Friday, July 11, 2008

NYP Concert (20.07.08)



Nanyang Poly ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကပွဲ (သင်္ကြန်ပွဲတော်လို့ ဆိုရမလား၊ Myanmar Cultural Show လို့ပဲ ပြောရမလား) ကို လာမယ့် ဇူလိုင် 20 ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Poly ကျောင်း ၅ ကျောင်းထဲမှာ ဒီနှစ် နန်ယန်းသင်္ကြန်ကတော့ နောက်အကျဆုံး ကျင်းပတာ ထင်ပါတယ်။ ဒီပွဲကို နှစ်လကျော်ကြာ ကြိုးစား ပမ်းစားနဲ့ သေချာပြင်ဆင် ထားတယ်လို့ သိရပါတယ်။ NYP မှာ မြန်မာပွဲများကို ကျင်းပခွင့်မရခဲ့တာ အတော်ကြာပါပြီ။ ခုလည်း RP မှာ ကျင်းပမှာ ဖြစ်ပါတယ်။

***


  • မြန်မာမှု၊ မြန်မာ့ အလှ၊ မြန်မာ့ ယဉ်ကျေးမှု အနုပညာကို ပိုမို အသက်ဝင်စေမည့် NYP ကျောင်းသား၊ ကျောင်းသူလေးများ၏ ရိုးရာနှင့် တိုင်းရင်းသား အကပဒေသာများ...
  • ရသစုံလင် ပြည့်နှက်စွာ၊ ဟာသများဖြင့် ဖြည့်စွက်ထားသော အငြိမ့်နှင့် ပြဇာတ်...
  • ယခင်နှစ်များနှင့် မတူ၊ တမူကွဲ ဆန်းပြားမည့် NYP Radio ကဏ္ဍ...
  • စူးရှ၊ မြူးကြွဖွယ် Beats များနှင့် ခုံမင်ဖွယ် Instrumental taste များ ပါဝင်သော Concert အစီအစဉ်...
  • မြန်မာ့သဏ္ဌာန်ကို ထင်ဟပ်ဖော်ကြူးသော Model Show နှင့်အတူ အခြားသော ရိုးရာနှင့်အညီ၊ မူဟန်မပျက် တင်ဆက်ထားသော program များ...
  • အမှတ်တရ မေတ္တာလက်ဆောင်များ ပြန်လည် ပေးသွားမည့် အစီအစဉ်...
  • တစ်နှစ်ထက် တစ်နှစ် ပိုမို ထူးခြားသော အစီအစဉ်သစ်များ...
နေ့ရက် - ၂၀၊ ဇူလိုင်၊ ၂၀၀၈

နေရာ - The Republic Culture Center
(Republic Polytechnic, Near Woodlands MRT)

အချိန် - နေ့လယ် ၁း၃၀ မှ ၇း၃၀ အထိ

ဝင်ကြေး - စင်္ကာပူ ဒေါ်လာ ၁၂ ကျပ် ၊ ၁၅ ကျပ်

လက်မှတ် ၀ယ်ယူလိုလျှင် - ၉၀၀၃ ၇၈၀၄၉၁၈၅ ၅၄၃၁

***

နန်ယန်းကျောင်းတော်သူ၊ ကျောင်တော်သား မောင်လေး၊ ညီမလေးများရဲ့ ကပွဲကို လာရောက် အားပေးနိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ကျေးဇူးတင်ရှိပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

1 comments:

s0wha1 said...

14 Jul 08, 00:47
thiri: ma ma.. thks for the advertisement for our nyp culture show. and wish to c u also. we are tryna to do our best. thks neway. =)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*