

အတိတ်ကို ငါ လွမ်းတယ်...
လက်ရှိအချိန်ကို ငါ လွမ်းတယ်...
ဖြစ်မလာသေးတာတွေကို ငါ လွမ်းတယ်...

"မင်းအနားမှာ" ဆိုတဲ့ စကား လေးလုံးအတွက်
ဆယ်စုနှစ်များစွာ... ... ...

ဒီလိုနဲ့
မသေချာခြင်းကို ပွေ့ပိုက်ရင်း
ငါ လွမ်းနေတုန်းပဲ...။


s0wha1
(19/09/2011)


Print this post

3 comments:

မေငြိမ်း said...

သမီးရေးတဲ့ကဗျာတွေကိုလည်း လွမ်းတယ်... :)

s0wha1 said...

သမီးတို့ 2007 တုန်းက အားရပါးရ Blogging ခဲ့တာကို လွမ်းတယ်...

thatoemaharbandula said...

၂၀၀၉...ပတ်ဝန်းကျင်လောက်ကရေးတာနဲ့ တော်တော် ကွာလာတယ်ထင်တယ် အတွေ့ အကြုံကြောင့်လား.....?စိတ်ကူးတွေကြောင့်လား....?ဒီကဗျာလေးကတော့

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*