Thursday, July 8, 2010

ချစ်ခြင်းဖြင့်



နားလည်ပေးခြင်းဆိုတဲ့ စကားရဲ့ အတိမ်အနက်ကို
မင်း ဘယ်လို ယူဆထားလဲ ငါ မသိချင်တော့ဘူး။
နာကျင်ခြင်းတွေထဲက ပြန်ရုန်းထဖို့
ပိုအရေးကြီးနေတယ်။

နောင်တတွေ အကြိမ်ကြိမ်ကြား
အခါခါ ကြေကွဲ
တန်ဖိုးမဲ့ လူသားတစ်ယောက်ရဲ့
ကြာရှည် ရပ်တည်နိုင်မှုက ဩချစရာနော်။

အသစ်အသစ်သော မျှော်လင့်ချက်တွေနဲ့
မင်းပြောတတ်တဲ့ ပုံပြင်
ငါ့ရင်ထဲက မီး
ကူညီ ငြှိမ်းဖို့ရော စဉ်းစားဖူးပါရဲ့လား။

တန်ဖိုးထားတတ်မှု၊
နားလည်မှု၊ သိတတ်မှု…
ငါနဲ့ လားလားမှ မသက်ဆိုင်ခဲ့သော
လှပတဲ့ ဒီစကား သုံးခွန်း နဲ့အတူ


ဒီဘ၀၊ ဒီမျှလို့
ငါ (မရေမရာ)

ကျိန်ဆိုမြဲ။ ကျိန်ဆိုဆဲ။

…………………………
………………
……….

……….
………………
…………………………

အသက်ရှူလိုက်တိုင်း ရေရွတ်နေမိတာက
မင်းကို အရမ်းချစ်တယ်ဟာ… တဲ့။ ။


s0wha1
(March 2010 ရဲ့ တခုသော ညနေ)




ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။


Print this post

2 comments:

TYZ said...

မမ s0wha1 ရေ ပျောက်နေတာကြာလှပေါ့။ စိတ်ညစ်စရာတွေ ရှိနေလို့လား၊ မအားလို့လား မမ၊ ညီမလေးအရင်ဆုံးဖတ်ခဲ့ဖူးတဲ့ ဘလော့က မမဘလော့လေ။ နောက်ပိုင်း ညီမလည်း ဘလော့ဂင်းဖို့ ဖြစ်လာတာလေ။ မမပျောက်သွားပေမဲ့ လာလည်ပါတယ်။ တစ်ခါတစ်လေပေါ့။ အခုလိုမမ ပြန်ရေးတော့ ၀မ်းသာတယ်သိလား။ မမရေ လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိကြလိမ့်မယ်လို့ ညီမယုံကြည်တယ်။ စိတ်မညစ်ပါနဲ့လို့ မပြောဘူးနော်။ ညီမမှာဆိုလည်းလေ အချစ်၊ သူငယ်ချင်း၊ မိသားစုပြဿနာတွေ အမျိုးမျိုးပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်တော့ အတတ်နိုင်ဆုံး ထိမ်းသိမ်းနေရတယ်လေ။ တခါတခါ ထွက်ပေါက်မရှိတဲ့အခါ ဆရာဝန်ဆီသွားပြီး တိုင်ပင်လိုက်တယ်။ သူငယ်ချင်းတော့ရှိတယ် ဒါပေမဲ့ သူတို့စိတ်ညစ်မှာဆိုးလို့ ရင်မဖွင့်ဖြစ်တာလေ။ မမပျော်ရွှင်ပါစေ။

s0wha1 said...

ကျေးဇူး ညီမလေး...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*