Saturday, August 30, 2008

Singapore Flyer စီးတုန်းက



ဘာရယ်မဟုတ်၊ ဒီက Flyer စီးတုန်းက ပုံလေးတွေ တင်ချင်လို့။ ကြာတော့ ကြာပါပြီ။ ဇူလိုင်လဆန်းလောက်တုန်းက ပုံတွေ။ မှတ်မိသေးတယ် အဲဒါ စီးတုန်းက ညီအမတတွေ ထိုင်ခုံမှာ အလုအယက် ၀င်ထိုင်ကြပြီး တကယ့်တကယ်ကျ ထိုင်ချိန်တောင် မရဘဲ ဟိုဘက်ပြေး ဓာတ်ပုံရိုက်လိုက်၊ ဒီဘက်သွား ဓာတ်ပုံရိုက်လိုက်နဲ့ တစ်ယောက် ၃၀ ပေးစီးရ တန်အောင်ဆိုပြီး သူများ မျက်စိနောက်မတတ် ဓာတ်ပုံရိုက်ခဲ့ကြတာလေ။:P














အဲဒီနေ့က ဩဂုတ် ၉ ရက်နေ့မှာ ကျရောက်မယ့် စင်္ကာပူ အမျိုးသားနေ့အတွက် ၀တ်စုံပြည့် လေ့ကျင့်နေတဲ့ နေ့ဆိုတော့ ပိုစည်ကားနေတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

5 comments:

Steve Evergreen said...

stuffed with too many high rises, isn't it?

s0wha1 said...

မြင့်တော့ မြင့်တယ် ဒါမဲ့ ကြောက်ဖို့တော့ မကောင်းပါဘူး။ ဖြည်းဖြည်းချင်း အပေါ်ကို တက်သွားတာ မြင့်လို့ မြင့်သွားမှန်း မသိရဘူး။း)

Anonymous said...

အစ်မရေ စီဘောက်လဲ မတွေ့ပါလား။ တင်ပါခင်ဗျ ဒါမှ အမှတ်တရ စကားလေးဘာလေး ရေးလို့ရတာပေါ့။ ဆရာ လုပ်တာတော့ မဟုတ်ပါဘူးခင်ဗျာ အကြံပေးကြည့်တာပါ။ တင်တာမတင်တာ အစ်မ သဘောပါခင်ဗျာ။

s0wha1 said...

ကိုမြန်မာ့ဘ၀ရေ... စီဘောက် ရှိပါတယ်... ၀ှက်ထားတာ... ခဏခဏ ရန်ဖြစ်ရလို့... :D

Zawgyi Converter (မြန်မာစာလုံးပြောင်းယူရန်)ရဲ့ အပေါ်၊ မှန်တယ်ဟုတ်...သိနေတယ်နော်...;)) ရဲ့ အောက်ဘက်၊ ပျော်ပျော်ပါးပါး နှုတ်ဆက်လိုက်ကြရအောင်

* -_^ ဆိုတဲ့ နေရာမှာ ကျွန်မ စီဘောက်လေး ရှိပါတယ်။။။ :P

Anonymous said...

အော်ဒီလိုပါပဲဗျာ လူမဟုတ်တဲ့လူတွေ လာလာလက်ဆော့ကြတာပါပဲ။
မောင်နဲ့နှမ သားနဲ့အမိ မကြားဝံ့မနာသာတွေ ရေးကြတာ သောက်မှန်းကန်းမှန်းမသိတဲ့ လူတွေပေါ့ဗျာ။ လူအများသုံးနေတဲ့ စီဘောက်မှာ သူတို့မို့ အရှက်မရှိရေးရဲပါ့။
အဲဒါတွေကိုဘမ်းလို့ ရတယ် လို့ကြားဖူးတယ် ဘယ်လိုဘမ်းလဲတော့ ကျွန်တော်လဲ မသိဘူးစုံစမ်းကြည့်ပေါ့ ကျွန်တော်လဲ အဲဒါလုပ်ဖို့အတွက် လိုက်ရှာရမယ်။ အမအရင်သိလဲ ပြော ကျွန်တော်အရင်သိလဲ ပြောမယ်။ ပြန်တော့တင်ထားပါလား စီဘောက်ကို ဒါမှသိမှာပေါ့ ဟုတ်ဘူးလား။ လာရန်စတဲ့လူတွေနဲ့ ဖက်ဖြစ်မနေနဲ့ ဟိုစကားလိုပေါ့ ခွေးနဲ့ဖက်ကိုက်မနေနဲ့ ကိုယ်ပဲ ခွေးဖြစ်မှာ။ ခွေးဟောင်တိုင်းလဲ ထမကြည့်နဲ့ ခွေးဆိုတာ မဲမဲမြင်ဟောင်တတ်တာ အကျင့်ဗျ သူတို့က လူကောင်းလား လူဆိုးလား သိတာမဟုတ်ဘူး
သူတို့သိတာ ဟောင်မယ် ကိုက်မယ် သခင်က ရှုးတိုက်ပေးရင် ပိုဆိုးတယ်။ ဒီတော့ ဂရုစိုက်မနေပါနဲ့ သူတို့ကြောင့် တခြားလူတွေရဲ့ အမှတ်တရရေးတဲ့စာတွေ မရပဲနေဦးမယ် ဥပမာ ကျွန်တော်လိုပေါ့ မျက်စေ့ကလဲ အနီးကန်း အဝေး မရ တဲ့လူက စာရေးခဲ့ချင်တာ မရေးခဲ့ရဘူး။ ရေးရင်း..ရေးရင်း ကိုယ်ကန်းတာပါလူသိသွားပြီ။ အမ သဘောပါဗျာ

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*