Friday, November 7, 2008

လပြည့် အလွမ်း



မူရင်းကဗျာရေးသူ ဘယ်သူမှန်း ကျွန်မ မသိတဲ့၊


သနပ်ခါး ဖွေးဖွေး
သူ့ပါးလေးကို
မွှေးမွှေးလေးပဲ ပေးချင်တယ်။
ဆိုတဲ့ အဲဒီကဗျာကို တွေ့ပြီး ရေးမိတာလေးပါ။ ကာရန်ကို ကော်ပီကူးတယ်လို့ ပြောရမယ်ထင်တယ်။ လွန်ခဲ့တဲ့ ၈ နှစ်၊ အသက် ၁၉နှစ် အရွယ်က ဆိုတော့ ကြာခဲ့ပါပြီ။


လ၀န်း ဖွေးဖွေး
ညအေးအေးမှာ
မင်းကို လွမ်းဆွတ်နေမယ်ကွယ်။

s0wha1
(27.09.2000)


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံနှင့် ကိုမောင်ထွဋ် ပို့ပေးထားသော ပန်းချီကားဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

8 comments:

လူလ said...

မင်္ဂလာပါ

ကွန်မင်းပေးတဲ့လူလဲ မရှိတော့၊ ရှိအောင် ကွန်မင်းပေးခဲ့တာပါ။ ဘာရယ်မှ မဟုတ်ပါဘူးး)

ကဗျာကို မျှဝေခံစားပေးထဲ သဘောပါ

စကားမစပ် လူလှ မဟုတ်၊ မလှချင်ပါ။ လ လို အေးအေးဆေးဆေး သဘောပါပဲ ဟ ဟ။

အပျော်ပါ..

ရွှင်လန်းချမ်းမြေ့ပါစေ...

s0wha1 said...

ဟီဟီ... ကိုလူလ ကျေးဇူး။ ဘယ်လိုကြောင့်လဲတော့ မသိဘူး။ ပို့စ်တွေရဲ့ ကွန်မန့်တွေကို ကျွန်မ ဂျီမေးလ်ကို လှမ်းလှမ်းပို့ကြတာများတယ်။ ပြီးတော့ ဂျီတော့ခ်မှာ လှမ်းပြောကြတယ်။ အဲဒါတွေကို ပို့စ်အောက်မှာ ကော်ပီပြန်ကူးထည့်ရမလို ဖြစ်နေပြီ။ ဟိ

နာမည်မှားခေါ်နေတာ စောစောက ပြောရောပေါ့ရှင်။ ကျွန်မက -ှ ပြုတ်ကျန်ခဲ့တယ် ထင်လို့ တလှထဲ လှနေတာ...:P

လူလ said...

သြသြော်

ဒီလောက် စာရေးနေတာ ( -ှ ) က ပြုတ်ကျန်ရစ်စရာလား
ဖတ်ဖူးပါတယ်။ အမေကိုတောင် ပြန်ခံပြောတတ်တယ်ဆိုတော့ ဟ ဟ

s0wha1 said...

ဘာလဲ အမေကို ပြန်ခံပြောတာ။ နားမလည်ပေါင်

လူလ said...

အော်
အမရဲ့ ပို့စ်အဟောင်းတွေကို ဖတ်မိတယ်လေ။
အမရဲ့  အမေက အိမ်မှာဆို ဗိုလ်ဖြစ်ကြောင်း
အမတယောက်ပဲ ပြန်လှည် ချေပတဲ့အကြောင်းကို ဖတ်ရလို့ ပြောတာပါ။
နောက်ပြီး အင်္ဂလိပ် ရုပ်ရှင်ကို အမရဲ့ အမေနဲ့ အတူတူကြည့်ရင် ဘာသာပြန်ပေးရတယ်ဆိုတဲ့အကြောင်း။ အမေရဲ့ အမေ သမက်က စိတ်ရှည်ကြောင်း

s0wha1 said...

အဲ... ကိုလူလရေ တခုခုတော့ လွဲနေပြီ ထင်တယ်နော်။ ကျွန်မ တစ်ယောက်ထဲ ပြန်ချေပတယ်လို့ ရေးမိလို့လား။ တကယ်က အိမ်မှာ အကုန်လုံးက ဗိုလ်တွေကြီးပဲ။ တပ်သား ၄၀၊ ဗိုလ် ၆၀၊ ကျန်တာ တပ်ရင်းမှူးဆိုတာ ကျွန်မတို့ အိမ်သားတွေကို ပြောတာဖြစ်ပုံရတယ်။=))

လူလ said...

အင်း.. လွဲတယ်ဆိုလဲ လွဲတာ မှတ်လိုက်ပါ။း)

ဒါနဲ့ စာ အသစ် မတင်တော့ဘူးလား။ အလုပ်များနေတယ် ထင်တယ်။

s0wha1 said...

ဟုတ်။ မတင်ဖြစ်ဘူး။ ပျင်းတာလည်း ပါတယ်။:P အလုပ်မှာ ရေးချင်တိုင်း ရေးမရအောင် ကွန်နက်ရှင် မကောင်းတာကြောင့်လည်း ပါတယ်။:D

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*