Wednesday, October 17, 2007

ကမ္ဘာမကြေဘူး သီချင်းစာသား



09 Oct 07 16:50 nyeenyee :ကမ္ဘာမကြေဘူး...သီချင်းစာသားအပြည်.အစုံ ကိုလိုချင်ပါတယ်

ကျွန်မဘလော့ဂ်မှာ ကမ္ဘာမကြေဘူးသီချင်းကို ဒုတိယအကြိမ် ပြန်တင်တဲ့ချိန်မှာ ညီးညီးက cboxကနေ သီချင်းစာသားကို တောင်းဆိုပါတယ်။ ကျွန်မလည်း စာသား တင်မယ်၊ တင်မယ်နဲ့ သီချင်းကို သေချာလိုက်နားထောင်ပြီး ချရေးလိုက်၊ စာရွက်ပျောက်သွားလိုက်နဲ့ မတင်ဖြစ်ပါဘူး။ ခု OBP အဖွဲ့က ဝေမျှတဲ့ လက်ကမ်းစာရွက်တွေထဲမှာ ကမ္ဘာမကြေဘူး သီချင်းစာသား ပါလာတာနဲ့ တခါထဲ ကူးချလိုက်ပါတယ်။

ကမ္ဘာမကြေဘူး

ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းသွေး
တော်လှန်ရေး...ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်...သူရဲကောင်းတို့ရေ...အာဇာနည်တွေ နေတဲ့ တိုင်းပြည်

ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းသွေး
တော်လှန်ရေး...ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်...သူရဲကောင်းတို့ရေ...အာဇာနည်တွေ နေတဲ့ တိုင်းပြည်
ရဲရဲတောက် တို့ပြည်သူတွေ...

ကိုယ်တော်မှိုင်း...ရာဇ၀င်တွေလည်း ရိုင်းခဲ့ကြပြီ အဖိုးရေ
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
ဩော်...လုပ်ရက်ကြပေ...ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ

ကိုယ်တော်မှိုင်း...ရာဇ၀င်တွေလည်း ရိုင်းခဲ့ကြပြီ အဖိုးရေ
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
ဩော်...လုပ်ရက်ကြပေ...ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
တုံးရုံးလဲပြိုကာနေ...

ညီအစ်ကိုတို့...ပေတရာပေါ်မှာ စီးခဲ့သွေးတွေ မခြောက်သေးဘူး
တွေမဝေနဲ့...ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်...သူရဲကောင်းတို့လို ခိုင်မာပီပြင်တော်လှန်ပစ်မလေ

ညီအစ်ကိုတို့...ပေတရာပေါ်မှာ စီးခဲ့သွေးတွေ မခြောက်သေးဘူး
တွေမဝေနဲ့...ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်...သူရဲကောင်းတို့လို ခိုင်မာပီပြင်တော်လှန်ပစ်မလေ
မျိုးချစ်တဲ့ တို့ဇာနည်တွေ...ကမ္ဘာမကြေဘူး

သီချင်းကို http://www.khitpyaing.org/KP_music/democracy_songs/01-kabar-ma-kyay-bu.mp3
နဲ့
http://www.fileden.com/files/2007/10/15/1512187/Kabar_Ma_Kyay_Bu.mp3
မှာ ဒေါင်းလုတ် လုပ်နိုင်ပါတယ်။


s0wha1


Print this post

2 comments:

nyeenyee2007 said...

i listen , sign together , want to cry, i think this song is the best of the others , can means to everything of our students n ppl (1988), n now for our monks n ppl

s0wha1 said...

ဟုတ်တယ်...

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*