Saturday, September 6, 2008

ငါ့ Blog လေး သွားရှာပြီ။ အိ... အိ... :((



မနေ့ညက ကျွန်မဘလော့ဂ်ကို အကလိလွန်သွားတာ ဒီမနက် ကြည့်မိတော့ ငိုချင်းရှည်ချမိတယ်။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိဘူး။ ဘလော့ဂ်ကို မထိမကိုင်တာ ကြာပြီဖြစ်လို့ ဘလော့ဂ်ဒီဇိုင်းကိုလည်း မပြောင်းမိ။ တခုခုကို စွဲစွဲမြဲမြဲ ဒါဆိုဒါပဲ ဆိုတာမျိုး မရှိဘဲ ကြာလာရင် ရိုးအီလာတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ဘလော့ဂ် ကိုယ်ကြည့်ရင်း တော်တော်ပျင်းလာတာ အမှန်။ ဒါနဲ့ အပြောင်းအလဲလေး ဖြစ်လို ဖြစ်ငြား တန်းပလိတ်ပြောင်းမယ်ဆိုပြီး ဟိုစမ်း၊ ဒီစမ်း လျှောက်လုပ်ရင်းနဲ့ ခုလိုဖြစ်သွားတယ်။ အပြောင်းအလဲ အလွန်ကြိုက်တတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလို ဖြစ်နေပြီ။ ကျွန်မအကြိုက် တန်းပလိတ်လေးတွေ ဂူဂယ်မှာ လိုက်ရှာရင်း မနက် ၅ နာရီကျော်ထိ အိပ်ရေးပျက်ခံပြီး ကြိုးစားထားရတာလေး အလကား ဖြစ်သွားတယ်။

ခုချိန်ထိတော့ ဘာဆက်လုပ်ရမလဲ မသိသေးဘူး။ Backup လုပ်ထားတဲ့ ဖိုင်လေးတောင် ပြန် upload လုပ်မရအောင် Settings တွေက ပြောင်းကုန်ပြီ။ အဓိက တရားခံကတော့ Blog Skin လှလှလေး change ကြည့်မယ်ဆိုပြီး အဲဒီဆိုဒ်က ပြောတဲ့အတိုင်း Revert to Classic Template ကိုနှိပ်ပြီး copy, past တွေ လုပ်လိုက်တာ။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိဘူး။ Backup File လည်း ထည့်မရ၊ New Template လည်း ထည့်မရမှတော့ ဒီအတိုင်း ခဏငြိမ်နေလိုက်တာ ကောင်းပါတယ်လေ။
တကယ်ဆို New function ကနေ Old Template ကြီး ဖြစ်သွားမှန်း သိပေမဲ့ အဲဒီ New Function Template ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ မသိသေးတာ။ ဒါတောင် နည်းနည်းကြည့်ပျော်၊ ရှူပျော်ဖြစ်အောင်တော့ ပြန်လုပ်ထားပါတယ်။ ညနေမှ ဟိုမေး၊ ဒီမေးနဲ့ နည်းနည်း ထပ်ကလိကြည့်လိုက်ဦးမယ်နော်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

4 comments:

ကလူသစ် said...

ဝမ်းသာအားရလက်ခုပ်တီးသွားပါတယ် :)

s0wha1 said...

အဲတော့်... အဲလောက်တောင်ပဲလား။

A Linn Nyi said...

အတော် ပြောင်းကုန်ပြီ ဟုတ်ပ:( backup လုပ်ထားတယ်ဆိုရင်တော့ ပြန်ရမှာပါ။ မရလဲ ဘာဖြစ်လဲ လုံးဝ design အသစ်ပေါ့ ဟုတ်ဖူးလား :)

s0wha1 said...

အခုဟာက backup လုပ်ထားတာကို ပြန်ထည့်ထားတာ... :((

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*