Saturday, April 5, 2008

s0wha1 တနေ့တာ



ဒီနေ့ စနေနေ့... အရမ်းပျင်းနေတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ ဘယ်လိုနေလို့ နေရမှန်းလည်း မသိ၊ ရာသီဥတုကလည်း အရမ်းပူဆိုတော့ အိပ်ရာထဲမှာလည်း အကြာကြီး မနေနိုင်။ ပျင်းပျင်းရှိတာနဲ့ စာ ထရေးတာ။
ဒီရက်ပိုင်းမှာ အလုပ် သိပ်မများတဲ့အတွက် စနေနေ့ အချိန်ပို ဆင်းစရာမလိုတော့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အိမ်မှာ ရှိနေတတ်တယ်။ စနေနေ့ အချိန်ပို ဆင်းစရာရှိတဲ့နေ့ဆို အိပ်ရေးဝအောင် အိပ်ပြီး ကိုယ်နိုးတဲ့အချိန်မှ အိပ်ယာကထ၊ ရေချိုးပြီး အလုပ်သွားတယ်။ ပြီးရင်တော့ ညနေ စောစော ပြန်လာတာပေါ့။

လူ့အကျင့်ဆိုတာကလည်း တော်တော်ကို မကောင်းတာ။ ခုလို အလုပ်မသွားရတဲ့နေ့တွေဆို ဘယ်လိုမှ အိပ်ချင်စိတ်မရှိ၊ ဘယ်လောက် အိပ်ဖို့ ကြိုးစား၊ ကြိုးစား အိပ်လို့ကို မရဘူး။ အဲ တနင်္လာ ကနေ သောကြာနေ့လိုမျိုးဆို အလုပ်ထဲမှာ ဘယ်လို ဘယ်လို အိပ်ချင်နေမှန်း မသိဘူး။ နည်းနည်းလေး အားတာနဲ့ အိပ်တော့တာပဲ။ ဘာလို့ အဲလောက်တောင် အိပ်ချင်နေမှန်းလည်း မပြောတတ်ဘူး။ ဒီတော့ လူက အလုပ်မှာ ဘယ်တော့မှ လန်းလန်းဆန်းဆန်း မရှိဘူး။ ပြီးရင် ညနေစောင်းတာနဲ့ အိမ်ပဲ ပြန်ရောက်ချင်နေတယ်။ အိမ်ကိုပဲ အသည်းအသန် ပြန်ဖို့ ကြိုးစားတော့တယ်။ အိမ်ပြန်ရောက်တော့လည်း ဘာမှ လုပ်စရာ မရှိပါဘူး။

ခုလို ရက်ကျပြန်တော့ အိမ်မှာ နေရတာ ပျင်းနေပြန်တယ်။ အပြင်လည်း မထွက်ချင်ဘူး။ အပြင်သွားရင် အလုပ်ကို သွားရတာ နှစ်ဆနဲ့ ညီမျှသလိုပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အဲဒါကြောင့် တော်ရုံတန်ရုံ အပြင် မသွားတာ။ အိမ်ထဲမှာ နေရတာ ကြာတော့လည်း ဟိုတွေး၊ ဒီတွေးနဲ့ ငြီးငွေ့ပြီး ဘာလုပ်ချင်ပြီး ဘာဖြစ်ချင်နေမှန်းမသိ။ စိတ်ဆိုး၊ စိတ်တိုစရာ ရှိတဲ့နေ့တွေလိုမျိုးဆို ပိုဆိုး။ နောက်ဆုံးတော့လည်း ပျင်းတယ်လို့ပဲ ထိုင်အော်နေရမလို ဖြစ်နေပြီ။

ပျင်းလိုက်တာ...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

2 comments:

Unknown said...

i think u've written about me. :P
thanks for the nice posts. i am ur fun, miss.

s0wha1 said...

ကိုဇေယျာ... စလုံးမှာ နေတဲ့လူ တော်တော်များများ ဒီအတိုင်းပဲ ထင်ပါရြ့ နော်။။ တနေ့တနေ့ ပျင်းရမှာတောင် ပျင်းနေတယ်... :)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*