Saturday, September 20, 2008

Prison Break



ဟိုတခေါက် အမေရန်ကုန်က ပြန်လာတော့ စာအုပ်တွေအများကြီး ၀ယ်ပြီး သယ်လာပေမဲ့ လေဆိပ်မှာ အိတ်ချင်းမှားလာလို့ အမေ့မှာ ၀မ်းနည်းပက်လက်ဖြစ်ရတယ်။ ဒီတခါလည်း အမေ စာအုပ်မျိုးစုံကို ဆာလာအိတ်ကြီးနဲ့ သယ်လာပြန်တယ်။ အဲဒီတော့ စာအုပ်တွေကလည်း ဖတ်ဖို့ အများကြီး ဖြစ်နေရော။ ဟိုစာအုပ်လည်း ဖတ်ချင်၊ ဒီစာအုပ်လည်း ဖတ်မပြီးနဲ့ တစ်ယောက်ထဲ ဗျာများနေလို့ ခုတလော ဘလော့ဂ်မှာ စာရေးဖြစ်မယ် မထင်ဘူး။ :D

ပြီးတော့ ဒီရက်ပိုင်း Prison Break series DVD ကို နေ့မအိပ်၊ ညမအိပ် ကြည့်နေတာနဲ့ ဘာမှလည်း မလုပ်ဖြစ်ဘူး။ Prison Break season 1, 2, 3 ရော ခုလက်ရှိ ယူအက်စ်မှာ ပြလက်စ season4 ရောကို ဒီဆိုဒ်မှာ သွားကြည့်လို့ရပါတယ်။ ဂူဂယ်ကနေ ရှာထားတာ။:P ကျွန်မကတော့ တော်တော်ကြိုက်တယ်။ တီဗွီမှာ ပြတုန်းက မကြည့်ဖြစ်တာကို နောင်တ ရလို့ မဆုံးဘူး။ အိပ်ရေးမ၀ရင် ခေါင်းကိုက်တတ်လို့ အိပ်ရေးပျက်မခံတဲ့ ကျွန်မအဖေတောင် မအိပ်ဘဲ ညလုံးပေါက်ကြည့်တဲ့ကားဆိုတော့ rolleyes...။ လောလောဆယ် Prison Break က သရုပ်ဆောင်တွေ ဓာတ်ပုံပဲ ကြည့်ကြပါဦး။ :)





















ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံများကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

10 comments:

Steve Evergreen said...

ဒီတခါလည်း အမေ စာအုပ်မျိုးစုံကို ဆာလာအိတ်ကြီးနဲ့ သယ်လာပြန်တယ်။ အဲဒီတော့ စာအုပ်တွေကလည်း ဖတ်ဖို့ အများကြီး ဖြစ်နေရော။ ဟိုစာအုပ်လည်း ဖတ်ချင်၊....

wondering in your place, books shortage much more than Burma? and your mum helped you out to read books. but I don't think you are in Siberia. Amazing mother's love :)

s0wha1 said...

အမေက စာအရမ်း ဖတ်လွန်းလို့ပါ။ ဖတ်စရာ စာအုပ်မရှိရင် သူက နေလို့ မရဘူး။ city hall မှာ သွားပြေးဝယ်တတ်ပါတယ်။ ဒါပေမဲ့ ဒီမှာကလည်း ဈေးကြီးတယ်လေ။ အဲဒီတော့ ရန်ကုန်ပြန်ရင် သယ်သယ်လာတာပဲ။ ကျွန်မတို့အိမ်မှာ စာအုပ်တွေကို ဘီရိုတွေ၊ ခြင်းတွေနဲ့ အပြည့်ထည့်ထားရတတ်တယ်။:D

Thet Oo said...

စာတွေအရမ်းဖတ်တဲ့ အမေကရော ဘလော့ဂ်မရေးဘူးလား။ Prison Break ကို ဘာကြောင့်ကြိုက်တာလဲ ဆိုတာလေးပါ ထည့်ရေးပြစေချင်တယ်။ ကောင်းတယ်ဆို ဒီကလည်း အားပေးချင်လို့...

lonetone said...

prinson break က ကျွန်တော့်ရဲ့ one of my favourites ပါပဲ။ ကျွန်တော်လည်း တစ်ခါတစ်ခါကြည့်ရင် ခေါင်းမူးအောင်ကို အစအဆုံးကြည့်ဖြစ်တယ်။ season မှာက နည်းနည်းပျင်းစရာကောင်းသွားပြီး၊ season 3 မှာ ပြန်ကောင်းလာတယ်။ သူငယ်ချင်းများကိုလည်း ကြည့်ဖို့တိုက်တွန်းပါတယ်။ ဘာကြောင့်ကြိုက်လဲဆိုတာ ကိုယ်တိုင်ကြည့် ကြည့်ရင်သဘောပေါက်မှာပါ။

ူlonetone (lonetone08@gmail.com)

lonetone said...

season 2 ရေးတာ 2 ကျန်ခဲ့လို့ပါ။ ဟဲဟဲ။
lonetone

s0wha1 said...

ကိုသက်ဦး... အဲဒီကားက ထောင်ဖောက်ပြေးတဲ့အကြောင်းလေ။ ကိုlonetone ပြောသလိုပဲ ကြည့်ကြည့်ပါ။ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ အသက်ရဲရဲမရှူနိုင်လောက်အောင်ပါပဲ။

ဟုတ်ကဲ့။ ကိုlonetone, season 3 ကို DVD ရမှပဲ အေးဆေးကြည့်တော့မယ်ဆိုပြိး အကုန်တောင် မကြည့်ရသေးဘူး။

Thet Oo said...

ကြည့်နေပြီ။ ကြည့်နေပြီ။ မနေ့ညက Season 1 အပိုင်း (၅) ကိုကြည့်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ကြည့်လို့ကောင်းတယ်။

s0wha1 said...

ဟုတ်ကဲ့ ကိုသက်ဦး။ ဆက်ကြည့်။ သဘောကျသွားမယ်။ ;)

Anonymous said...

မင်္ဂလာပါ မ sowha1

ဒီကားကို ကျွန်နော် ကြိုက်တယ်။ ဒီမှာက မနက် ၃း၀၀ နာရီ ပတ်ဝန်းကျင်မှာ လာတယ်။ အခန်းဆက် ပေါ့။ အိပ်ပျက်ခံပြီး ကြည့်နေတယ်။ အခုလို လခ့်ပေးတဲ့အတွက် ကျေးဇူး။
ရွှင်လန်းချမ်းမြေ့ပါစေ...

s0wha1 said...

ကိုလူလှ... season 3 ထိကြည့်ပြီးသွားပြီ။ ဟိုနေ့ကမှ ခွေဝယ်ကြည့်တာ။ ၄ တော့ မကြည့်ရသေး။

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*