Wednesday, January 2, 2008

ထိုင်းနိုင်ငံမှာ ရွှေတိဂုံဘုရား ရှိသတဲ့



ဒီနေ့ပဲ သူငယ်ချင်း တစ်ယောက်ဆီက ရရှိတဲ့ Forward Mail ကို ပြန်လည် မျှဝေလိုက်တာပါ။ ကျွန်မကတော့ ဘယ်လို မှတ်ချက်ပေးရမှန်းတောင် မသိတော့ပါဘူး။

ပုံကြီး မြင်လိုလျှင် ပုံကို Click လိုက်ပါ...


Subject: Fwd: Attention to all Myanmar Nationalities!
To:

To All Myanmar Nationalities,

Singapore နိုင်ငံထုတ် December 22, 2007(စနေနေ့) နေ့စွဲပါ The Straits Times သတင်းစာ စာမျက်နှာ C33 က ကြော်ငြာမှာ Trip To Thailand ဆိုပြီးတော့ ပြထားတဲ့ ဓာတ်ပုံ ရှုခင်းဟာ ငါတို့ မြန်မာနိုင်ငံရဲ့ The Most Famous Landmark ဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ပုံတော်ဖြစ်နေတယ်။ ဒီလို ကမ္ဘာ္ဘသိ မြန်မာ့ Landmark ကိုတောင် ခိုးယူသုံးစွဲ ခံနေရပြီ ဆိုရင်… ငါတို့ နိုင်ငံရဲ့ အခြားအမျိုးမျိုးသော သယံဇာတတွေဆို ဘာဖြစ်နေမလဲဆိုတာ တွေးတောင်မတွေးဝံ့တော့ဘူး။ ဒီကိစ္စကြီးကို ငါတို့က အရမ်းကို မခံမရပ်နိုင်ဖြစ်လွန်းလို့ အားလုံးကို မျှဝေလိုက်တာပါ။

*****

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

s0wha1

Print this post

3 comments:

Hteink Min said...

ဒီကိစ္စပြောလို့ ၊ ကျွန်တော်ပူခက်ရောက်တော့လေ ကမ္ဘာ့ လည်ပင်း အရှည်ဆုံး ဂင်းနစ်ရီကော့ ရထားတဲ့ မြန်မာလူမျိုးတွေလေ၊ ပဒေါင်လား၊ အဲဒီလူမျိုးတွေရဲ့ ပုံကို ၊ ဖူခက် ဖန်တာဆီးဆိုတဲ့ Fantasea ဆိုတဲ့ ပြဇာတ်ရုံမှာ ထိုင်းလန်းကို လာလည်ရင် ဒါမျိုး အထူးအဆန်းတွေ ရှိတယ်ပေါ့ ဆို ကြော်ငြာ သွားတယ်လေ။ ကျွန်တော် တော်တော် ဒေါ်သထွက်သွားတယ်၊ ဒေါ်သထွက်သွားတာ တော့ ဆုံးနေတာပါပဲ။ နောက်ဆုံးတော့ ဟိုလူမဆန်တဲ့ လူတွေဆီပဲ ဘူတာဆိုက်တာပါပဲ။ ထိုင်းမကို မေးလိုက်သေးတယ်၊ နင်တို့ အဲဒါ ဘယ်ကလူမျိုးဆိုတာ သိလားလို့ မေးတော့ ၊ မသိတဲ့ ပုံမို့၊ ပြောပြလိုက်ပါတယ်၊ ငါတို့နိုင်ငံက ပဒေါင် လူမျိုးတွေပါလို့ .. ဒီလိုပါပဲ ကိုယ်တွေ အသုံးမကျရင် သူများနင်းသွားတယ် ဆိုတာ၊ ဒါပါပဲ။ မပြောတော့ဘူး ပြောပြီးသွားလို့ ဟီး...

s0wha1 said...

အမက ထိုင်းနယ်စပ်ဘက်မှာလည်း ပဒေါင်လူမျိုးတွေ ရှိလို့လို့ အစက ထင်နေတာ... ဒီလိုပါပဲ...

Kyaw said...

Hi Sis,

I think it's easy to call or email the Straight Times and log a complaint about it, maybe with the picture of real Shwedagon.

If the newspaper knows the picture of Shwedagon was illegally misused in one of their issues, they will act upon it.

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*