Monday, October 15, 2007

ပြည်ပရောက် မျိုးချစ်မြန်မာများ (OBP)



ပြည်ပရောက် မျိုးချစ်မြန်မာများ (Overseas Burmese Patriots)း
ပြည်ပရောက် မျိုးချစ်မြန်မာများ ဟုခေါ်သည့် အဖွဲ့သည် လူတစု သို့မဟုတ် အဖွဲ့တဖွဲ့ကို ကိုယ်စားပြုထားသော အဖွဲ့အစည်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မျိုးချစ်စိတ် ထက်သန်သော ပြည်ပရောက် မြန်မာများအားလုံးကို ကိုယ်စားပြုထားသော အဖွဲ့အစည်းတခု၏ ၀ိသေသ နာမည်ဖြစ်ပြီး ဤနာမည်တွင် ပြည်ပရောက် မြန်မာနိုင်ငံ၏ လူတန်းစားအားလုံး၊ လူမျိုးစုအားလုံးနှင့် ဘာသာတရားအားလုံး ပါဝင်ပါသည်။


ရည်မှန်းချက်း
မြန်မာနိုင်ငံသားတိုင်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ အပြည့်အ၀ ရရှိရန် အဖက်ဖက်မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရေး

ဦးတည်ချက်း
၁။ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ပြည်ပရောက် မျိုးချစ်မြန်မာများအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ လျင်မြန်ထိရောက်သော အားပေးကူညီမှု ရရှိစေမည့် လှုပ်ရှားမှုတိုင်းကို စနစ်ကျန စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရေးနှင့် မြန်မာပြည်တွင်းရှိ နိုင်ငံသားများတွင် ဖြစ်ပေါ်နေသော စစ်မှန်သော အခက်အခဲ မှန်သမျှကို အစွမ်းကုန် ကူညီဖြေရှင်းပေးနိုင်ရေး

၂။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအားလုံး၏ မှန်ကန်သော အခက်အခဲမှန်သမျှကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်ပရောက် မျိုးချစ်မြန်မာများက ဥပဒေဘောင်အတွင်းမှ တတ်နိုင်သရွေ့ ထိရောက်စွာ ၀င်ရောက်ဖြေရှင်းပေးရေး

၃။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်ပရောက် မျိုးချစ်မြန်မာများ အချင်းချင်း အဆက်အသွယ် မပြတ်စေရေးနှင့် အခြားသော အဖွဲ့အစည်းများကိုလည်း အမြဲတမ်း ဆက်သွယ်မှုရှိလျက် မြန်မာ့အရေးကိစ္စအ၀၀ကို မှန်ကန်ထိရောက်စွာ အတူတကွ တစိတ်တ၀မ်းတည်း ညှိနှိုင်း ကူညီဖြေရှင်းပေးနိုင်ရေး

သစ္စာဓိဋ္ဌာန်း
၁။ ကျွန်ုပ်တို့သည် အမိမြန်မာနိုင်ငံ၏ အရေးသည် မိမိတို့အရေးပင်ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြမည်ဖြစ်ကြောင်း သစ္စာပြုပါသည်။

၂။ ကျွန်ုပ်တို့သည် အာဏာရှင်စနစ် ပပျောက်ရေးအတွက် အသက်စွန့်တိုက်ပွဲဝင်သွားကြသော ရဟန်းရှင်လူ ပြည်သူများ၏ ကျေးဇူးသစ္စာကို အစဉ်အမြဲ အောက်မေ့သတိရနေပါမည်ဟု သစ္စပြုပါသည်။

၃။ ကျွန်ုပ်တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အခြေခံ လူ့အခွင့်အရေးများ ရရှိရေးအတွက် စစ်မှန်သော လှုပ်ရှားမှုမှန်သမျှကို အပြည့်အ၀ ထောက်ခံလုပ်ဆောင်သွားကြမည်ဟု သစ္စာပြုပါသည်။

*****
သစ္စာပြု ကြွေးကြော်သံ

ငါတည်းတစ်ယောက် ချမ်းသာရောက်ဖို့
အခုလောက် ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါ အသက်ဆုံးစေမည်
နောက်မဆုတ်ပေါင် အခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်
တို့လည်း ကြိုးစားမည်။

***

ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်များကို အများသိစေဖို့ ကျွန်မဘလော့ဂ်ကနေ တဆင့် ထပ်မံဖြန့်ဝေလိုက်ပါတယ်။

s0wha1

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*