Monday, October 15, 2007

ပြည်သူ့တာဝန်



၁။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များကို အားပေးသော အလုပ်မှန်သမျှကို ရှောင်ရှားမည်။

၂။ ငါတို့သည် နအဖအတွက် အလုပ်ကို ဆိုးဆိုးရွားရွား လုပ်ပေးမည်။ ဖြည်းလေးစွာ လုပ်ပေးမည်။

၃။ ငါတို့သည် နအဖ၏ အရေးပါသော စက်ကိရိယာများ၊ စက်ယန္တရားများကို ဖျက်ဆီးပစ်ရမည်။

၎။ ငါတို့သည် နအဖအတွက် အကျိုးရှိနိုင်မည့် အရာမှန်သမျှကို ဖျက်ဆီးပစ်ရမည်။

၅။ ငါတို့သည် နအဖ ထုတ်ဝေသော ရုပ်မြင်သံကြားသတင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ စာစောင်များကို သပိတ်မှောက်ရမည်။

၆။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များပိုင် ဆိုင်များတွင် ဈေးမ၀ယ်တော့ပါ။ နအဖနှင့် အဆက်အနွယ်များ ပိုင် ကုန်ပစ္စည်းအမျိုးမျိုးကို မစားသုံးတော့ပါ။

၇။ ငါတို့သည် နအဖ တို့၏ ဆက်သွယ်ရေး၊ နအဖ၏ အင်ထရာနက် ကွန်ယက်များ၊ သယ်ယူပို့ဆောင်ရေးများ အားလုံးကို နှောင့်နှေး ပိတ်ဆို့အောင်ပြုလုပ်မည်။

၈။ ငါတို့သည် နအဖနှင့် အဆက်အနွယ်များအား သူတို့နှင့် ထိုက်တန်သည့်အတိုင်း ဆက်ဆံရမည်။ အရေးတယူ မဆက်ဆံတော့ပါ။ ရှောင်ကျဉ်ရေးမူကို လုပ်ဆောင်မည်။

၉။ ငါတို့သည် ရဟန်းတော်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ပြည်သူများကို နအဖတို့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းမခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ကြမည်။ လွတ်မြောက်အောင် ကြံဆောင်ပေးကြမည်။ ကျန်ရစ်သော ဘုန်းတော်ကြီးကျောင်းများ၊ ကျန်ရစ်သူမိသားစုများ၏ စားဝတ်နေရေး၊ ပညာရေးများကို လူအား၊ ငွေအား စသည့် နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ ကူညီ စောင့်ရှောက်ကြမည်။

Print this post

0 comments:

ကာရန်မဲ့ အတွေးစများ © 2008 Por *Templates para Você*