Sunday, January 13, 2008

တရားခံ



နေရာတကျ ဖြစ်လာတော့မယ့်
အနာဂတ်ကို မျှော်ရင်း
နေသားမကျသေးတဲ့ ဘ၀မှာ
အထာကျအောင် နေနေရတာ
ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ။

အစီအစဉ်တကျ မဖြစ်တဲ့
ကိုယ့်ဘ၀ကို အပြစ်ပြောရမလား
အပြောင်းအလဲ မြန်တတ်တဲ့
လောကကြီးကို အပြစ်မြင်ရမလား
အသုံးမကျတဲ့
ကိုယ့်ကိုယ်ကိုပဲ အပြစ်ဆိုရမလား။ ။


*** *** ***

ဒီရက်ပိုင်း စာရေးရမှာ ပျင်းတာနဲ့ အရင်တုန်းက ရေးထားတဲ့ ကဗျာလေးတွေ ပြန်ရှာဖွေပြီး တင်လိုက်ပါတယ်။


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*