Friday, January 23, 2009

မျက်နှာဖုံး



တိမ်ယောင်ယောင်၊ မြူယောင်ယောင်နဲ့
ငွေ့ရည်တွေ စုရုံး၊
အနားသတ်မှာ
အိုအေစစ် ရှိတယ်။

ဖြူသလိုလို၊ ပြာသလိုလိုနဲ့
တကယ်က အဖြူကို ပျက်စီးစေတဲ့
မည်းပြာ၊ ညိုညစ်၊
အဟုတ်အမှန်။

ကဲ... ဘယ်မှာလဲ
မင်းတို့ ပြောပြောနေတဲ့
အိုအေစစ်...။


s0wha1
(23 Jan 2009)



ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

5 comments:

လူလ said...

မင်္ဂလာပါ မsowha1

အရင်တုန်းကတော့ ကွန်မင်းပွတ်တယ်။ နောက်တော့ တမျိုးဖြစ်မှာ စိုးလို့ တခါ ပြန်လာပြီး ကွန်မင်းရေးတယ်ဆိုပါတော့။ အမကလဲ ရေးကျဲနေတာ မေ့တောင့် မေ့နေတယ်လေ။
စကားမစပ် အိုအေစစ်က ဆာဟာရ မှာလေ၊ နီဗားဒါးမှာတော့မရှိဘူး၊ နောက်တာပါ၊
ဒေါ်ရှား ကိုလဲ သတိရတယ်လို့ ပြောပေးပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

s0wha1 said...

ကိုလူလရေ။ ဟုတ်ပါ့။ စာရေးချင်စိတ်ကို မရှိတာ။ အရမ်းကို ပျင်းနေလို့။ ;))

Anonymous said...

ညီမရေ.. ကဗျာကြိုက်တယ်..

ကိုပေါ said...

ပျင်းသည်ဟု တဖွဖွပြောလျက်ရှိသော မဆိုးဝှပ်အား အောင်မြင်မှု၏ သော့ချက်ကို လက်ဆင့်ကမ်းလိုက်မည်။

မအိပ်မနေ အသက်ရှည်
သွားပါများ ဖိနပ်ပေါက်
မေးပါများ အာခြောက်..
ရေးပါများ လက်ကောက်ဝတ်ညောင်း၏….။

s0wha1 said...

မအိမ့်... ကျေးဇူး။

ကိုပေါ... ပျင်းချက်ကတော့ အပျင်းဆုံးသူ သန်းကြွယ်သူဌေးဖြစ်မယ်ဆို ကျွန်မ ထိပ်ဆုံးက ဖြစ်မှာ။ ဟိ... ထမင်းစားရမှာတောင် ပျင်းလို့ ဗိုက်ဆာတာ လူးလိမ့်နေမှ ထ စားတယ်။ အဲလောက်ထိ။ ပျင်းရမှာတောင် ပျင်း ဖြစ်နေတာ။ :D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*