Sunday, July 13, 2008

ကြီးမိုက်=ကြိုက်မီး



ကြီးမိုက်နဲ့ ကြိုက်မီးဟာ ကျောချင်းကပ်တွေ ဖြစ်နေသတဲ့။
တခါတလေ မီးကိုကြိုက်တဲ့ လူတစ်ယောက်အနေနဲ့ ကြီးမိုက် ဖြစ်ချင်လည်း ဖြစ်သွားတတ်တယ်။
ထိုအခါ ကြိုက်မီးသည် ကြီးမိုက် ဖြစ်လေသည်။

ကြီးမိုက်ဆိုတာ ကြိုက်မီးကြောင့် ဆိုရင် ကြိုက်မီးဆိုတာကရော ဘယ်သူကြောင့်လဲ။

သေချာတာက မီးဆိုတာ ပူလောင်တတ်ခြင်းတမျိုးပင်။
အခန့်မသင့်လျှင် လောင်ကျွမ်းနိုင်၏။
အနွေးဓာတ် လိုအပ်ချိန်မှာတော့ မီးရဲ့ အပူက အသုံးဝင်မည်။
ဒီတော့ မီး ဆိုတာကလည်း မရှိမဖြစ်။
သုံးတတ်လျှင် အလွန် တန်ဖိုးရှိလျက် မသုံးတတ်က ဘ၀ပါ ပျက်မှာ။

မိုက်တယ်ဆိုသော စကားဟာ မြန်မာစာမှာ ကောင်းသောအဓိပ္ပါယ် မသက်ရောက်။
ထို့အပြင် ကြီးမှ မိုက်သည်ဆိုတာက ပိုလို့ဆိုးရွားလေသည်။

သို့သော် ကြီးမိုက်နှင့် ကြိုက်မီးသည် ထပ်တူညီသော အဖြေသာ ဖြစ်သောအခါ...
မီးကို ကြိုက်သော ကြီးမိုက်အဖြစ် ကိုယ့်သမိုင်း၌ တွင်ရစ်မည်...။


s0wha1
(၂၀၀၈၊ တခုသော ညနေ)

Print this post

2 comments:

s0wha1 said...

13 Jul 08, 14:06
MNL: ခံစားချက်တွေပြင်းထန်နေပါလား.. တစ်ခါတစ်လေမှာ တစ်ခုလိုချင်လို့ တစ်ခုပေးလိုက်ရတာပါ

Tin said...

not really ,

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*