Monday, December 31, 2007

What is ur New Year Resolution



အားလုံးအတွက်
ပျော်ရွှင်စရာ မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ...



ဥရောပတိုက်သားအများစုက "မင်းရဲ့ နှစ်သစ်အတွက် သန္နိဋ္ဌာန်က ဘာလဲ"လို့ မေးတတ်ကြတာကို ကြုံဖူးကြမှာပါ။ ဒီနှစ်အတွက်တော့ ဘယ်သူကမှ မေးတာကို မကြုံရပေမယ့် ကိုယ့်ကိုယ်ကို ပြန်မေးပြီး ပြန်ဖြေပါမယ်။ တချို့တွေက "ဆေးလိပ်လုံးဝ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်" စသည်ဖြင့် တခုတည်းသော ဆုံးဖြတ်ချက်ကို ဖြေကြားတတ်ပါတယ်။ ကျွန်မကတော့ သုံးခုတိတိ မလုပ်ဖို့ သံန္နိဋ္ဌာန် ချထားပါတယ်။ ပြီးရင်တော့ ကျွန်မရဲ့ မိတ်ဆွေ အချို့ကိုလည်း ရှေ့နှစ်အတွက် သံန္နိဋ္ဌာန်တွေကို စပ်စပ်စုစုနဲ့ လိုက်မေးပါဦးမယ်။

၂၀၀၈ ခုနှစ်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန်ကတော့...
၁။ မိဘတွေကို စိတ်ချမ်းသာအောင် မထားနိုင်သည့်တိုင် ကျွန်မအတွက် စိတ်မဆင်းရဲအောင်တော့ ကြိုးစားပါမယ်။
၂။ လူတွေကို အားနာတတ်ခြင်း၊ လက်မှတ်ထိုး၍ အာမခံပေးခြင်းတို့မှ ရှောင်ကြဉ်ပါမယ်။ ဖြစ်နိုင်ရင်တော့ အာမခံပေးတာတို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကူညီတာတို့ ဒီနှစ် တနှစ်ထဲ မဟုတ်ဘဲ သေသည်အထိ မလုပ်ဖို့ ကြိုးစားပါမယ်။ (အဲဒီအတွက် ကျွန်မ ဒုက္ခရောက်ပေါင်း များလှပါပြီ...)
၃။ အပျင်း သိပ်မထူဖို့ ကြိုးစားပါမယ်။ :D

၂၀၀၈ ခုနှစ်ကုန်လောက်မှာ ကျွန်မရဲ့ New Year Resolution ၃ ခုထဲက ဘယ်နှစ်ခုကို လိုက်နာနိုင်တယ်ဆိုတာ ပြန်ပြောပြမယ်နော်...;))


ဒီလူတွေရဲ့ New Year Resolution က ဘာတွေဖြစ်မလဲလို့ ကျွန်မ သိချင်မိပါတယ်...
  1. အန်တီငြိမ်း
  2. အန်တီခင်
  3. မနုစံ
  4. မလေပြေ
  5. ကဒေါင်း
  6. မောင်လေး မင်းမင်း
  7. ညီမလေး လင်းလက်


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

9 comments:

ခင်မင်းဇော် said...

သမီးရေ..
၂၀၀၈ ခုနှစ်မှာ အန်တီ အဓိဌာန်ထားတာတော့..
၁) ဒေါသ မထွက်မိအောင် ကြိုးစားမယ်။
၂) စကားသံ မာမာပြတ်ပြတ် ပြောတတ်တဲ့ အကျင့်ကို ပြင်မယ်။
၃) ရှေ့နှစ်မှာ အသုံးအစွဲ ဆင်ခြင်ပြီး ငွေကြေးကို စုဆောင်းမယ်။
ဒီလောက်ပါပဲ။ ဒါတောင် မနည်းကျင့်ရမယ်။ အဲဒီက ဒေါသထွက်တာ မြန်တယ်လေ။ စကားကိုလည်း ပျော့ပျော့ပြောင်းပြောင်း မပြောတတ်ဘူး။ ပိုက်ဆံကလည်း လက်ထဲရှိရင် သုံးချင်တယ်။
ဟားဟား

s0wha1 said...

အန်တီရေ...အန်တီ့ New Year Resolution အောင်မြင်ပါစေ...:D

Anonymous said...

မမရေ ရေးပေးမယ်နော်။ မမ အဓိဌာန် အချက်အလက်တွေအားလုံးကိုလည်း ကြိုးစားဆောင်ရွက်နိုင်ပါစေရှင် :)

Hteink Min said...

ကျွန်တော်တော့ သိပ်မထွေထူးဘူး မဆိုးရ၊ ဒီနှစ် နယူရီးယားမှ ဘီယာ မူးတဲ့ အထိ ၆ပုလင်းသောက်ဖူးတာ၊ ဒါတောင် နောက်နေ့ အဲလို ခေါင်းကိုက်တတ်တယ် မှန်း မသိလို့ သောက်မိတာ။ နောက်နေ့ မနက်ကြတော့ ခေါင်းကိုက်လိုက်တာဗျာ.. သို့နှင့် နောက်တစ်ခါ မသောက်မိဖို့ စဉ်းစားထားတာပဲ။ နယူးရီးယားရောက်မှ ထပ်သောက်တော့လည်း ဆိုးဘူးပေါ့။ ဟဲဟဲ

Hteink Min said...

၆ပုလင်းဆိုလို့ ပုလင်းအသေးလေးတွေပါ။ မူးသွားတော့လည်း ရယ်ရတယ်၊ မဆိုးတာ ရှိရင် ရယ်မှာပဲ၊ ကျွန်တော်မူးတာကို တွေ့ရင်။ အကဲဆုံးလေ ၊ မူးမှ ကဲတာ.. ဟဲဟဲ

nu-san said...

s0wha1 ရေ.. ညီမလေးရဲ့ New Year Resolution တွေ အောင်မြင်ပါစေ...

အမလည်း အကြွေးဆပ်ပြီးသွားပါပြီ။ အခုမှရေးပေးရတာ စိတ်မဆိုးနဲ့နော်... :)

s0wha1 said...

ညီမလေး လင်းလက်ရေ...ဆန္ဒပြုပေးတာ ကျေးဇူး...

s0wha1 said...

မောင်လေးမင်းမင်း...သောက်ပြီး မူးတာ မမြင်ရပေမဲ့ စိတ်ကူးနဲ့ မြင်ပြီး ရယ်လိုက်တော့မယ်။ နယူးရီးယား Resolutuon အောင်မြင်ပါစေ...

s0wha1 said...

မနုစံရေ...လာဖတ်ပြီနော်...း)

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*