Saturday, November 8, 2008

လက်ရှိ အခြေအနေ



ကျွန်မ ခုတလော စာ အရမ်းရေးချင်ပေမယ့် မရေးနိုင်ဘူး ဖြစ်နေပါတယ်။ အစကတော့ ရုံးမှာ ကွန်ပြူတာ မရသေးလို့။ နောက် ကွန်ပြူတာ ရပြန်တော့လည်း အင်တာနက် မရဘူး။ တပတ်လောက်ကြာမှ network cable လာတပ်ပေးတယ်။ အဲဒီတုန်းက ပျော်လိုက်တာ မပြောပါနဲ့တော့။ အလုပ်ချိန်တွေ ဘလော့ဂ်မှာ စာရေးလို့ရပြီ ဆိုပြီးတော့လေ။ ဒါပေမဲ့ အထင်နဲ့အမြင် တော်တော်ကြီး လွဲပါတယ်။

ဘာရယ်မဟုတ် အလုပ်စားပွဲပုံ၊ ကွန်ပြူတာ နောက်ခံနဲ့ မနက်စာပုံတွေ ရိုက်ထားတာ ကြုံလို့ တင်ထားလိုက်တယ်။

ရုံးမှာ အလုပ်သိပ်မရှုပ်ပေမယ့် အင်တာနက် ကွန်နက်ရှင်က အရမ်းနှေးတယ်။ တမင် နှေးထားသလားတော့ မပြောတတ်ပါဘူး။ ၀က်ဘ်ပေ့ခ်ျတခု ဖွင့်ဖို့ ၂ မိနစ်၊ ၃ မိနစ်လောက် အချိန်ကြာသလို၊ ဖွင့်နေရင်း ဟန်း ဟန်း သွားတတ်ပါသေးတယ်။ ကွန်ပြူတာက အသစ်ပါ။ အင်တာနက်သုံးမှ ၀က်ဘ်ပေ့ခ်ျတွေ ဟန်းသွားတာပဲ ရှိတယ်။ တခြားဟာသုံးရင် စက်က အရမ်းမြန်ပါတယ်။ Microsoft Words တို့၊ ဘာတို့ သုံးရင်ပေါ့။ ပြောရရင်တော့ အင်တာနက် သုံးရတာ မြန်မာပြည်က အင်တာနက်ကဖေးဆိုင်တွေမှာ သုံးရတဲ့ အတိုင်းပါပဲ။ အဲဒီထက်တောင် နှေးဦးမလားမသိ။ လူကလည်း စိတ်မရှည်တတ်တတ်နဲ့တော့ ဟုတ်နေပါပြီ။ ဒါမဲ့ ရွေးစရာမရှိတော့လည်း ဒါလေးကိုပဲ သည်းခံနေရတော့တယ်။

လှည်းလေးပေါ်က ဘယ်သူလဲလို့ ပဟေဠိ လုပ်ရင် ဖြေနိုင်မလား။ :)

ပြီးတော့ ဇော်ဂျီဖောင့်တွေ ဘာတွေလည်း အင်စတောလုပ်ခွင့် မပေးပါဘူး။ administrator ဆိုတာကြီးက ကန့်လန့်၊ ကန့်လန့်နဲ့။:( ဂျီတော့ခ်တော့ အေးဆေး အင်စတော လုပ်နိုင်ပြီး ကောင်းကောင်း chat လို့ရလို့ တော်သေးတယ် ပြောရမယ်။ ဇော်ဂျီဖောင့် အင်စတောထားတဲ့အတွက် ဘလော့ဂ်နဲ့ အီးမေးလ်က မြန်မာစာတွေ ဖတ်လို့ရပေမယ့် ဂျီတော့ခ်မှာတော့ မြန်မာလို ရေးမရ၊ ဖတ်မရပါဘူး။ ဆိုတော့ကာ ဂျီတော့ခ်မှာ သူများ မြန်မာလို ပြောတာတွေ၊ ရေးထားတာတွေ အတုံး၊ အတုံးလေးတွေပဲ ကျွန်မ မြင်ရပါတယ်။ မြန်မာလို မြင်ချင်ရင် ကျွန်မရဲ့ ဘလော့ဂ်က Zawgyi Converter (မြန်မာစာလုံးပြောင်းယူရန်) ဆိုတဲ့ box လေးမှာ ကော်ပီ၊ ပေ့စ်လုပ်ပြီး သွားကြည့်ရပါတယ်။ အဲဒီလို ခက်ခက်ခဲခဲ၊ ကြိုးစားပမ်းစား chat ပြီးသကာလ တပတ်လောက် အကြာမှာ ဘလော့ဂ်မှာ ဘယ်လို စာရေးရမလဲ ကျွန်မ စမ်းသပ်လို့ရပါပြီ။ ဘယ်လိုလဲဆိုတော့ Microsoft Word မှာ win-Innwa နဲ့ မြန်မာလို ရေး၊ ပြီးရင် ကိုမောင်လှရဲ့ "၀င်းမှ ဇော်ဂျီ converter" မှာ သွားပြီး convert လုပ်လိုက်ရင် ဇော်ဂျီဖောင့်နဲ့ မြန်မာလိုတွေ ပေါ်လာရော။ ဒီနေ့ပဲ အဲဒီလိုရေးလို့ ရတာကို သတိရပြီး စမ်းသပ်ကြည့်တာ စီဘောက်မှာလည်း သူများတွေ လာအော်တာကို ပြန်နှုတ်ဆက်နိုင်၊ ကွန်မန့်မှာလည်း ပြန်ရေးနိုင်နဲ့ တော်တော်ကို ဟုတ်နေတာပဲ။ နည်းနည်းတော့ လက်ဝင်တာပေါ့လေ။ ၀င်းစာလုံးနဲ့ ရေးလိုက်၊ ဇော်ဂျီပြန်ပြောင်းလိုက်၊ ကော်ပီ၊ ပေ့စ် လုပ်လိုက်နဲ့။ ကြားထဲမှာ အင်္ဂလိပ်လိုတွေ ပါရင် ပိုဆိုးသေး။ နောက်ရက်တွေ အဲလိုနည်းနဲ့ ကြိုးစားပမ်းစား ရေးကြည့်ပါဦးမယ်။ ကျွန်မ ဘယ်လောက် စိတ်ရှည်နိုင်မလဲ ကြည့်ရသေးတာပေါ့။ :P


ရွှင်လန်း ချမ်းမြေ့ကြပါစေ။
s0wha1

Print this post

8 comments:

လူလ said...

မင်္ဂလာပါ မsowha1

ဓါတ်ပုံထဲ လှည်းပေါ်ကဆို ဘယ်သူရှိမတုန်း
ရွာက စာဥ ဖြစ်မှာပေါ့း)

s0wha1 said...

ဘယ်ကသာ... အန်တီစုဗျ။

ခင်မင်းဇော် said...

အင်းလေ အန်တီကလဲဖြေမလို့ဝင်တာ သမီးက ဘာလို့စောစော ဖြေထားတာတုန်း။

s0wha1 said...

ဟီဟီ... စိတ်မရှည်တော့လို့။ ပြန်ဖျက်ပေးရမလား အန်တီ။:P

မေငြိမ်း said...

အေးလေ.. ချီးဗူး.. ဖြေမလို့ဟာ.. မေးထားပီး ချက်ချင်းအဖြေပေးစရာလားအေ့..။ ပြောချင်ဘူး။

s0wha1 said...

စိတ်မရှည်လို့ အန်တီရဲ့။ ပြီးတော့ ဘယ်သူမှလည်း လာမဖြေဘူးထင်လို့။ ဟီဟီ။

ပီကေ said...

စိတ်မရှည်ဘူးသာ ဆိုတယ် ကော်ပီလုပ်လိုက် ပေ့စ် လုပ်လိုက်နဲ့ အတော်တော့ စိတ်ရှည်သား။ လေးစားပါ၏။ ကျနော်သာ အဲဒီလို အခြေအနေဆို ဘလော့ကို ပစ်ထားမိမှာ အမှန်ပဲ။ အိမ်သာတက်ရင်တောင် တစ်မိနစ်နဲ့ မထွက်ရင် ထ ပြန်တာ။ ;P လူကြီးတွေကိုတော့ အားနာပါတယ်။ ပြောမိသွားပြီ။

s0wha1 said...

ကိုပီကေ... ခုဆို စိတ်မရှည်လို့ ပို့စ်အသစ်တောင် မတက်ဘူး မဟုတ်လား။ ဟီးးး

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*