Saturday, February 14, 2009

Valentine's လက်ဆောင်



ဒီနှစ်တော့ မနှစ်က "ဘာလဲဟဲ့..." လို အဆင်မပြေမဖြစ်တော့ဘူး။ :) စိတ်ဆိုး၊ ဒေါသထွက်ရတာတွေလည်း မရှိ၊ အားလုံး ချောချောမွေ့မွေ့ပဲ။ အသက်အရွယ်ကြောင့်လားမသိ ရန်မဖြစ်တာတောင် အတော်ကြာပြီ။ အလိုမကျစိတ်တွေလည်း သိပ်မရှိတော့။ ဒါပေမဲ့ သူ့ကို ချစ်တဲ့စိတ်ကတော့ မပြောင်းလဲပါဘူး။ :P




ပထမဆုံး ပေးဖြစ်တဲ့ Valentine's လက်ဆောင်ဆို အံ့ဩစရာ ကောင်းနေမလား မသိဘူး။ ချစ်သူများနေ့တိုင်း အတူရှိမနေတတ်တဲ့ ကျွန်မတို့နှစ်ယောက်အတွက်တော့ ဒါတွေက ရိုးနေပါပြီလေ။ Valentine's Card လေးတွေတောင် အကြောင်းအမျိုးမျိုးကြောင့် နှစ်တိုင်း မပို့ဖြစ်တတ်။ သူ့အတွက်ရည်ရွယ်လို့ ၀ယ်ထားပြီး သိမ်းထားလိုက်တာပဲ ရှိတယ်။ ခုချိန်ထိ မပေးဖြစ်တဲ့ ကတ်တွေလည်း ရှိတုန်း။ ဒီနှစ်တော့ ကျွန်မက သူ့ကို အံ့ဩသွားစေချင်ခဲ့တာ။ ဖြစ်နိုင်ရင် သူ့ရှေ့ကို လူကိုယ်တိုင် အရောက်သွားပြီး လက်ဆောင်ပေးချင်မိတယ်။ အဲဒီလိုသာဆို သူ အံ့ဩလွန်ပြီး သတိတောင် လစ်သွားနိုင်မယ် ထင်တယ်။ =)) ကိုယ့်အတွေးထဲတော့ ဟုတ်နေတာပဲ။ :D

ဖေဖော်ဝါရီ ၁၄ရက်နေ့အရောက် သူ့ဆီ လက်ဆောင်ပို့ပေးဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သူမသိအောင် တိတ်တိတ်လေး ကြိတ်ကြံစည်ရတာ ပိုတောင် ခက်သေး။ ဟိုလူ့မေး၊ ဒီလူ့ အကူအညီတောင်းနဲ့ အဲဒီနေ့ မနက်စောစောမှာ သူ့ဆီ လက်ဆောင် ရောက်သွားခဲ့တယ်။ လက်ဆောင်က ဘာမှ မထူးဆန်း၊ အဖိုးအခ သိပ်မရှိတဲ့ ကျွန်မတို့နှစ်ယောက်ပုံပါ မတ်ခွက်လေးသာ ဖြစ်တယ်။ ဒါပေမဲ့ သူ အရမ်းပျော်ခဲ့သလို၊ ကျွန်မလည်း ပျော်တာပါပဲ။ "မင်း အရမ်းချစ်ဖို့ကောင်းတယ်။ Idea လေးကလည်း မိုက်တယ်။" ဆိုတဲ့ စကားတွေနဲ့အတူ ဒီနှစ် ချစ်သူများနေ့က ကျွန်မအတွက် အဓိပ္ပါယ်ပြည့်စုံသွားခဲ့တယ်။


ဓာတ်ပုံတွေ တင်ချင်လွန်းလို့သာ တင်ထားပြီး လူပုံတွေ သိပ်မမြင်ရအောင် Resolution အများကြီးချထားတာကိုတော့ သည်းခံပေးကြပါ။ အရမ်းလှတော့ copy အကူး ခံရမှာစိုးလို့။ ;))


ချစ်ခြင်းများစွာ
s0wha1

Print this post

9 comments:

MANORHARY said...

Happy Valentine to both of you !!

မေငြိမ်း said...

အမ်မလေး... ခုမှပဲ Blog ပေါ် ရောက်တော့တယ်ပေါ့လေ... ပြောသာပြောရ..အန်တ်ီတောင် လွမ်းသွားပြီ.. သူကလေးကို။ အကြောင်းသိဆိုတော့. :)

kay said...

ညီမရေ- ကြည်နူးစရာလေး.. ကြားက..ခံစားပေးသွားပါတယ်။ ငယ်ဘ၀ တွေကို အသာပြန်ခြုံလို့ပေါ့။း)

s0wha1 said...

မနော်... ကျေးဇူးပါ။ :)

အန်တီ... ပျင်းရမှာတောင် ပျင်းနေတာ ခုလို ထရေးလိုက်တော့လည်း နည်းနည်း ရေးလို့ ရသွားတာပေါ့လေ။ ;))လွမ်းတာတော့ လွမ်းပြီးရင်း လွမ်းပဲ။ ဟိ

မကေ... အသက်အရွယ် ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ဘူးဆိုလား။ :D

လူလ said...

မင်္ဂလာပါ မs0wha1

လွမ်းတုန်းပဲလား၊ ဘယ်တော့ မုန့်စားရမှာလဲး)

Happy Valentine

ရွှင်လန်းချမ်းမြေ့ပါစေ...

s0wha1 said...

ကိုလူလ... မင်္ဂလာပါ။
လာမယ်၊ ကြာမယ်ပေါ့ဗျာ။ :P ကျေးဇူး။

ခင်မင်းဇော် said...

ကြည့်...
ပျော်..
ပြန်သွား ဘ၀လေးပါပဲလား...
စားဖို့ မကြုံသေးပါ....
မြန်မြန်စားပါရစေဗျို့

Unknown said...

မနာလိုဘူးဗျို့....။ :D :P

s0wha1 said...

အန်တီခင်... တနေ့နေ့၊ တချိန်ချိန်တော့ စားရမယ် ထင်ပါရဲ့။ :P

မောင်လေး Black Dream... မနာလိုဘူးဆိုလို့ ၀မ်းသာပါတယ်။ =))

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*