Thursday, November 13, 2008

ခြေလှမ်း ၂၇



တနှစ်ပြီး တနှစ်
မှတ်တမ်းတွေ
စိုက်ထူခဲ့တာ
ခုဆို
အကြိမ် ၂၇ တောင် ရှိခဲ့ပြီ။

ငါ့အတွက်၊
အနီးဆုံးနဲ့ အရင်းနှီးဆုံး သူတွေအတွက်၊
ပြီးတော့
ကမ္ဘာလောကကြီး အတွက်
ဘာတွေ လုပ်နိုင်ခဲ့ပြီလဲ???
ပြန်ဆန်းစစ်တိုင်းလည်း...
မရေရာ မသေချာ။

အနားသတ်မရှိတဲ့
အတွေးစုတွေကြား
မရပ်တန့်နိုင်တဲ့
ခရီးလမ်းတလျှောက်
၂၇ ကတော့
နောက်နားဆီ ကျန်နေတုန်း။

တောင်တောင်အီအီ
စကားလုံးပဲ့တွေနဲ့
အချိန်ကုန်နေမယ့်အစား
ရှေ့သို့ ခြေတစ်လှမ်း
ရွေ့လျားရဦးမယ်။

ဒီလိုနဲ့
ခြေလှမ်းပေါင်း ၆၀၊ ...၊ ၇၀
*******
-----
xxx
.
လမ်းဆုံးအထိ
မျောပါရုံ။ ။


s0wha1
(13/11/2008)

27 ၁၃ 13 ၂၇ 13 27 ၂၇ ၁၃ 27 13 27 ၂၇ ၁၃ 13 ၁၃ ၂၇ 27 13 27 ၁၃ ၂၇ 27 13 ၂၇ 13 ၁၃ 27

နိုဝင်ဘာ ၁၃ ရက်နေ့မှာ မွေးတဲ့သူတွေကို wikipedia မှာ ဒီလို ရှာတွေ့တယ်။ ကျွန်မနဲ့ တနှစ်ထဲ မွေးတဲ့သူကို ၃ ယောက် တွေ့တယ်။ အနီရောင်နဲ့ ပြထားတယ်။ ဘာရယ်ဟုတ်ပါဘူး။ အန်တီငြိမ်းလို ကိုယ်နဲ့ တရက်ထဲ မွေးတဲ့၊ ကျော်ကြားထင်ရှားသူတွေကို လိုက်ရှာကြည့်တာ။ ဟိ။


November 13 FridaY FrIdAy FRIDAY fr1day friday fRiDaY fRIDAy 13 November


ဒီဆိုဒ်မှာတော့ ၃ ယောက်ပဲ တွေ့တယ်။ အမှတ်တရပေါ့လေ။ အဲဒီ ၃ ယောက်အနက် ၁ ယောက်ပဲ wikipedia မှာ ပါတယ်။ ကျန်တဲ့ နှစ်ယောက်က ဘာလို့ မပါလဲ မသိဘူး။ ကျွန်မလည်း အပေါ်က List ထဲ နာမည်တွေ များလွန်းလို့ သေချာတော့ မကြည့်မိဘူး။ မွေးတဲ့နှစ်နဲ့ တိုက်ကြည့်လိုက်တာ။

November 13th birthdays

1850: Robert Louis Stevenson, British author
1912: Eugene Ionesco, Romanian born French Playwright
1949: Whoopi Goldberg, American actress

27 ၁၃ 13 ၂၇ 13 27 ၂၇ ၁၃ 27 13 27 ၂၇ ၁၃ 13 ၁၃ ၂၇ 27 13 27 ၁၃ ၂၇ 27 13 ၂၇ 13 ၁၃ 27

ဘာပဲဖြစ်ဖြစ် ကျွန်မ အသက် ၁နှစ် ကြီးသွားပြန်ပြီပေါ့။


s0wha1
(၁၃၊၁၁၊၂၀၀၈)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

12 comments:

လူလ said...

မင်္ဂလာပါ မ s0wha1

မွေးနေ့ရောက်ပြီလား လွဲနေမှာ စိုးလို့ သေချာအောင် မေးတာပါး)

ဆိုတော့လဲ ဝေးဝေးနေ စေတနာသန့်သန့်လေးနဲ့ ဆုတောင်းပေးလိုက်တယ်ဗျာ။ ယူတတ်ရင် မြတ်တယ်တဲ့းD

၂၇ နှစ်မြောက် မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ၆၀၊ ၇၀ မက ခြေလှမ်းပေါင်း ၉၀ အထိ ရွှင်လန်းချမ်းမြေ့စွာ ကျော်ဖြတ်နိုင်ပါစေ...

ခင်ခြင်းအားဖြင့်
လူလ

flowerworld said...

မမဆိုးဝှက်ရေ...HAPPY BIRTHDAY ပါ်... ပျော်ရွှင်ဖွယ်ကောင်းသော နေ့လေးများပိုင်ဆိုင်၍..ချစ်သောမိသားစုနဲ့အတူတကွ မခွဲမခွာနေထိုင်၍
၂၇..မှသည်.. အသက်ရာကျော်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်

မေငြိမ်း said...

သမီး.. ၂၇နှစ်မြောက်မွေးနေ့ကနေ.. နောက်ထပ် နှစ်ပေါင်းများစွာ.. များစွာတိုင်.. ချစ်သောသူများနဲ့အတူတကွ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေသွားရပါစေ..။
အင်းး ဒါနဲ့ ၀ူပီဂိုလ်ဘတ်နဲ့ တူတာတော့ မွေးနေ့ပဲနော်.. ရုပ်မဟုတ်..။ နောက်တယောက်ကျတော့ King Edward 3 ဆိုတာ စိတ်ဝင်စားတယ်။ အဲဒါ အချစ်အတွက် ထီးနန်းစွန့်တယ်ဆိုတဲ့ ဘုရင်များလားပဲ..။
အင်းးးး ဒါဆိုရင်တော့ တယ်မလွယ်.. :P

ကိုပေါ said...

ပျော်ရွှင်ဘွယ်မွေးနေ့ဖြစ်ပါစေ မဆိုးဝှက်။ စောစောထတဲ့ငှက်ဟာ အခုလိုဘဲ ကွန်မင့်စောစောပေးခွင့်ရတယ်တဲ့။ အမှန်ကတော့ မအိပ်သေးတာပါ။ အသက် ၂၇ နှစ်မှစ၍ လောကဓံကို ခံနိုင်ရည် ရှိပါစေသတည်း။

ခင်မင်းဇော် said...

သမီးစိုးဝှက်ရေ.. ချစ်တဲ့သူနဲ့ ပျော်ရွှင်တဲ့ မွေးနေ့ပွဲတွေ အများကြီး ဆင်နွဲနိုင်ပါစေ..

Moe Cho Thinn said...

ညီမလေး s0wha1
၂၇ နှစ်ဆိုတဲ့ အရွယ်ဟာ ပျော်စရာ အကောင်းဆုံးအချိန်တွေလို့ မှတ်မိနေတယ်။
သိပ်လဲ မငယ်တော့ဘူး၊ သိပ်လဲ မကြီးသေးဘူး။ လောကရဲ့အကြောင်းကို သိသလိုလို မသိသလိုလို ဖြစ်နေချိန်..။
ဒီလိုအချိန်မှာ တန်ဖိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နဲ့ ချစ်ခင်သူများနဲ့ အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ညီမရေ။
ခင်မင်သော
အမ မိုးချိုသင်း

ATN said...

၂၇ မှသည် ခြေလှမ်းပေါင်း ရာကျော်သည်ထိ ပျော်ရွှင်ဖွယ် မွေးနေ့များ တွေ့ရပါစေ....

လင်းလက်ကြယ်စင် said...

Happy Birthday မမ။ ပျော်ရွှင်ချမ်းမြေ့သာယာသော ဘ၀တစ်ခုကို ချစ်တဲ့သူများနှင့်အတူ ထာဝရပိုင်ဆိုင်နိုင်ပါစေ :)

nu-san said...

ဒီနေ့ ညီမလေး မွေးနေ့ဆိုတာ.. မနက်ကတည်းက သတိရတယ်.. ရုံးမှာ အချိန်မရလွန်းလို့ ဆုတောင်းပေးတာ နောက်ကျသွားတယ်.. :)

Happy Birthday!!

လိုအင်ဆန္ဒပြည့်ဝပြီး ဘ၀နဲ့ ဆန္ဒ တထပ်တည်းကျသော သူဖြစ်ပါစေ..

အခုချိန်လောက်ဆို အိမ်မှာ ကိတ်မုန့်ခွဲပြီးလောက်ရောပေါ့.. :D

s0wha1 said...

ကိုလူလ၊ မီးလေးဇာ၊ အန်တီငြိမ်း၊ ကိုပေါ၊ အန်တီခင်၊ မမိုးချို၊ ကိုအောင်သာငယ်၊ ညီမလေး လင်းလက်၊ မနုစံ... ကျေးဇူး အများကြီး တင်ပါတယ်။ ခုနလေးကပဲ ကိတ်မုန့်လှီးပြီးတယ်။:D

pandora said...

ကိတ်မုန့်ခွဲပြီးပြီလား နောက်ကျသွားတယ်
မွေးနေ့မှာ ပျော်ရွှင်ပါစေ s0wha1 ရေ

တောင်ပေါ်သား said...

မင်္ဂလာပါ အမရေ တသက်တနှစ်ပိုကြီးလာသလို ဘ၀မှာလဲ နေခွင့်ရနေတဲ့ အချိန်လေးမှာ သာယာပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်စုံနေပါစေနော့်

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*